backup og meta

အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ - တန်ဆေးနဲ့ လွန်ဘေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ -  တန်ဆေးနဲ့ လွန်ဘေး

    အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ – တန်ဆေးနဲ့ လွန်ဘေး …… အရက်သောက်သုံးတာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ခြုံငုံပြောတတ်ကြတယ်။ ဒါပေမယ့် မသောက်ဘူးလားဆိုရင် လူအများစုကတော့ မှီဝဲတတ်ကြတာပါပဲ။ တန်ဆေး လွန်ဘေး ဆိုသလိုပဲ အယ်လ်ကိုဟော ဟာ ခန္ဓာကိုယ်ကို အကျိုးပြုတာတွေရော ဆိုးကျိုးဖြစ်စေတာတွေရော ၂ မျိုးစလုံးပေးစွမ်းနိုင်တာတော့ အမှန်ပါ။ အထူးသဖြင့် နှလုံးကိုပေါ့။

    သုတေသနပြုချက်တစ်ချို့ရဲ့ အဆိုအရဆိုရင် အယ်လ်ကိုဟောကို နည်းမှန်လမ်းမှန်မှီဝဲရင် ဆိုးကျိုးမဖြစ်စေပဲ ကောင်းကျိုးတောင် ဖြစ်စေနိုင်ပါတယ်တဲ့။ တန်ရုံသင့်ရုံ မှီဝဲမယ်ဆိုရင်ပေါ့။ ဒါပေမယ့် လွန်ရင်တော့ ဘေးဖြစ်မယ်ဆိုတာကိုလဲ မမေ့နဲ့နော်။

    နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အယ်လ်ကိုဟော မှီဝဲနည်းဆိုတာ

    အရက်သေစာဆိုတာက များလေ ကျန်းမာရေးကိုထိခိုက်စေဆိုတဲ့ အရာမျိုးပါ။ ဒါပေမယ့် ထုတ်ကုန်အမည်တွေက သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာမို့ အာဟာရဓာတ်တွေနဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အရာတွေပါဝင်နေတာကိုလည်း ငြင်းဆိုလို့မရပြန်ပါဘူး။

    ဒါကြောင့် အယ်လ်ကိုဟော ကို မှန်ကန်စွာ မှီဝဲရင် ကျန်းမာစေတယ်လို့ တချို့ကဆိုကြတာပါ။ နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေဖို့ မှီဝဲမယ်ဆိုရင်တော့ နည်းနာတွေရှိပါတယ်။

    အယ်လ်ကိုဟော ကို နေ့တိုင်းလည်း မှီဝဲလို့မရပါဘူး။ တစ်ပတ်မှာ ၄ ရက်ထက်မပိုဖို့ လိုအပ်ပါတယ်။ တန်ရုံသင့်ရုံဆိုတာ ဘယ်လိုပမာဏမျိုးတုန်း။ ဘီယာ ၁၂ အောင်စ (သံဘူးတစ်ဘူးစာ) ၊ ဝိုင် ၅ အောင်စ (ပုံမှန်ဝိုင်ခွက် တစ်ဝက်) ၊ အရက် ၁.၅ အောင်စ (ဝ.၀၄၅ လီတာ) ထက် မပိုတဲ့ ပမာဏမျိုးကို ကျန်းမာရေးကို မထိခိုက်စေနိုင်တဲ့ ပမာဏလို့ သတ်မှတ်ပါတယ်။

    ဒီလိုမှန်ကန်တဲ့နည်းလမ်းနဲ့ မှီဝဲမယ်ဆိုရင်

    • HDL လို့ခေါ်တဲ့ လူကိုအကျိုးပြုတဲ့ ကိုလက်စထရောအမျိုးအစားကို ပိုထုတ်လွှတ်နိုင်အောင် ကူညီပေးတယ်။
    • သွေးမခဲအောင် ကူညီပေးတာမို့ Heart Attack မဖြစ်အောင်တားဆီးပေးနိုင်မယ်။
    • လူကို အကျိုးမပြုတဲ့ LDL ကိုလက်စထရောတွေကြောင့် နှလုံးထိခိုက်မှာကို ကာကွယ်ပေးနိုင်မယ်။

    ဒီအချက်တွေအပြင် ကိုယ်တိုင်ကလည်း ကျန်းမာရေးကောင်းမွန်ဖို့ရည်ရွယ်ပြီး အာဟာရပြည့်ဝစွာ မှီဝဲစားသောက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာတွေကိုပါ တွဲဖက်ပြုလုပ်ပေးမယ်ဆိုရင် သင့်နှလုံးကို ပိုပြီးကျန်းမာစေမှာသေချာပါတယ်။

    လွန်တဲ့အခါ ဘေးဖြစ်မယ်ဆိုတာကို သတိထား

    နည်းမှန်လမ်းမှန် မှီဝဲထားတဲ့ အယ်ကိုဟော ကလည်း သင့်နှလုံးကို ထိခိုက်စေမှာမဟုတ်သလို တစ်ဖက်တစ်လမ်းကတောင် ကူညီနိုင်ဦးမှာပါ။

    ဒါပေမယ့်လည်း ကိုယ်တိုင်က ကျန်းမာရေးကိုလည်း ဂရုမစိုက်၊ အရက်သေစာကိုလည်း နည်းမှန်လမ်းမှန် မမှီဝဲဘူးဆိုရင် သင့်နှလုံးကို ထိခိုက်ပျက်စီးစေမှာဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုလို့ ဆိုရပါမယ်။

    အရက်ကို သင့်လျော်ရုံပမာဏထက်ပိုပြီး များပြားစွာမှီဝဲမိမယ်ဆိုရင် နှလုံးကြွက်သားတွေကို ထိခိုက်စေမှာဖြစ်သလို သွေးဖိအားကိုလည်း ပိုပြီးမြင့်တက်စောမို့ အချိန်ကြာမြင့်လာတာနဲ့အမျှ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။

    ဥပမာပြောရရင် ၂ နာရီအတွင်း အရက် ၄ ခွက်နဲ့အထက် မှီဝဲမိမယ်ဆိုရင် နှလုံးစည်းချက်မမှန်ရောဂါ (Arrhythmias) ဖြစ်နိုင်ခြေ အရမ်းမြင့်မားသွားမှာပါ။ တစ်ပတ်လုံးတော့ မသောက်ဘူး။ သောက်ဖြစ်တဲ့နေ့ကျမှ စုသောက်ပစ်မယ်ဆိုတဲ့ နည်းလမ်းမျိုးကလည်း နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ ဆိုချင်တာပါ။

    အရက်ကို လိုအပ်တာထက် ပိုမှီဝဲရင် နှလုံးကို ထိခိုက်စေနိုင်တဲ့ အချက် ၄ ချက် ရှိပါတယ်။ ဒါတွေကတော့

    • အရက်သေစာ စုဝေးသောက်စားခြင်းဟာ တစ်ယောက်နဲ့တစ်ယောက် နှလုံးရောဂါဖြစ်နိုင်ခြေကို ပိုမြင့်တက်စေတယ်၊
    • အယ်လ်ကိုဟော မြင့်တဲ့အရက်တွေထက် ဝိုင်က ကျန်းမာရေးနဲ့ပိုညီညွတ်တယ်၊ ဒါပေမယ့် အရက်ကိုရှောင်ကျဉ်တာက အကောင်းဆုံးနည်းလမ်းပါ၊
    • အရက်ရဲ့ထိခိုက်နိုင်ခြေက အသက်အရွယ်အလိုက် ကွာခြားတယ်၊ အသက်ကြီးလေ ပိုခံရလေပါတဲ့၊
    • နေ့စဉ်ရက်ဆက်မသောက်ပေမယ့် တစ်ခါတစ်လေသောက်ချိန်မှာ အလွန်အကျွံမှီဝဲသောက်စားတာကလည်း နှလုံးခုန်နှုန်း မူမမှန်တဲ့ ပြဿနာဖြစ်အောင် လုပ်နိုင်ပါတယ်တဲ့။

    ဒါကြောင့် အရက်သေစာမှီဝဲခြင်းကို တတ်နိုင်သမျှ ရှောင်ရှားတာက အကောင်းဆုံးနည်းလမ်းဖြစ်ပြီးတော့ ကြိုက်လို့ နှစ်သက်လို့ မှီဝဲမယ်ဆိုရင်လည်း နည်းမှန်လမ်းမှန်နဲ့ စနစ်တကျမှီဝဲဖို့ တိုက်တွန်းပါရစေ။ အကောင်းဆုံးကတော့ ရှောင်ကျဉ်တာပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement