backup og meta

အသည်းရောဂါရှိနေရင် ဒီအစားအစာတွေကိုရှောင်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောဂါရှိနေရင် ဒီအစားအစာတွေကိုရှောင်ပါ

    ရောဂါဆိုတာက မဖြစ်ခင်ကကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။ဖြစ်လာပြီဆိုရင်ဆေးသောက်ရမယ်၊ အနေအထိုင်ဂရုစိုက်ရတယ်။ စိတ်ရှိတိုင်းလုပ်လို့မရတဲ့ အချက်တွေကတော်တော်လေးတော့များသွားပြီပေါ့။ အရာရာကို သတိထားရပြီလေ။ ခံစားရတဲ့ရောဂါက နာတာရှည်ဆိုနေ့စဉ်နဲ့အမျှ သတိထားနေထိုင်ရတဲ့ ပုံစံကို မဖြစ်မနေမွေးမြူရပြီလေ။ ဒီတစ်ခေါက်တော့ အခုနောက်ပိုင်းမြန်မာနိုင်ငံမှာရော ကမ္ဘာတဝှမ်းမှာပါ ခံစားရများလာတဲ့ အသည်းရောဂါအကြောင်းလေးပြောပြပေးချင်ပါတယ်။

    အသည်းက ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာနေစေဖို့ အလုပ်အများဆုံးကို တာဝန်ယူပေးထားတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဒီလိုအရေးကြီးတဲ့ အစိတ်အပိုင်းကို ဂရုစိုက်ဖို့လိုမယ်ဆိုတာပြောနေစရာတောင်မလိုပါဘူး။ အသည်းမကောင်းတဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်လာနိုင်တဲ့အရာတွေအများကြီးပါ။ ဒါကြောင့် အသည်းကျန်းမာရေးကိုသေသေချာချာဂရုစိုက်ဖို့လိုပါမယ်။

    အသည်းမကျန်းမာရင် ဘာတွေဖြစ်လာနိုင်လဲ

    အသည်းမကျန်းမာတဲ့အခါ –

  • သွေးတိတ်အောင် လုပ်ဆောင်နိုင်စွမ်းကျသွားမယ်
  • အစာခြေနိုင်စွမ်းနည်းသွားမယ်
  • အာဟာရမပြည့်ဝသလိုဖြစ်လာမယ်
  • အရေပြားနဲ့ မျက်လုံးအဖြူသားတွေဝါလာမယ်
  • ဗိုက်အထက်နားကအောင့်မယ်
  • ဝမ်းဗိုက်ရောင်ရမ်းမယ်
  • ပင်ပန်းနွမ်းနယ်မယ်
  • အော့အန်မယ်
  • အိပ်ရေးပျက်မယ်
  • အသည်းရဲ့ လုပ်ငန်းဆောင်တာတွေက

    အသည်းက ဒီတာဝန်တွေကို ယူထားရတာပါ။

    • သွေးတွေကို စစ်ထုတ်သန့်စင်ပေးတယ်
    • သည်းခြေရည်ထုတ်ပေးတယ်
    • အဆီတွေကို ချေဖျက်ပေးတယ်
    • လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူသိုလှောင်ပေးတယ်
    • သွေးတိတ်အောင်လုပ်ဆောင်ပေးတယ်

    အသည်းရောဂါခံစားနေရသူတွေက ဘာတွေမစားသင့်ဘူးလဲ

    အသည်းရောဂါခံစားနေရတဲ့သူတွေအနေနဲ့ ဒီအစားအစာတွေကို မစားသင့်ပါဘူး။

    အချိုများတဲ့ အစားအစာတွေ – သကြားလုံးတွေ၊ ကွတ်ကီး နဲ့ အချိုကဲတဲ့အစားအစာတွေ၊ အချိုရည်တွေ။ သစ်သီးဖျော်ရည်ဗူးလိုမျိုး အချိုကဲတဲ့သောက်စရာတွေ ကို အသည်းရောဂါရှိနေရင် မစားသုံးသင့်ပါဘူး။ အသည်းမှာအဆီတွေပိုဖြစ်စေနိုင်တာကြောင့်ရှောင်ပေးပါ။

    ဆီကြော်စာတွေ – အဆီနဲ့ ကယ်လိုရီပါဝင်မှုများတာကြောင့် အသည်းအတွက်မကောင်းပါဘူး။ ဒါကြောင့် အဆီပါဝင်မှုများတဲ့ အစားအစာတွေကိုလျှော့စားပါ။ ဆီစားသုံးမှုကိုတတ်နိုင်သမျှလျှော့ပါ။

    အငန်ကဲတဲ့ အစားအစာတွေအငန်ဓာတ်ကလည်း အသည်းကို ထိခိုက်စေနိုင်တဲ့အရာတစ်ခုဖြစ်တာကြောင့် အလွန်အကျွံမစားသင့်ပါဘူး။ ငန်မှခံတွင်းတွေ့တတ်တဲ့ အကျင့်ကိုပြင်ဆင်ပေးပါ။ အငန်ဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။

    အနီရောင် အသားတွေ – အနီရောင်အသားမှာ ပြည့်ဝဆီပါဝင်မှုများတာကြောင့် အသည်းရောဂါရှိနေတယ်ဆိုရင်တော့ အနီရောင်အသားမစားပါနဲ့။

    ကဖင်းပါတဲ့ သောက်စရာတွေကဖင်းဓာတ် ပါဝင်မှုများတဲ့ သောက်စရာတွေက အသည်းရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

    အယ်လ်ကိုဟော – အယ်လ်ကိုဟောပါဝင်နေတဲ့ သောက်စရာတွေက အသည်းကို ထိခိုက်စေနိုင်တဲ့အရာတွေဆိုတာပြောနေစရာတောင်မလိုပါဘူး။ ဒါကြောင့် အသည်းရောဂါခံစားနေရပြီဆိုရင်တော့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို မဖြစ်မနေရှောင်ကြဉ်ပေးပါ။

    ပေါင်မုန့်၊ ထမင်းပေါင်မုန့်ကြမ်းက အဆင်ပြေပေမယ့် ဂျုံအနုနဲ့လုပ်ထားတဲ့ပေါင်မုန့်ကတော့ အသည်းရောဂါခံစားနေရသူတွေနဲ့ မသင့်တော်ပါဘူး။ ထမင်းကလည်း အများကြီးမစားတာကအကောင်းဆုံးပါ။

    အသင့်စားအစားအစာတွေအသင့်စားအစားအစာတွေက ဖြစ်နိုင်ရင် မစားတာအကောင်းဆုံးပါ။ အသည်းရောဂါရှိသူတွေအနေနဲ့ ဆိုရင်တော့ မဖြစ်မနေကိုရှောင်သင့်တဲ့ စားစရာတွေပေါ့။ အချိုအငန်ကဲတဲ့အပြင် ကယ်လိုရီနဲ့ အဆီပါဝင်မှုလည်းများပါတယ်။

    အသည်းရောဂါခံစားနေရပေမယ့် ရောဂါအခြေအနေ ပိုဆိုးမလာစေဖို့နဲ့၊ သက်တမ်းစေ့စေ့နေထိုင်နိုင်စေဖို့အတွက် အခုပြောပြခဲ့တဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement