အယ်လ်ကိုဟောအဓိက ပါဝင်တဲ့ အရက် ဘီယာ စတာတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကင်းနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ လူမှုပေါင်းသင်းဆက်တံရေးအရပဲဖြစ်စေ၊ စိတ်ပျော်ရွှင်ဖို့ ဖြစ်စေ၊ စိတ်ညစ်စရာများကို အကြောင်းပြရင်းဖြစ်စေ သောက်စားကြပါတယ်။ ဘယ်နေရာမှာမဆို တန်ဆေးလွန်ဘေးဆိုတာ ရှိတာကြောင့် အရက်ဘီယာမှ ရရှိလာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို သိထားသင့်ပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ယမကာမှာပါဝင်တဲ့ အယ်လ်ကိုဟောရဲ့ အကျိုးသက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။