backup og meta

မက်ခေါက်သီး လေး စားကြမယ်။

မက်ခေါက်သီး ကို စားဖူးကြပေမယ့် နာမည်နဲ့ အသီးကို တွဲမိတာမျိုးတော့ နည်းမယ်ထင်ပါတယ်။ မက်မန်းသီးလိုပဲ ဆား၊ ငရုတ်သီးမှုန့်တို့နဲ့ ရှုးရှုးရှဲရှဲ နယ်စားလို့ ရသလို အသီးကို ပဲပုတ်ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့နဲ့ ထောင်းပြီး မက်ခေါက်သီးထောင်း (ပင်စိမ်းသီးထောင်း) ဆိုပြီး ထမင်းနဲ့ တွဲဖက်စားသုံးတာမျိုးလည်း ရှိပါတယ်။

မက်ခေါက်သီး လေး စားကြမယ်။

မက်ခေါက်သီးကို ပင်စိမ်းသီးလို့လည်း ခေါ်ကြပါတယ်။ မက်ခေါက်သီးက ပန်းသီး အနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီး အရွက်၊ အသီး၊ အပွင့်တွေက ပန်းသီးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီတစ်ခေါက်တော့ ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့ မက်ခေါက်သီးလေးက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကိုအတူတူ ကြည့်လိုက်ရအောင်လား။

မက်ခေါက်သီး မှာ ဘာတွေ ပါသလဲ။

မက်ခေါက်သီးမှာ

မက်ခေါက်သီးကပေးတဲ့ ကျန်းမာရေး

မက်ခေါက်သီး ကြွပ်ကြွပ်လေးက

ကိုယ်ခံအား ကောင်းစေတယ်

မက်ခေါက်သီးမှာ ကိုယ်ခံအားကို အားဖြည့်ပေးတဲ့  ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် C ပါဝင်နေတာကြောင့် မက်ခေါက်သီးကို စားသုံးပေးတာက အအေးမိတာ၊ အဖျား ဝင်တာလိုမျိုး အသေးစား ကျန်းမာရေး ပြဿနာလေးတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ ဗီတာမင် C က နှလုံးသွေးကြောတွေ ကျန်းမာစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်။

သွေးတိုး ဖြစ်နိုင်ခြေ နည်းစေတယ်

မက်ခေါက်သီးက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် D ပါဝင်နေတဲ့ အစားအစာ တစ်မျိုးပါ။ ဗီတာမင် D က ခန္ဓာကိုယ်ကို သွေးတိုး၊ ဆီးချို နဲ့ အမျိုးမျိုးသော ကင်ဆာရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။

အရိုးတွေ သန်မာစေတယ်

ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် အရိုးနဲ့ သွားတွေကို သန်မာစေသလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အသက် ၄၀ နဲ့အထက် အမျိုးသမီးတွေအတွက် အရိုးတွေ သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

မက်ခေါက်သီး ပုံမှန်စားသုံးတာက အရိုးတွေ သန်မာကြီးထွားစေပြီး အရိုးပါးတာအရိုးပွတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးမှာပါ။

အစာခြေစနစ် ကျန်းမာစေတယ်

မက်ခေါက်သီးက အမျှင်ဓာတ် ကြွယ်ဝတာ​ကြောင့် ဝမ်းချုပ်တာဝမ်းပျက်ဝမ်းလျှောတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေသသလို အူတွေကို အာဟာရ စုပ်ယူမှုကောင်းစေဖို့လည်း အားဖြည့်ပေးပါသေးတယ်။ အစာခြေစနစ် ပြဿနာတွေကို ကာကွယ်ဖို့အတွက်လည်း မက်ခေါက်သီးကို စားပေးလို့ ရပါတယ်။

အမြင်အာရုံ ကျန်းမာစေတယ်

မက်ခေါက်သီးက အမြင်အာရုံ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် A ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ဗီတာမင် A က ခန္ဓာကိုယ်ကို ကင်ဆာလိုမျိုး ကြောက်စရာ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အမြင်အာရုံ ကျန်းမာစေပြီး မျက်စိကျန်းမာရေး ပြဿနာတွေ ကင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

သတိထားရမယ့် အချက်များ

မက်ခေါက်သီးက ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံစားတာမျိုးကို ရှောင်သင့်ပါတယ်။ အထူးသဖြင့် ဆေးတစ်မျိုးမျိုးကို စွဲသောက်နေရသူတွေနဲ့ ရောဂါအခံရှိသူတွေမှာပါ။ ဒါ့ပြင် မက်ခေါက်သီးရဲ့ အူတိုင်နဲ့ အစေ့မှာ ဆိုင်ယာနိုက်ပါဝင်တာကြောင့် ဒီအစိတ်အပိုင်းတွေကို ရှောင်ဖို့ လိုပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Health benefits of Crab Apple https://www.healthbenefitstimes.com/crab-apple/ Accessed 3 August 2020

Are Crab Apples Edible? https://www.healthline.com/nutrition/can-you-eat-crab-apples#1 Accessed 3 August 2020

ယခုပုံစံ

04/05/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီစာ သရက်သီးက ဒီလိုလေး အကျိုးကျေးဇူးတွေ ပေးပါတယ်

ဗောက်သီး ( Cape Gooseberry)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/05/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ