backup og meta

အသက်ရွယ်ကြီးလာသူတွေ လျစ်လျူရှုမထားသင့်တဲ့ လက္ခဏာများ။

အသက်ရွယ်ကြီးလာသူတွေ လျစ်လျူရှုမထားသင့်တဲ့ လက္ခဏာများ။

လူတို့သည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကျန်းမာရေးပြဿနာများကြုံလာရပါသည်။ ၎င်းပြဿနာများကို ဆွေမျိုးများနှင့် အိမ်သားများကအသက်ကြီးသောကြောင့် သဘာဝအလျောက်ဖြစ်တတ်ခြင်းဟုထင်မှတ်ကာလျစ်လျူရှုမိတတ်ကြပါသည်။ သို့သော် ၎င်းတို့သည် ဂရုမပြုဘဲထားလျှင် ပိုဆိုးလာနိုင်ကြောင်းသိသင့်သည်။

အောက်ဖော်ပြပါ လက္ခဏာများသည် ဂရုပြုသင့်သောလက္ခဏာများဖြစ်ပေသည်။

(၁) မကြာခဏမောပန်းလွယ်ခြင်းနှင့် နှုံးခြင်း

အသက်ကြီးသူများသည် လူငယ်များလောက်မလှုပ်ရှားနိုင်သော်လည်းပုံမှန်ထက် လွန်ကဲစွာမောပန်းနွမ်းလျနေခြင်းဖြစ်နေလျှင် ဗီတာမင်နှင့် သတ္တုဓါတ်နည်းခြင်း ၊ သွေးအားနည်းခြင်းနှင့် နှလုံးရောဂါများဖြစ်နေနိုင်ကြောင်းဂရုပြုရပေမည်။ အထူးသဖြင့် အမောမခံနိုင်ခြင်းများဖြစ်နေလျှင် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများဖြစ်နိုင်ခြေများပေသည်။

(၂) မှတ်ဉာဏ်ချွတ်ယွင်းခြင်း

အသက်ကြီးလာသည်နှင့်အမျှ မှတ်ဉာဏ်စွမ်းရည်များလည်းကျဆင်းလာသည်ဖြစ်ရာအရာဝတ္ထုပစ္စည်းများကိုသိသော်လည်းပြောမထွက်ခြင်း၊ မိမိပြုလုပ်ခဲ့သည်များကိုမေ့လျော့ခြင်း ၊ မိမိနှင့် သိကျွမ်းသူများ၏နံမည်များကိုမမှတ်မိတော့ခြင်းမှတ်ဉာဏ်ချွတ်ယွင်းမှုကြောင့်ဖြစ်သောအယ်လ်ဇိုင်းမားရောဂါ ၏ကနဦးလက္ခဏာများကိုခံစားလာကြရပါသည်။

(၃) စိတ်ခံစားမှုများပြောင်းလဲလာခြင်း

အမြဲတမ်း ဝမ်းနည်းနေခြင်း၊ စိုးရိမ်လွန်နေခြင်း၊ ခံတွင်းပျက်ခြင်း၊ နေ့စဉ်လုပ်ငန်းများတွင် စိတ်အားတက်ကြွမှုမရှိခြင်း၊ အိပ်မပျော်ခြင်းစသည်တို့ ခံစားရသောသူများသည် စိတ်ကျရောဂါဖြစ်နိုင်ချေများကြောင်းတွေ့ရသည်။ ထိုအရာများသည် အထီးကျန်ခြင်းကြောင့်ြုဖစ်လာရခြင်းဖြစ်သည်။

(၄) ဝမ်းမမှန်ခြင်း

ဝမ်းချုပ်ခြင်းသည် သက်ကြီးရွယ်အိုများတွင်ဖြစ်လေ့ရှိသောပြဿနာဖြစ်သည်။ ထိုသို့ အချိန်ကာလကြာရှည်စွာ ဝမ်းမကြာခဏချုပ်နေပါကလိပ်ခေါင်းရောဂါဖြစ်ခြင်းနှင့် အစာအိမ်နှင့် အူလမ်းကြောင်းတွင် အလုံးအကြိတ်များဖြစ်ခြင်းတို့ဖြစ်လာနိုင်ပါသည်။ ထို့အပြင်ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဝမ်းမထိန်းနိုင်ခြင်းစသည်တို့ကိုဖြစ်စေသော ဝမ်းမမှန်သောရောဂါစုတမျိုးကို လည်းခံစားရနိုင်ပါသည်။

(၅) ဆီးမမှန်ခြင်း

သက်ကြီးရွယ်အိုများသည် ဆီးမကြာခဏသွားခြင်း၊ ဆီးမထိန်းနိုင်ခြင်းစသည့်ပြသနာများလည်းခံစားရနိုင်ပါသည်။

(၆) လှုပ်ရှားမှုစနစ်များမကောင်းမွန်တော့ခြင်း

သက်ကြီးရွယ်အိုများတွင် ပုံမှန်အတိုင်းမလှုပ်ရှားနိုင်တော့လျှင် ပါကင်ဆန်ရောဂါဖြစ်နိုင်ချေများသည်။ ပုံမှန်ထက် လှုပ်ရှားမှုများနှေးသွားခြင်း၊ ဟန်ချက်မထိန်းနိုင်တော့ခြင်း၊ လက်များကတုန်ကယင်ဖြစ်ခြင်း၊ အရာဝတ္တုများမကိုင်နိုင်ခြင်းနှင့် စကားလျှောလျှူစွာမပြောနိုင်ခြင်းတို့သည် ပါကင်ဆန်ရောဂါလက္ခဏာများဖြစ်သည်။

(၇) သွေးခြေဥခြင်း၊ အသားအရေအရောင်မညီညာခြင်းနှင့် ဆံပင်ကျွှတ်ခြင်း

အသက်ကြီးလာသည်နှင့် အမျှ အသားအရေစိုပြေမှုမရှိတော့ဘဲဆံပင်များလည်းကျွတ်လွယ်လာသည်။ သို့သော် သွေးခြေဥခြင်း၊ အသားအရေအရောင်မညီညာခြင်းနှင့် ဆံပင်ကျွှတ်ခြင်း

စသည်တို့သည် သွေးအားနည်းခြင်း၊ သွေးကျဲခြင်းစသည့် သွေးနှင့်ဆိုင်သောရောဂါရှိသူများတွင် ဖြစ်တတ်သည်။

(၈) မျက်လုံးမှုန်ခြင်း

အသက်ကြီးလာသည်နှင့်အမျှ အနီးမှုန်လာကြသည်။ ထို့အပြင် အမြင်များလည်းမကြည်လင်ဘဲ မှုန်ဝါးလာကြသည်။ ထိုသို့ဖြစ်ခြင်းသည် မျက်စိအမြင်အာရုံခံလွှာပျက်စီးခြင်းနှင့် အတွင်းတိမ်စွဲခြင်းတို့ကြောင့် အများဆုံးဖြစ်ကြောင်းတွေ့ရသည်။

အချုပ်ဆိုရသော် အသက်အရွယ်ကြီးရင့်သူများသည် ၎င်းတို့၏ ပုံမှန်အိုမင်းမှုဖြစ်စဉ်များနှင့် ကျန်းမာရေးပြသနာများကိုခွဲမရဘဲရှိရာမှ အထက်ပါရောဂါ လက္ခဏာများကိုလျစ်လျူရှုထားတတ်ကြပြီးဆိုးကျိုးများခံစားရစေပါသည်။ ထို့ကြောင့် အိမ်သားများနှင့် ဆွေမျိုးများကထိုရောဂါလက္ခဏာများကိုဂရုထားပြီးလိုအပ်လျှင် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Alzheimer diseases. https://nihseniorhealth.gov/alzheimersdisease/whatisalzheimersdisease/01.html. Accessed 14th, December, 2016.

Parkinson’s Disease. http://www.niehs.nih.gov/health/topics/conditions/parkinson/. Accessed 14th, December, 2016.

Healthy aging, http://www.mayoclinic.org/healthy-lifestyle/healthy-aging/in-depth/aging/art-20046070?p=1. Accessed 14th, December, 2016.

Unique to Older Adults. http://www.healthinaging.org/aging-and-health-a-to-z/topic:nutrition/info:unique-to-older-adults/. Accessed 14th, December, 2016

ယခုပုံစံ

12/05/2020

Hello Sayarwon မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်စိမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုကူညီကြမလဲ

သက်ကြီးရွယ်အိုတွေမှာ အရိုးပွဝေဒနာခံစားရခြင်းကိုဘယ်လိုကာကွယ်မလဲ



Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement