လက်ချင်းယှက်လွှဲမယ် -ခြေထောက်နှစ်ချောင်းကို ပခုံးအကွာအဝေးအတိုင်း ခွာထားပါ။ လက်နှစ်ဖက်ကိုဘေးမှာကပ်ထားပါ။ ပြီးရင် အရှေ့ဘက်ကို ဆန့်တန်းလို့ လက်နှစ်ဘက်ကို ယှက်ရက်ပုံစံလွှဲပေးပါ။ ပြီးရင်ဘေးကိုပြန်လွှဲပါ။ ပခုံးအမြင့်နဲ့ တပြေးတည်းအနေအထားမှာလွှဲပေးပါ။ ဘယ်ဘက်လက်ကို အပေါ်မှာထားရက်တစ်ကြိမ်၊ ညာဘက်လက်ကို အပေါ်မှာထားရက်တစ်ကြိမ်လွှဲပါ။ တစ်ခါလုပ်ရင် ၁၀ ကြိမ်နှုန်းနဲ့ တစ်နေ့ကို ၃ ကြိမ်လုပ်ပေးပါ။
လက်မောင်းလှည့်မယ် –ခြေထောက်နှစ်ဖက်ကို ပခုံးအကွာအဝေးအတိုင်းကားထားပါ။ ခန္ဓာကိုယ်ကို မတ်မတ်လေးထားပြီး လက်နှစ်ဖက်ကိုဘေးဘက်ကိုဆန့်တန်းလိုက်ပါ။ပြီးရင် လက်တွေကို ဆန့်ရက်အတိုင်း စက်ဝိုင်းပုံစံလှည့်ပါ။ ရှေ့ဘက်ကို အကြိမ် ၅၀ ၊နောက်ဘက်ကို အကြိမ် ၅၀ စီလှည့်ပါ။ ဒီလိုလုပ်ပေးတာက ကြွက်သားတွေမှာရှိနေတဲ့ အဆီပိုတွေကို ကျစေပြီး လက်မောင်းတွေကို ကျစ်လျစ်လှပစေမှာပါ။
ဒီလိုအချက်လေးတွေကိုလည်းမေ့ထားလို့မဖြစ်ပါဘူး
ဒီအချက်လေးတွေလုပ်ဆောင်ပေးခြင်းဖြင့်လည်း လက်မောင်း ကအဆီပိုတွေကို ဖယ်ရှားနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။