backup og meta

မျှဝေပါ။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို ဘယ်လိုပြုစုပေးမလဲ

လူတော်တော်များများ ခွေးကိုက်ခံရဖူးမယ် ထင်ပါတယ်။ ခွေးမွေးထားတဲ့ အိမ်ကို အလည်သွားရင်းနဲ့ အကိုက်ခံရတာလည်း ရှိသလို၊ ရပ်ကွက်ထဲ၊ လမ်းထဲက ခွေးတွေလည်း ကိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ခွေးကိုက်ခံရတဲ့အခါသေချာဂရုမစိုက်မိရင် အနာထဲ ပိုးဝင်နိုင်ခြေပိုးများသလိုခွေးရူးပြန်ရောဂါ ကူးစက်တဲ့အထိဖြစ်နိုင်ပါတယ်။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို ဘယ်လိုပြုစုပေးမလဲ။

  • ဒဏ်ရာဖြစ်တဲ့နေရာကို ရေအေးနဲ့ အရင်လောင်းချပါ။ ဆပ်ပြာနဲ့ အနာတစ်ဝိုက်ကို ဂရုစိုက်ပြီး သန့်ရှင်းပေးပြီးမှ ရေနဲ့ သေချာထပ်မံဆေးကြောပါ။
  • ဒဏ်ရာပေါ်ကို သန့်ရှင်းတဲ့အဝတ်စနဲ့ ညင်ညင်သာသာလေး ဖိထားပြီး သွေးတိတ်အောင်လုပ်ပါ။
  • Antibiotic လိမ်းဆေး၊ ခရင်မ်တစ်မျိုးမျိုး အနာပေါ်ကို ပွတ်လိမ်းထားပါ။
  • ပိုးသတ်ထားတဲ့ ပလာစတာကို အနာပေါ် ကပ်ထားပါ။
  • ကိုယ်နဲ့မသိတဲ့ခွေးတွေ၊ လမ်းဘေးခွေးတွေရဲ့ အကိုက်ခံရတာဆိုရင် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံမှာ ဆရာဝန်နဲ့ သေချာပြသပြီး မေးခိုင်ကာကွယ်ဆေးနဲ့ ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးပါ။

ခွေးရူးပြန်ကာကွယ်ဆေးက ဘယ်နှကြိမ်ထိုးပေးရမှာလဲ။

ခွေးကိုက်ခံရတာ၊ အကုတ်ခံရတဲ့အခါ အချိန်မဆွဲပဲ ဆရာဝန်ဆီမှာ ခွေးရူးပြန်ကာကွယ်ဆေး တစ်ကြိမ် အမြန်ဆုံး ထိုးပေးရပါမယ်။ ပထမအကြိမ်ထိုးပြီး နောက် ၃ရက်အကြာမှာ တစ်ကြိမ်၊ ၇ရက်အကြာမှာ တစ်ကြိမ်၊ ၁၄ရက်အကြာမှာ တစ်ကြိမ် စုစုပေါင်း ၄ကြိမ်ထိုးပေးဖို့ လိုပါတယ်။ ဆေးမထိုးခင်မှာ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ အကိုက်ခံရပုံကို ဆရာဝန်ကို သေချာပြောပြပေးပါ။ မေးခိုင်ကာကွယ်ဆေးကတော့ တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်ပါတယ်။

ခွေးရူးပြန်ရောဂါဟာ ကာကွယ်ဖို့ လွယ်ကူသလောက် ဖြစ်လာတဲ့အခါမှာ ကုသစရာဆေးမရှိပဲ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက် ခွေး အပါအဝင် ကြောင်၊ လင်းနို့၊ ကြွက် အစရှိတဲ့ တိရစ္ဆာန်တွေရဲ့ ကိုက်တာခံရပြီဆိုတာနဲ့ ကာကွယ်ဆေးကို ထိုးပေးရမှာပါ။ ဆေးထိုးဖို့ ဆရာဝန်သတ်မှတ်ထားတဲ့ ရက်မှာလည်း မပျက်မကွက် လာထိုးပေးမှ ခွေးရူးပြန်ရောဂါ မဝင်ရောက်အောင် ကာကွယ်နိုင်မှာပါ။ ကိုယ့်ကို ကိုက်လိုက်တဲ့ ခွေးက ကာကွယ်ဆေးထိုး၊ မထိုး သေချာမသိနိုင်တာကြောင့် ဖြစ်လာတာနဲ့ ကာကွယ်ဆေးထိုးတာ ကိုယ့်အတွက် အကောင်းဆုံးပါပဲ။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး သတိပြုစရာတွေ

ခွေးကိုက်တဲ့အနာကို သေချာဂရုစိုက်ပြီး သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ အနာကို လက်နဲ့ မကြာခဏထိမိရင် ဘက်တီးရီးယားပိုးဝင်ပြီး အနာရင်းသွားနိုင်ပါတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေ၊ ဆီးချိုရောဂါရှိတဲ့သူဆိုရင် အနာကျက်နှေးစေနိုင်တဲ့အတွက် ပိုပြီးတောင် သတိထားပေးရပါမယ်။ အကိုက်ခံရတဲ့နေရာက ပြည်ထွက်တာ၊ နီရဲနေတာ၊ အလွန်အမင်းနာကျင်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသဖို့ လိုပါလိမ့်မယ်။

ခွေးအကိုက်မခံရအောင် ဘယ်လိုကာကွယ်သင့်လဲ။

  • ခွေးရှိတဲ့အိမ်ကို မကြာခဏသွားတာမျိုး၊ ခွေးလေခွေးလွင့်တွေ များတဲ့ လမ်းမှာ လျှောက်သွားတာမျိုး ရှောင်ကြဉ်ပေးပါ။
  • ကိုယ့်အိမ်မှာ မွေးတာဖြစ်စေ၊ ကိုယ့်အသိအိမ်မှာ မွေးတာဖြစ်စေ တိရစ္ဆာန်လေးတွေကို ခွေးရူးပြန်ကာကွယ်ဆေး မပျက်မကွက်ထိုးပေးဖို့ သတိပေးပါ။
  • အသက်ငယ်သေးတဲ့ ကလေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သီးသန့်မထားခဲ့ပါနဲ့။
  • အစာစားနေတဲ့ ခွေးတွေ၊ ခွေးပေါက်လေးတွေကို နို့တိုက်နေတဲ့ ခွေးမကြီးတွေနဲ့ ပြေးလွှားဆော့ကစားတာမျိုး မလုပ်ပါနဲ့။
  • ခွေးတွေအနား ဖြတ်သွားတဲ့အခါ၊ ချဉ်းကပ်တဲ့အခါမျိုးမှာ ဖြည်းဖြည်းချင်းပဲ ပြုမူပါ။
  • ခွေးမှာ ရန်လိုတဲ့အရိပ်အယောင်မျိုး တွေ့ရပြီဆိုရင် မပြေးပါနဲ့၊ မအော်ပါနဲ့၊ သူတို့ရဲ့ မျက်လုံးတွေကို တိုက်ရိုက်မကြည့်ပါနဲ့။ ပုံမှန်အတိုင်း စိတ်အေးအေးထားပြီးပဲ သွားပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Treating Dog Bites –https://pets.webmd.com/dogs/dog-bites#1 (Accessed Date – Nov 14, 2018)

What To Do If A Dog Bites –https://health.clevelandclinic.org/if-a-dog-bites-you-do-these-7-things-now/ (Accessed Date – Nov 14, 2018)

How To Treat A Dog Bite –https://www.healthline.com/health/dog-bite-treatment (Accessed Date – Nov 14, 2018)

ယခုပုံစံ

04/10/2022

Ye Myo Myat မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement