တိရစ္ဆာန်တွေရဲ့ခံတွင်းက ဘက်တီးရီးယားတွေ များပြားတာကြောင့်ဖြစ်နိုင်ရင် အနာကို anti-baterial ဆပ်ပြာသုံးပြီးအနာကို သန့်စင်ပေးပါ။ အနာကိုဆားနဲ့ရေနွေးနဲ့သုံးပြီးဆေးကြောပေးလို့လည်းရပါတယ်။
အနာကိုတစ်ခုခုနဲ့ကာကွယ်ထားပါ
အနာကိုသွေးတိတ်အောင်လုပ်ပြီး သန့်စင်ဆေးကြောတာတွေပြီးပြီဆိုရင်တော့ အနာကို antibiotics တစ်ခုခုလူးပေးပါ။ပြီးရင်တော့ အနာကို ပိုးသတ်ထားတဲ့ ပတ်တီးစလေးနဲ့ ဖုံးအုပ်ထားပေးပါ။ ဒီလိုလုပ်ပေးတာက အနာထဲကို ပိုးဝင်ကူးစက်မှုဖြစ်နိုင်ခြေ နည်းပါးစေနိုင်ပါတယ်။
မေးခိုင်ကာကွယ်ဆေးထိုးပါ
အပေါ်မှာပြောခဲ့တဲ့အဆင့်တွေ အကုန်လုံးလုပ်ပြီးပြီဆိုရင်တော့နောက်ထပ်မဖြစ်မနေလုပ်ရမယ့် အချက်တစ်ခုကမေးခိုင်ကာကွယ်ဆေးထိုးဖို့ပါ။ သာမန်အနာမျိုးဆိုရင်တော့ အနာကနက်တယ်၊ပြင်းထန်တယ်၊ ညစ်ပေနေတဲ့အရာတစ်ခုခုနဲ့ ထိခိုက်မိတဲ့အခါမျိုးမှ မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုအပ်တာဆိုပေမယ့် တိရစ္ဆာန်ကိုက်ခံရတာဆိုရင် မဖြစ်မနေမေးခိုင် ဆေးထိုးဖို့လိုပါမယ်။နောက်တစ်ချက်က အိမ်မှာမွေးထားတာမဟုတ်တဲ့ တိရစ္ဆာန်ကိုက်ခံရတာဆိုရင်ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့ပါ။
- ခွေး
- ကြောင်
- လင်းနို့
- ရှဉ့်
- မျောက်
- တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင်အကိုက်ခံရတာဆိုရင်ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့လိုမှာပါ။ တိရစ္ဆာန်တွေရဲ့ သွားတွေကများသောအားဖြင့် ဘက်တီးရီးယားတွေရှိနေနိုင်တာကြောင့်ဖြစ်နိုင်ရင်တော့ တိရစ္ဆာန်တွေအကိုက်ခံရတာတဲ့အခါခွေးရူးပြန်ကာကွယ်ဆေးထိုးတာ အကောင်းဆုံးပါ။
ဒီလိုအခြအနေတွေဆိုရင် ချက်ချင်းဆေးရုံ၊ ဆေးခန်းသွားပါ
အခုလိုအခြေအနေမျိုးဆိုရင်တော့ပေါ့ပေါ့ဆဆမနေဘဲဆေးခန်းကိုချက်ချင်းသွားဖို့လိုပါမယ်။
- တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင် အကိုက်ခံရရင်
- လမ်းဘေးမှာနေတဲ့ခွေးလေးတွေ၊ကြောင်လေးတွေအကိုက်ခံရတာဆိုရင်
- သွေးအရမ်းထွက်နေတာဆိုရင်
- အကိုက်ခံရတဲ့ အနာတဝိုက်က ထုံနေမယ်၊ ထိလို့ထိမှန်းမသိဖြစ်နေမယ်ဆိုရင်
- အကိုက်ခံရတဲ့အနာထဲမှာ ကိုက်တဲ့တိရစ္ဆာန်ရဲ့ သွားလိုမျိုးအရာကျန်နေခဲ့မယ်ဆိုရင်
- အနာက အရမ်းပြင်းထန်ပြီး ထိခိုက်မိတာအရမ်းများသွားမယ်ဆိုရင်
တိရစ္ဆာန်အကိုက်ခံရတာက ကမ္ဘာတလွှားမှာရင်ဆိုင်ကြုံတွေ့လာရတဲ့ အဓိကကျန်းမာရေးပြဿနာ ဖြစ်လာနေပါတယ်။ အထူးသဖြင့်တော့ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ တိရစ္ဆာန်အကိုက်ခံရတယ်ဆိုတဲ့နေရာမှာလည်း ကိုယ်ကသွားစမိတာကြောင့် တိရစ္ဆာန်က စိတ်တိုပြီး ကိုက်တာမျိုးရှိနိုင်သလို ပုံမှန်အတိုင်းနေရင်းက တိရစ္ဆာန်ကလာကိုက်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့်ပဲကိုက်ကိုက် အနာကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ဖို့လိုသလိုမေးခိုင်ကာကွယ်ဆေး၊ခွေးရူးပြန်ကာကွယ်ဆေးနဲ့ လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့လိုအပ်ပါမယ်။
အခုဆိုရင် တိရစ္ဆာန်အကိုက်ခံရတဲ့အခါ ဘယ်လိြုပုစုစောင့်ရှောက်ရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ လူတိုင်း အနာကင်းပြီး အသက်ရှည်ကြပါစေကြောင်း
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။