ခန္ဓာကိုယ်မှာ တစ်ခုခုခံစားရတိုင်း ရောဂါရှိနေလို့ချည်းပဲမဟုတ်ပါဘူး။ တစ်ခါတလေကိုယ်တိုင်တောင်မသိလိုက်ဘဲ စိတ်ဖိစီးမှုများနေတာကြောင့်လည်း ခန္ဓာကိုယ်မှာ နာကျင်မှုတွေကိုခံစားရနိုင်ပါတယ်။ တကယ်လို့ နေမကောင်းချင်သလိုဖြစ်တယ်၊ ကြွက်သားတွေနာလိုက်တာဆိုတိုင်း ဆေးကို အရင်မသောက်ပါနဲ့။ အရင်ဆုံး စဉ်းစားကြည့်ဖို့ ပြောပါရစေ။