home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သွားပွတ်ကြိုး ဘာကြောင့်သုံးသင့်တာလဲ

သွားပွတ်ကြိုး ဘာကြောင့်သုံးသင့်တာလဲ

သွားနဲ့ပတ်သက်တာဆို သွားပွတ်တံ၊ သွားတိုက်ဆေး၊ သွားကြားထိုးတံတွေကို သိကြတယ်။ သွားပွတ်ကြိုးဆိုတာတောင် မသိတဲ့သူတွေရှိပါတယ်။ သိတဲ့လူတွေကျတော့လည်း သွားပွတ်ကြိုးသုံးရင် သွားတွေကျဲမယ်လို့ ထင်ပြီး မသုံးရဲကြပါဘူး။ အမှန်က သွားကြားထိုးတံအစား သွားပွတ်ကြိုးကိုသုံးတာကဘေးအကင်းဆုံးဖြစ်ပြီး သွားကျန်းမာရေးအတွက် မကြာမကြာသုံးပေးသင့်တဲ့အရာလည်းဖြစ်ပါတယ်။

သွားပွတ်ကြိုးဆိုတာ ဘာလဲ

သွားပွတ်ကြိုးဆိုတာ သွားတွေကြား၊ သွားနဲ့သွားဖုံးကြားမှာ ကပ်ငြိနေတဲ့ အစားအစာအကျန်တွေကို ဖယ်ရှားပေးနိုင်တဲ့ ကြိုးမျှင်လေး (dental floss) ဖြစ်ပါတယ်။ သွားပွတ်ကြိုးတွေကို ပိုး၊ နိုင်လွန်၊Teflon တို့နဲ့ပြုလုပ်ထားလေ့ရှိပြီး ဖယောင်းပါးပါးလေးအုပ်ထားလေ့ရှိပါတယ်။ ကြိုးချည်းပဲအနေနဲ့ရော၊ တစ်ခါသုံးသွားပွတ်ကြိုးလေးတွေအနေနဲ့ရော ရနိုင်ပါတယ်။

သွားတိုက်တာနဲ့ မလုံလောက်ဘူးလား

နေ့စဉ်သွားတိုက်သင့်တယ်၊နေ့တိုင်းသွားတိုက်တယ်၊ သွားကြားသန့်ရှင်းဖို့လိုသေးလို့လား။ လိုပါတယ်နော်။ သွားပွတ်တံဘယ်လောက်ကောင်းကောင်း သွားတွေရဲ့အရှေ့နဲ့အနောက်ဘက်ကိုပဲသန့်စင်ပေးလို့ရတာဖြစ်ပြီးဘေးဘက်ဖြစ်တဲ့ကြားတွေကိုတော့ မရောက်နိုင်ပါဘူး။ သွားကြားတွေဆိုတာ စားသမျှ အစားအစာအကြွင်းအကျန်တွေ ညပ်ကျန်ရစ်ခဲ့နိုင်တဲ့နေရာတွေဖြစ်ပြီး သွားကြားထိုးတံနဲ့ ကလော်ထုတ်တဲ့အခါ သွားဖုံးတွေနဲ့သွားတွေကိုထိခိုက်စေနိုင်ပြီး အဲဒါကမှ တကယ်သွားကျဲစေနိုင်တာပါ။ မဖယ်ရှားပြန်ရင်လည်း အဲဒီအကြွင်းအကျန်တွေနဲ့အတူ ဘက်တီးရီးယားတွေပေါက်ဖွားလာပြီး သွားချေးတွေကပ်နေမယ်၊ သွားနဲ့သွားဖုံးမှာရောဂါတွေဖြစ်စေနိုင်တယ်။ မဖယ်ရှား၊ မသန့်စင်ဘဲ ကြာလာတဲ့အခါ ချိုးကပ်လာပြီး ရှင်းရခက်လာပါမယ်။

သွားပွတ်ကြိုးသုံးရင် ဘာအကျိုးကျေးဇူးတွေရှိမှာလဲ

သွားချိုးတွေမဖြစ်အောင် ကာကွယ်ပေးတယ်

သွားပွတ်ကြိုးက သွားချေးတွေ၊ သွားကြားညပ်နေတာတွေကိုအစောပိုင်းတည်းကဖယ်ရှားပေးနိုင်တော့ ချိုးကပ်တဲ့အထိ မဖြစ်စေနိုင်တော့ပါဘူး။ သွားကြားမှာ ရှိနေတဲ့ သွားချေးတွေ၊ အကြွင်းအကျန်တွေက အချိန်ကြာလာရင် ချိုးကပ်သွားနိုင်တာမို့ ပုံမှန်သွားကြားရှင်းလင်းပေးသင့်ပါတယ်။

သွားဖုံးကျန်းမာရေးကို ကာကွယ်ပေးတယ်

သွားနဲ့သွားဖုံးထိစပ်တဲ့နေရာမှာ သန့်ရှင်းပေးရတဲ့ သွားပွတ်ကြိုးရဲ့အခန်းကဏ္ဍက အရေးပါတာသေချာပါတယ်။ ခုနကပြောတဲ့ သွားချိုးတွေဖြစ်လာရင် သွားဖုံးရောင်ခြင်း(gingivitis) လို့ခေါ်တဲ့ သွားဖုံးရောဂါကိုဖြစ်လာစေနိုင်ပါတယ်။ စစချင်းလက္ခဏာကတော့သွားဖုံးတွေနီမြန်းလာမယ်၊ရောင်ရမ်းလာမယ်၊ မကုသရင် သွားဖုံးအောက်ဘက်ထိပြန့်လာမယ်။နောက်ဆုံးမှာ ဆိုးရွားတဲ့ခံတွင်းရောဂါတစ်ခုဖြစ်တဲ့ရေစီးကမ်းပြိုခြင်း ကိုဖြစ်စေပါလိမ့်မယ်။

တခြားရောဂါတွေကို ကာကွယ်ပေးတယ်

သွားနဲ့သွားဖုံးမကျန်းမာရင် သွားအရောင်တွေပြောင်းမယ်၊နေရအဆင်မပြေဘူး၊ ခံတွင်းနံ့ဆိုးမယ် စတဲ့သက်ရောက်မှုတွေရှိလာပါတယ်။ ဘက်တီးရီးယားတွေ များလာတဲ့ ဒီလိုခံတွင်းကနေ တစ်ကိုယ်လုံးကို ထိခိုက်စေတော့မှာပါ။ နှလုံးရောဂါ၊ ဆီးချိုနဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်လာစေနိုင်ပါတယ်။

သွားတိုက်သလိုပဲ ပုံမှန်သုံးပေးရင် သွားအသက်ရှည်မယ်

သွားပွတ်တံတွေဟာပျော့ပျောင်းတဲ့အမွေးလေးတွေနဲ့ သွားသန့်ရှင်းရေးတာဝန်ကိုကျေပွန်ကြတယ်၊ သွားတိုက်ဆေးတွေကလည်းဘက်တီးရီးယားလျော့ပါးစေဖို့ ကူညီပေးတယ်။ ဒါပေမယ့် သွားကြားထဲကိုတော့ မစွမ်းနိုင်ပါဘူး။ ဒီအားနည်းချက်လေးကို သွားပွတ်ကြိုးတွေကဖြည့်ဆည်းပေးလိုက်တာပါပဲ။ သွားပွတ်ကြိုးဟာ သွားတွေကြားနဲ့ သွားဖုံးအောက်ကနေရာလွတ်လေးတွေမှာ သွားချေးတွေ၊အစာကျန်တွေကို ဖယ်ထုတ်ပေးဖို့ စီမံထုတ်လုပ်ထားတဲ့ အသုံးအဆောင်ဖြစ်တာကြောင့် သွားကိုလည်းမှန်မှန်တိုက်၊ သွားပွတ်ကြိုးကိုလည်း အနည်းဆုံး တစ်နေ့တစ်ကြိမ်လောက်အသုံးပြုပေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။