backup og meta

ကပ်ယူအားကောင်းအစွမ်းထက်သော activated charcoal အသုံးပြုပုံ ၁၀ မျိုး

ကပ်ယူအားကောင်းအစွမ်းထက်သော activated charcoal အသုံးပြုပုံ ၁၀ မျိုး

လွန်ကဲသောအပူပေးပြီး ကပ်ယူနိုင်စွမ်း မြှင့်ထားသော အစွမ်းထက် မီးသွေးမှုန့် activated charcoal ဆိုတာကို သင်ကြားဖူးပါသလား။ တကယ်လို့ကြားဖူးတယ်ဆိုရင် activated charcoal ဟာ ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ပါ အရမ်းအကျိုးရှိတယ်ဆိုတာ သိပါသလား။ activated charcoal ရဲ့ အလွန်အသုံးဝင်လှတဲ့ ဂုဏ်သတ္တိဆယ်မျိုးကို အောက်မှာဖော်ပြပေးပါမယ်။

၁။ သွားတွေကို ဖြူဖွေးတောက်ပစေတယ်။

ဆေးလိပ်၊ ကော်ဖီ ဒါမှမဟုတ် တခြားအရောင်ပါတဲ့သောက်စရာတွေကြောင့် သွားတွေဝါကျင့်ကျင့် ဖြစ်နေတယ် ဒါမှမဟုတ် ကွမ်းဂျိုးတွေကပ်ပြီး နီရဲမည်းတူးနေတယ်ဆိုရင် သင့်အတွက် activated charcoal ရှိနေပါတယ်။ သူဟာ ပါးစပ်အတွင်းထဲမှာရှိတဲ့ pH ပမာဏအတိုင်းအတာကို ထိန်းညှိပေးနိုင်သလို သွားပေါက်တွေဖြစ်တာ၊ ပါးစပ်အနံ့နံတာနဲ့သွားဖုံးရောဂါတွေကိုပါ ကာကွယ်ပေးပါသေးတယ်။

၂။ လေထခြင်း ကို သက်သာစေတယ်။

activated charcoal ကို အသုံးပြုမယ်ဆိုရင် သူ့အနေနဲ့အစားအစာတွေမှာပါရှိတဲ့ လေထစေတတ်သော တချို့အရာလေးတွေကိုသွားပေါင်းပြီး ဖျက်ဆီးပစ်လိုက်တဲ့အတွက် လေထတာ၊ မအီမသာဖြစ်တာမျိုးရှိမှာ မဟုတ်တော့ပါဘူး။

၃။ အရက်အဆိပ်သင့်တာကို ကာကွယ်ပေးလိမ့်မယ်။ အရက်အမူးလွန်တာမျိုးတွေကို သက်သာစေမယ်။

activated charcoal ဟာ အရက်အုပ်စုဝင်အရည်တွေကို မစုပ်ယူနိုင်ပါဘူး။ ဒါပေမယ့် သူဟာခန္ဓါကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို အလွန်လျင်မြန်စွာဖယ်ရှားပေးနိုင်တဲ့အတွက် အရက်အဆိပ်သင့်ခြင်းကို ဖယ်ရှားပေးနိုင်ပါတယ်။

၄။ မှိုတွေကို ရှင်းပေးနိုင်မယ်။

ကြားရတာတော့ နည်းနည်း အူကြောင်ကြောင်နိုင်ကောင်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်ခန္ဓါကိုယ်ဟာ တကယ်ပဲမှိုစွဲနိုင်ပါတယ်။ ဒီလိုမှိုစွဲပြီဆိုရင် သင့်အနေနဲ့စိတ်ကျဝေဒနာ၊ အသည်းနဲ့ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးရောဂါ၊ အန်ခြင်း၊ အသက်ရှုလမ်းကြောင်းမှာ ပြင်းထန်စွာ ပြဿနာတက်ခြင်း၊ မျက်စိယားယံနာကျင်နီရဲခြင်း၊ ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းလာခြင်း၊ ကိုယ်ခံအားစနစ်အားနည်းလာခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ဝေဒနာတွေဆီကို ဦးတည်လာပါလိမ့်မယ်။ ဒါကြောင့် activated charcoal ကို အသုံးပြုပြီး သင့်ခန္ဓါကိုယ်ကို ရှင်းလင်းရေးလုပ်ဖို့ဆရာဝန်နဲ့တိုင်ပင်ပါ။

၅။ ရေသန့်စင်ခြင်း/ရေစစ်ခြင်းကို ပြုလုပ်ပေးတယ်။

Activated charcoal ဟာ အဆိပ်အတောက်နဲ့အညစ်အကြေးတွေကို စုပ်ယူနိုင်တာမို့ ရေကိုသန့်စင်ဖို့အသုံးပြုနိုင်ပါတယ်။

၆။ အရေးပေါ်အဆိပ်အတောက်ဖယ်ရှားမှုမှာ သုံးနိုင်တယ်။

Activated charcoal ဟာ အဆိပ်အတောက်တွေကို စုပ်ယူဖယ်ရှားပေးနိုင်တာမို့ ခန္ဓါကိုယ်တွင်းမှာရှိနေပြီးသား အဆိပ်တွေကိုဖယ်ရှားသန့်စင်ပစ်ရာမှာ အသုံးပြုလေ့ရှိပါတယ်။

၇။ အရေပြားနဲ့ ခန္ဓါကိုယ်ကျန်းမာရေး

ဝက်ခြံတွေရန်ကနေ ကာကွယ်ဖို့၊ ခန္ဓါကိုယ်အနံ့အသက်ကောင်းစေဖို့၊ အင်းဆက်ကိုက်တာတွေကနေ သက်သာစေဖို့၊ အဆိပ်ရှိတဲ့အပင်တွေကို ကိုင်မိတာကြောင့် အနီစက်ထွက်တာတွေကနေ သက်သာစေနိုင်ဖို့ ဒါမှမဟုတ် တချို့မြွေအမျိုးအစားကိုက်တာကို ကုသပေးဖို့ (အဆိပ်စုပ်ထုတ်ပေးဖို့) Activated charcoal ကို အသုံးပြုနိုင်ပါတယ်။

၈။ အစာအိမ်နဲ့အူလမ်းကြောင်း သန့်ရှင်းရေး

activated charcoal ကို အစာအိမ်နဲ့ အူလမ်းကြောင်းသန့်ရှင်းရေးအတွက် အသုံးပြုနိုင်ပါတယ်။

၉။ အိုမင်းရင့်ရော်တာကို ကာကွယ်နိုင်စေဖို့အတွက်

activated charcoal ဟာ အသည်းနဲ့ကျောက်ကပ်ဆဲလ်တွေထိခိုက်တာကို ကာကွယ်ပေးနိုင်သလို အက်ဒရီနယ်ဂလင်းကိုလည်း ကျန်းကျန်းမာမာရှိနေစေမှာပါ။ ဒါ့အပြင် ခန္ဓါကိုယ်ကစုပ်ယူထားတဲ့အဆိပ်အတောက်နဲ့ဓါတုပစ္စည်းတွေကို ဖယ်ရှားရှင်းလင်းပစ်နိုင်တာကြောင့် ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့အင်္ဂါအစိတ်အပိုင်းတွေ အကုန်လုံးအတွက် အကျိုးရှိစေပါတယ်။

၁၀။ ကိုလက်စထရောပမာဏကို လျော့နည်းစေတယ်

ကောင်းမွန်တဲ့ကိုလက်စထရောပမာဏကို များစေပြီး မကောင်းတဲ့ကိုလက်စထရောပမာဏကို နည်းစေခြင်းအားဖြင့် ကိုလက်စထရော ပြဿနာရှိတဲ့လူတွေအတွက် အင်မတန်မှ အကျိုးထူးတယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။ လေ့လာချက်တခုရဲ့အလိုအရ activated charcoal ဟာ စုစုပေါင်းကိုလက်စထရောပမာဏကို ၂၅ ရာခိုင်နှုန်းနည်းစေပြီး ၊အကျိုးပြုကိုလက်စထရောဖြစ်တဲ့ HDL ပမာဏကို ၈ ရာခိုင်နှုန်း တိုးတက်စေကာ မကောင်းတဲ့ LDL ကိုလက်စထရောကို လေးပတ်အတွင်း ၄၁ရာခိုင်နှုန်းတိတိ လျော့ကျစေတယ်လို့ သိရှိရပါတယ်။

ကဲအခုလောက်ဆိုရင် activated charcoal ဟာသင်ထင်ထားတာထက် အများကြီးအကျိုးရှိတယ်ဆိုတာ သိသွားလောက်ပါပြီ။ အထက်ပါအကျိုးကျေးဇူးဆယ်ချက်ကို မှတ်ထားမယ်ဆိုရင် လိုရင်လိုသလို အသုံးချနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက activated charcoal ဟာ အဆိပ်အတောက်တွေကို ပျော်ဝင်စုပ်ယူနိုင်ဖို့အတွက် ရေများများလိုတယ်ဆိုတာပါပဲ။ ဒါကြောင့် activated charcoal ကို သောက်မယ်ဆိုရင် ရေအများကြီးသောက်ပေးဖို့လိုမှာပဲ ဖြစ်ပါတယ်။ တကယ်လို့သင့်မှာမေးမြန်းစရာရှိမယ် ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတခုခုရှိနေမယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် အလှအပရေးရာကျွမ်းကျင်သူ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ဆက်သွယ်မေးမြန်းပြီး အကြံဉာဏ်တောင်းခံနိုင်မှာ ဖြစ်ပါကြောင်း။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top 10 Activated Charcoal Uses & Benefits
https://draxe.com/activated-charcoal- uses/ Accessed March 24, 2017

10 Ways You Can Use Activated Charcoal to Improve Your Health
http://www.besthealthmag.ca/best-you/health/10- ways-you- can-use- activated-charcoal- to-improve- your-health/ Accessed
March 24, 2017

How to use Activated Charcoal
https://wellnessmama.com/247/activated-charcoal/ Accessed March 24, 2017

ယခုပုံစံ

12/05/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အုန်းဆီ - အလှအပရေးရာ လျိှု့ဝှက်ချက်

အလှအပရေးရာ အရေပြားဗေဒဆိုင်ရာ သိကောင်းစရာများ



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement