backup og meta

မျှဝေပါ။

ဆီးချိုရှိတဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်လို့ ရလား .......

ပန်းသေပန်းညှိုးဖြစ်တာက ဆီးချိုရှိတဲ့ အမျိုးသား ၃၅ ရာခိုင်နှုန်း ကနေ ၇၅ ရာခိုင်နှုန်းလောက်မှာ ခံစားရလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဆီးချိုရှိတဲ့ အမျိုးသား ၇၅ ရာခိုင်နှုန်းလောက်ဟာ ဆီးချို စရှိပြီး ၁၀ နှစ် ကနေ ၁၅ နှစ်တာ ကာလအတွင်းမှာ ပန်းသေပန်းညှိုးရောဂါကို အခြေအနေ အတိုင်းအတာ တစ်မျိုးစီနဲ့ ရင်ဆိုင်ရပါတယ်။

ဒီပြဿနာက သက်လတ်ပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် အသက် ၇၀ ကျော်လာပြီဆိုရင်တော့ ဒီ ကျန်းမာရေးပြဿနာရဲ့ သက်ရောက်မှုက အတော်လေး ပြင်းထန်လာတာမျိုးရှိနိုင်ပါတယ်။

ဆီးချိုရှိသူတွေမှာ ဘာလို့ ပန်းသေပန်းညှိုး ဖြစ်ရတာလဲ …….

ပန်းသေပန်းညှိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တော်တော်လေး ရှုပ်ထွေးပါတယ်။ ဆီးချို ဖြစ်ပြီး အချိန်ကြာလာတဲ့အခါ ခန္ဓာကိုယ်က အာရုံကြောတွေ၊ ကြွက်သားတွေ နဲ့ သွေးကြောတွေက လုပ်ဆောင်မှုတွေ ကျဆင်းလာတာ၊ ပြောင်းလဲလာတာတွေကြောင့် ဖြစ်ရတာကတော့ များပါတယ်။

အမျိုးသားတွေအနေနဲ့ လိင်တံ ထောင်မတ်စေဖို့ဆိုရင် ကျန်းမာတဲ့ သွေးကြောလေးတွေ၊ အာရုံကြောလေးတွေ၊ အမျိုးသား ဟော်မုန်း နဲ့ လိင်စိတ်ဆန္ဒရှိဖို့ လိုပါမယ်။

တကယ်လို့ လိင်တံထောင်မတ်စေဖို့ ထောက်ကူပေးတဲ့ သွေးကြောတွေ၊ အာရုံကြောတွေ မကျန်းမာဘူးဆိုရင် လိင်စိတ်ဆန္ဒ ရှိတယ်။ ကျားဟော်မုန်း ပုံမှန် ပမာဏ ရှိတယ်ဆိုရင်တောင် လိင်တံ ထောင်မတ်ဖို့က မဖြစ်နိုင်ပါဘူး။

ဒီလို အခြေအနေ ဖြစ်နိုင်ခြေက သာမန် အမျိုးသားတွေမှာထက် ဆီးချိုရှိတဲ့ အမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အကြောင်းကတော့ ဆီးချိုက အချိန်ကြာလာတာနဲ့ အမျှ သွေးကြောငယ်လေးတွေ၊ အာရုံကြောလေးတွေကို ထိခိုက် ပျက်စီးစေလို့ပါပဲ။

နောက်တစ်ချက်က ဆီးချို ရှိတာ တစ်ခုတည်းကြောင့်ပဲ ဖြစ်တာတော့ မဟုတ်ပါဘူး။ ဆီးချိုလည်း ရှိမယ်။ အဝလွန်နေမယ်။ ဆေးလိပ်သောက်မယ်။ လေ့ကျင့်ခန်း မလုပ်ဘူး။ ကိုယ်လက်လှုပ်ရှားမှု နည်းမယ်ဆိုရင် ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေက အတော်လေး များပါတယ်။

ပန်းသေပန်းညှိုး ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ ……

ဆီးချိုကြောင့်ပဲ ပန်းသေပန်းညှိုး ဖြစ်တာ မဟုတ်ပါဘူး။ အခြား အကြောင်းအရင်းတွေကြောင့်လည်း ပန်းသေပန်းညှိုး ဖြစ်စေနိုင်ပါတယ်။ ဒါတွေကတော့

ဆီးချိုရှိတဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်လို့ ရလား …….

ဆီးချိုရှိတဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်လို့ ရလား .......

ဆီးချိုရှိတဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်လို့ ရလား ….. ဆိုတော့ အတိုင်းအတာ တစ်ခုအထိတော့ ကာကွယ်လို့ရပါတယ်။

ဒီလို ကာကွယ်ဖို့ အဓိက လုပ်ရမယ့်အရာက နေ့စဉ်ဘ​ဝ နေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြောင်းလဲဖို့ပါ။ ဒီလို နေထိုင်မှုပုံစံကို ပြောင်းလဲတာက ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်သလို ဆီးချိုကိုလည်း သက်သာစေနိုင်မှာပါ။

ဘယ်လိုတွေ ပြောင်းလဲရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ……

သွေးတွင်း သကြားဓာတ်ကို ထိန်းပါ

နေ့စဉ် စားသုံးမှုမှာ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် အစားအစာတွေကို အဓိက ထား စားပေးပါ။ အသီးအရွက်တွေကို များများ စားပေးတာမျိုးပေါ့။ ဆန်၊ ဂျူံတို့လိုမျိုး အစားအစာတွေကို လျှော့စားပါ။

သွေးတွင်းသကြားဓာတ်ကို ထိန်းတာက သွေးကြောလေးတွေ အာရုံကြောတွေ ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။  သွေးတွင်းသကြားဓာတ်ကိုလည်း ပုံမှန် စစ်ဆေးဖို့ မမေ့ပါနဲ့။

အယ်လ်ကိုဟော ဖြတ်ပါ

အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတာက သွေးကြောတွေကို ထိခိုက်စေပြီး ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။ ဒါကြောင့် အရက်ဖြတ်တာကလည်း ကာကွယ်နည်း တစ်ရပ်ပါပဲ။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာက သွေးကြောတွေကို ကျဉ်းစေပြီး သွေးထဲက nitric oxide ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဒီလို ကျဆင်းမှုက လိင်တံဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး လိင်တံ မထောင်မတ်နိုင်တာမျိုး ဖြစ်စေနိုင်ပါတယ်။

လှုပ်လှုပ်ရှားရှား နေပါ

နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက သွေးစီးဆင်းမှု ကောင်းစေပြီး ပန်းသေပန်းညှိုး မဖြစ်စေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

အိပ်ရေး ဝဝ အိပ်ပါ

ညဘက်တိုင်းမှာ ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိအောင် ထားပေးပါ။ ဒီလိုပြောရတာက အိပ်ရေးဝတဲ့ အမျိုးသားတွေက ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ နည်းကြလို့ပါပဲ။

စိတ်ဖိစီးမှု လျှော့ပါ

စိတ်ဖိစီးမှုက လိင်တံထောင်မတ်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ စိတ်ပျော်ရွှင်စေမယ့် အရာတွေကို လုပ်ဆောင်ပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါ။

စိုးရိမ်စိတ် များနေတာမျိုး၊ စိတ်ဓာတ်ကျတာမျိုး ဖြစ်နေမယ်ဆိုရင် ကုထုံးပညာရှင်တွေနဲ့ ပြသတာမျိုး လုပ်ဆောင်ဖို့ လိုပါမယ်။

ကဲ ….. ဆီးချိုရှိပေမယ့် ပန်းသေပန်းညှိုး မဖြစ်အောင် အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာလုပ်ဆောင်ပြီး ကာကွယ်လိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diabetes and Erectile Dysfunction https://www.diabetes.co.uk/diabetes-erectile-dysfunction.html Accessed Date 3 November 2021

Type 2 Diabetes and Erectile Dysfunction (ED): Is There a Connection? https://www.healthline.com/health/type-2-diabetes/type-2-and-erectile-dysfunction Accessed Date 3 November 2021

Diabetes and erectile dysfunction https://www.betterhealth.vic.gov.au/health/conditionsandtreatments/diabetes-and-erectile-dysfunction Accessed Date 3 November 2021

ယခုပုံစံ

08/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement