backup og meta

ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

ရင်သားကင်ဆာဟာ အမျိုးသမီးတွေကြားမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်ခုဖြစ်ပေမယ့် ကိုယ်ဝန်ရှိစဉ် ဖြစ်ပွားခြင်းကတော့ ရှားပါးပါတယ်။ ဒါပေမယ့် မကြာသေးမီက နှစ်တွေမှာ ဒီလိုကိစ္စတွေကို ပိုမိုတွေ့လာရပါတယ်။ တကယ်လို့ ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာ ရှိမယ်ဆိုရင် ကုသမှုဟာ ရှုပ်ထွေးပေမယ့် ကုလို့ မရဘူးလို့ မဆိုလိုပါဘူး။ ဒီရောဂါကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ကြရအောင်။

ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ဆိုတော့

ကိုယ်ဝန်ရှိစဉ်မှာ ရင်သားကင်ဆာ ကုသမှု

ကိုယ်ဝန်ရှိစဉ်မှာ ရင်သားကင်ဆာ ကုသမှုက သင့်ကိုယ်ခန္ဓာအတွင်းမှာ ကလေးတစ်ယောက် ရှိနေတာကြောင့် သာမန်အမျိုးသမီးထက် ပိုရှုပ်ထွေးနိုင်ပါတယ်။ ကုသမှုရဲ့ ရည်ရွယ်ချက်ကတော့ ရောဂါကုသဖို့နဲ့ အသက်ရှည်စေဖို့၊ တကယ်လို့ ကုလို့မရနိုင်တော့ရင် ထိန်းချုပ်ဖို့နဲ့ ကလေးကို ကာကွယ်ဖို့တွေ ပါဝင်ပါတယ်။

ကုသမှုက ကလေးကြီးထွားမှုကို သက်ရောက်မှု ရှိတာကြောင့် ကုသမှုအဆင့်တွေကို သေချာစီစဉ်သင့်ပါတယ်။

ကိုယ်ဝန်ကို ဆက်လက်ထားခြင်း

ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာရှိနေရင် ကိုယ်ဝန်ဆက်ဆောင်ရမှာလား၊ ဖျက်ရမှာလားဆိုတာက အများဆုံးသိချင်ကြတဲ့ မေးခွန်းပါ။ အများစုကတော့ ကလေးဖျက်ဖို့ မလိုအပ်ပါဘူး။ ဒီလိုလုပ်ဖို့ လိုမလိုကိုလည်း ဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်နိုင်ပါတယ်။

ကလေးဖျက်ချခြင်းက ရင်သားကင်ဆာကို ကုသဖို့ ပိုမိုလွယ်ကူစေတယ် (သို့) ရင်သားကင်ဆာဟာ ကလေးကိုထိခိုက်စေတယ်ဆိုတဲ့ သက်သေတွေတော့ မရှိပါဘူး။ ရင်သားကင်ဆာက ကလေးဆီကို ကူးစက်မှာမဟုတ်ဘဲ ကလေးကလည်း မွေးရာပါ ရင်သားကင်ဆာ ဖြစ်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ရင်သားကင်ဆာကုသမှုကြောင့် ကလေးကို ထိခိုက်နိုင်မလားဆိုတာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စဉ်းစားသင့်ပါတယ်။

ကိုယ်ဝန်ရှိချိန်မှာ ရင်သားကင်ဆာကုသခြင်း

ကိုယ်ဝန်ရှိချိန်မှာ ရင်သားကင်ဆာကို ကုသနိုင်ပါတယ်။ အောက်ပါနည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။ ဘယ်နည်းလမ်းနဲ့ ကုသနိုင်လဲဆိုတာကတော့ ကင်ဆာအခြေအနေ၊ ကိုယ်ဝန်အပတ်၊ လူနာရဲ့ ဆန္ဒနဲ့ ဆရာဝန်ရဲ့ အကြံပေးချက်တွေအပေါ် မူတည်ပါတယ်။

ခွဲစိတ်ကုသမှုဟာ ကိုယ်ဝန်ရှိနေစဉ်အတွင်းမှာ ယေဘုယျအားဖြင့် အန္တရာယ်ကင်းပါတယ်။ ရင်သားကင်ဆာ ကုသမှုအတွက် ခွဲစိတ်မှုနှစ်မျိုး ရှိပါတယ်။ ရင်သားတစ်စိတ်တစ်ပိုင်း ခွဲစိတ်ခြင်းနဲ့ ရင်သားတစ်ခုလုံး ဖြတ်ထုတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ရင်သားတစ်စိတ်တစ်ပိုင်း ခွဲစိတ်မှုမှာ ခွဲစိတ်ဆရာဝန်တွေဟာ ကင်ဆာဖြစ်တဲ့ အစိတ်အပိုင်းကို ဖယ်ထုတ်လိုက်ပြီး ဘေးနားက ကျန်းမာတဲ့ တစ်ရှူးအနည်းငယ်ကိုပါ ဖယ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ရင်သားတစ်ခုလုံး ဖြတ်ထုတ်ရတဲ့ ခွဲစိတ်မှုမှာတော့ ခွဲစိတ်ဆရာဝန်တွေဟာ အကျိတ်အပြင် ရင်သားတစ်ခုလုံးကို ဖြတ်ထုတ်လိုက်တာဖြစ်ပါတယ်။

ခွဲစိတ်ထားတဲ့ ရင်သားကို ပြန်လည်တည်ဆောက်ချင်တယ်ဆိုရင် ကင်ဆာခွဲစိတ်မှုအပြီးမှာ ပြုလုပ်နိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်တွေက သင့်အတွက် ရင်သားပုံစံကို ပြုလုပ်ပေးပါလိမ့်မယ်။ ကလေးမွေးပြီးမှ လုပ်လို့လည်း ရပါတယ်။

  • ကင်ဆာ ဆေးသွင်း ကုသခြင်း

ဆေးသွင်းကုသခြင်းကို ကိုယ်ဝန်နုစဉ် ၁၃ပတ်အတွင်းမှာ မလုပ်သင့်ပါဘူး။ ကိုယ်ဝန်ဒုတိယ သုံးလပတ်နဲ့ တတိယ  သုံးလပတ်မှာပဲ လုပ်သင့်ပါတယ်။ လရင့်တဲ့အခါ ကင်ဆာဆေးသွင်းကုသတာက ကလေးပျက်ကျစေတာ၊ မွေးရာပါ ချို့ယွင်းချက်ပါစေတာမျိုးတွေ မဖြစ်စေနိုင်ဘူးလို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒါပေမယ့် လမစေ့ဘဲ မွေးနိုင်တာကိုတော့ သိထားရပါမယ်။

လနုစဉ်မှာ ကင်ဆာရှိနေတာကို သိရင် ကိုယ်ဝန် ၁၃ပတ်ကျော်မှ ဆေးသွင်းတာကို လုပ်သင့်ပါတယ်။ မွေးခါနီးမှ သိတယ်ဆိုရင်တော့ မွေးပြီးမှ ဆေးသွင်းတာကို လုပ်သင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန် ၃၅ပတ်နောက်ပိုင်း ဒါမှမဟုတ် မွေးခါနီး ၃ပတ်အလိုဆို ကလေးမွေးပြီးတဲ့အထိ စောင့်သင့်ပါတယ်။ မိခင်ရဲ့ သွေးဆဲလ်တွေ နည်းသွားတာကြောင့် မွေးနေချိန် သွေးသွန်တာ၊ ရောဂါပိုးဝင်လွယ်တာတွေ ဖြစ်နိုင်လို့ပါ။

  • အခြားကုသမှုများ

ဓာတ်ရောင်ခြည် ကုသမှု၊ ဟော်မုန်းကုသမှု၊ biological treatment တွေက ကိုယ်ဝန်ရှိချိန်မှာ ကလေးရဲ့ ဖွံ့ဖြိုးမှုတင်သာမက ကလေးကိုပါ ထိခိုက်နိုင်လို့ မသုံးမပြုသင့်ပါဘူး။ နို့တိုက်နေချိန်မှာ ဆေးသွင်းတာ၊ ဟော်မုန်းကုသမှု၊ biological treatmentတွေကို မပြုလုပ်သင့်ပါဘူး။ ဓာတ်ရောင်ခြည်ကိုတော့ ကလေးမွေးပြီးရင် ပေးနိုင်ပါတယ်။

ရင်သားကင်ဆာကြောင့် ဖြစ်တဲ့ နာကျင်ခြင်းကို ကုသဖို့အတွက် ကုသနည်းတွေ အမြောက်အမြား ရှိပါတယ်။ လိုအပ်ရင် သင့်ဆရာဝန်တွေနဲ့ တိုင်ပင်နိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်မရှိတဲ့ ဆေးတွေကို မသောက်သင့်ပါဘူး။ ကုသမှုကို အနှောင့်အယှက်ဖြစ်စေပြီး သင့်ကလေးကိုလည်း ထိခိုက်စေပါတယ်။

ကလေးမွေးဖွားခြင်း

သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ (သင့်ဆရာဝန်၊ ဆရာမအစရှိသည်) က သင့်ကို ပုံမှန်အတိုင်း မွေးဖွားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဆိုလိုတာက ဘာပြဿနာမှ မရှိဘူးဆိုရင် ကလေးမွေးရမယ့်ရက်နဲ့ အတတ်နိုင်ဆုံး အနီးဆုံးမှာ မွေးဖွားနိုင်အောင် ကူညီပေးပါလိမ့်မယ်။ မွေးနည်းကတော့ ရိုးရိုးမွေးခြင်း (သို့) ခွဲမွေးခြင်းကို ပြုလုပ်နိုင်ပါတယ်။ သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်သင့်ပါတယ်။

ရင်သားကင်ဆာက ပုံမှန်အားဖြင့် သင့်ကလေးဆီကို ပြန့်သွားခြင်း မရှိပါဘူး။ ဒါပေမယ့် ရှားပါးတဲ့ အခိုက်အတန့်တွေမှာတော့ ရင်သားကင်ဆာဆဲလ်တွေဟာ အချင်းကတစ်ဆင့် သင့်ကလေးဆီကို ပြန့်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ဆရာဝန်ဟာ အချင်းကို ယူပြီး ကင်ဆာဆဲလ်တွေ ရှိမရှိ စစ်ဆေးပါလိမ့်မယ်။

ဒါ့ပြင် ဆရာဝန်က သင်ကလေးကို နို့တိုက်လို့ရမရ ပြောပြပါလိမ့်မယ်။ ကင်ဆာဆေးအချို့ဟာ နို့ရည်ထဲကို စီးဝင်နိုင်ပြီး ကလေးဆီကို ပြန့်သွားနိုင်လို့ပါ။

ကိုယ်ဝန်ရှိချိန်မှာ ရင်သားကင်ဆာဖြစ်ခြင်းက ရှားပါးပေမယ့် ဖြစ်နိုင်ခြေ အနည်းငယ်တော့ ရှိနေပါတယ်။ ဒါပေမယ့် ဒါကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမယ်ဆိုတာသိရင် အရင်တုန်းကလို ကြောက်စရာမကောင်းတော့ပါဘူး။ မကြောက်ပါနဲ့။ စိတ်မပူပါနဲ့။ အထီးကျန်သလို မခံစားရပါနဲ့။ သင့်ကျန်းမာရေးစောင့်ရှောက်သူတွေက သင့်ကို ကူညီပေးမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Breast cancer during pregnancy. http://about-cancer.cancerresearchuk.org/about-cancer/breast-cancer/living-with/breast-cancer-during-pregnancy. Accessed February 11,2017.

Types of breast cancer surgery. http://about-cancer.cancerresearchuk.org/about-cancer/breast-cancer/treatment/surgery/types-surgery. Accessed February 11, 2017.

Breast cancer during pregnancy. https://www.breastcancercare.org.uk/information-support/facing-breast-cancer/living-beyond-breast-cancer/fertility-breast-cancer-treatment/breast-cancer-during-pregnancy. Accessed February 11, 2017.

Treating Breast Cancer During Pregnancy. https://www.cancer.org/cancer/breast-cancer/treatment/treating-breast-cancer-during-pregnancy.html. Accessed February 11, 2017.

ယခုပုံစံ

06/06/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိမ်ထောင်ပြုခြင်း,ချိန်းတွေ့ခြင်းနှင့်ရင်သားကင်ဆာ

မိမိရင်သားကို မိမိကိုယ်တိုင်စစ်ဆေးခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement