လိပ်ခေါင်းဆိုတာဟာ စအိုမှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းကားလာရာကနေ ဖြစ်ပေါ်ပါတယ်။ သွေးပြန်ကြောများရဲ့ တည်နေရာကို မူတည်ပြီး အပြင်လိပ်ခေါင်းနဲ့ အတွင်းလိပ်ခေါင်းဆိုပြီး ရှိပါတယ်။ ဝမ်းချုပ်ရင် ဖြစ်နိုင်ခြေများပြီး အမျှင်ဓာတ်များသော အစားအစာများ စားသောက်ခြင်း၊ တရက်လျှင် ရေဖန်ခွက် ၈ခွက်ခန့် သောက်သုံးခြင်း စတာတွေနဲ့ ကာကွယ်နိုင်ပါတယ်။ ဝမ်းချုပ်ရင် လိပ်ခေါင်းအခြေအနေ ပိုဆိုးနိုင်တာမို့ ဝမ်းပျော့ဆေး၊ ဝမ်းချူဆေးများလည်း သုံးနိုင်ပါတယ်။