backup og meta

အုန်းမှုတ်ခွက် ဆေးဖက်ဝင်သလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အုန်းမှုတ်ခွက် ဆေးဖက်ဝင်သလား။

    အုန်းသီးကို အပေါ်ခွံနွှာပြီးချိန်မှာ တွေ့ရတဲ့ အုန်းမှုတ်ခွက်ကို ရေမှုတ်လေးတွေ၊ မီးအိမ်လေးတွေ ဖြစ်အောင် ထွင်းပြီး အလှဆင်ကြတာကို သိပေမယ့် ဆေးဖက်ဝင်လို့တော့ သိသူက ခပ်ရှားရှားပါ။ ဒီတစ်ခေါက်တော့ အုန်းသီးစားပြီးတိုင်း လွှင့်ပစ်မိလေ့ရှိတဲ့ အုန်းမှုတ်ခွက် က ဘယ်လို ဆေးဖက်ဝင်လဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးချင်ပါတယ်။

    အုန်းမှုတ်ခွက် ဆိုတာ

    အုန်းမှုတ်ခွက် ဆိုတာ အုန်းသီးရဲ့ အမာဆုံး အပိုင်းပါ။ အုန်းခွံအောက်ဘက်မှာ ရှိပါတယ်။ မာကျောပြီး ခံနိုင်ရည် အတော်လေး ရှိပါတယ်။ အညိုရောင်ရှိပါတယ်။ အုန်းသီးခွံတွေကို အပင်စိုက်ဖို့ သုံးကြပေမယ့် အုန်းမှုတ်ခွက်ကိုတော့ လွှင့်ပစ်ကြတာ များပါတယ်။ တကယ်ကတော့ အုန်းမှုတ်ခွက်က ဆေးဖက်ဝင်ပါတယ်။

    အုန်းမှုတ်ခွက်ကို ဒီအတိုင်း အမှုန့်ဖြစ်အောင် ကြိတ်ပြီး အသုံးပြုလို့ ရသလို မီးကောင်းကောင်းနဲ့ ပြာချပြီး ပြာမှုန့်ကို အသုံးပြုပေးလို့လည်း ရပါတယ်။ ဒီတော့ အုန်းမှုတ်ခွက်က ဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ အုန်းမှုတ်ခွက်ကို ပြာချလိုက်လို့ရတဲ့ ပြာက အနံ့မရှိသလို အရသာလည်း မရှိပါဘူး။

    အုန်းမှုတ်ခွက်မှာပါတဲ့ အာဟာရ

    အုန်းမှုတ်ခွက်မှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။

    • အမျှင်ဓာတ်
    • ဗီတာမင် A၊
    • ဗီတာမင် D၊
    • ဗီတာမင် E နဲ့
    • ဗီတာမင် K တို့ ပါဝင်နေပါတယ်။

    အုန်းမှုတ်ခွက်က အခုလို ဆေးဖက်ဝင်ပါတယ်။

    • အဆိပ်ပြေစေနိုင်တယ်။

    အုန်းမှုတ်ခွက်ကို ပြာချပြီး ရလာတဲ့ ပြာမှုန့်က အဆိပ်ပြေစေနိုင်ပါတယ်။ အဆိပ်ဖြစ်စေတဲ့ အရာတွေကို စားမိတာကြောင့် အဆိပ်မိတဲ့အခါ အစာအိမ်နံရံက အဆိပ်တွေကို စုပ်ယူတာမျိုး မဖြစ်စေဖို့အတွက် အုန်းမှုတ်ခွက်ကို ပြာချထားတဲ့ အမှုန့်ကို သောက်ပေးလို့ ရပါတယ်။ အဆိပ်တွေ မပြန့်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    • အစားအစာတွေကို အနံ့အရသာ တိုးစေတယ်။

    အစားအစာတွေကို အနံ့အရသာ တိုးစေဖို့အတွက် အုန်းမှုတ်ခွက်ကို အသုံးပြုပေးလို့ ရပါတယ်။ မီးပြင်းပြင်းနဲ့အပူပေးထားတဲ့ အုန်းမှုတ်ခွက်က အစားအစာတွေကို အနံ့အရသာ တိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    • ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

    ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်စေဖို့ဆိုရင် အုန်းမှုတ်ခွက် ပြာမှုန့်ကို အသုံးပြုပေးလို့ ရပါတယ်။ ကိုယ်တွင်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် အသားအရေကိုကအစ ကြည်လင်လှပစေပါတယ်။

    • အစိုဓာတ် ထိန်းပေးတယ်။

    အုန်းမှုတ်ခွက်ရဲ့ နောက်ထပ် ဆေးဖက်ဝင်မှု တစ်မျိုးက ထိခိုက်လွယ်တဲ့ အသားအရေကို အကောင်းဆုံး သန့်စင်ပေးနိုင်ပြီး အသားအရေကို ကြည်လင်စေသလို အရေပြားကို အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။

    • သွားတွေ ဖြူစေနိုင်တယ်။

    အုန်းမှုတ်ခွက် ပြာမှုန့်ကို သွားတွေဝါနေတာ၊ အရောင်ပြောင်းနေတာတွေကို သက်သာစေပြီး သွားတွေ ဖြူဖွေးစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

    • ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေနိုင်တယ်။

    အုန်းမှုတ်ခွက် ပြာမှုန့်က အသည်း၊ ကျောက်ကပ် နဲ့ ပြန်ရည်ကျိတ်တွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    • ဘက်တီးရီးယားတွေ တိုက်ဖျက်ပေးတယ်။

    ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တာကြောင့် အရေပြားပေါ်မှာ ဝက်ခြံအပါအဝင် အရေပြား ပိုးဝင်တာတွေကို သက်သာစေနိုင်ပါတယ်။ အရေပြားကို ဓာတုပစ္စည်းတွေနဲ့ လေထုညစ်ညမ်းမှုတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    • ကိုလက်စထရော ကျဆင်းစေနိုင်တယ်။

    အုန်းမှုတ်ခွက်ထဲမှာ ဟင်းထည့်ချက်တဲ့အခါ ကိုယ်အလေးချိန် ကျစေဖို့ ထောက်ကူပေးသလို သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

    • အစာအိမ် ကျန်းမာစေတယ်။

    အုန်းမှုတ်ခွက်မှာ အစာအိမ်ကို ကျန်းမာစေနိုင်တဲ့ သတ္တုဓာတ်တွေနဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်မှုကြောင့် ဝမ်းမှန်စေနိုင်သလို ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် E နဲ့ ဗီတာမင် K ပါဝင်နေတာကြောင့် အူမကြီးရဲက လှုပ်ရှားမှု ကောင်းမွန်စေပြီး အစာခြေ စနစ်အပါအဝင် အစာအိမ်ကိုပါ ကျန်းမာစေနိုင်ပါတယ်။

    ကဲ ….. အုန်းမှုတ်ခွက်က အခုလို ဆးဖက်ဝင်တာမို့ အသုံးပြုပြီးတိုင်း လွှင့်မပစ်ဘဲ သိမ်းထားလိုက်ရအောင်လား။

    ဘေးထွက်ဆိုးကျိုး

    အုန်းမှုတ်ခွက်က ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားတော့ မရှိပါဘူး။ အလွန်အကျွံ မဖြစ်အောင်တော့ ဂရုစိုက်ဖို့ လိုပါမယ်။ အရေးပေါ်ကျန်းမာရေး အခြေအနေတွေမှာတော့ အုန်းမှုတ်ခွက်တစ်ခုတည်းကို အားမကိုးဘဲ ကျန်းမာရေးဌာနမှာ သွားရောက်ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement