backup og meta

သင့်မှာ သွေးတိုးရှိနေရင် သင့်ကိုယ်သင် ဘယ်လိုဂရုစိုက်ရမလဲ


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မှာ သွေးတိုးရှိနေရင် သင့်ကိုယ်သင် ဘယ်လိုဂရုစိုက်ရမလဲ

    သင့်မှာ သွေးတိုးရှိနေရင်သင့်ကိုယ်သင်ဘယ်လိုဂရုစိုက်ရမလဲ။

    သင့်ရဲ့သွေးပေါင်ချိန်ကိုထိန်းဖို့နည်းလမ်း ၈ သွယ်ရှိပါတယ်။

    • ဆားလျှော့စားပြီးကျန်းမာရေးနဲ့သင့်တော်တဲ့စားသောက်မှုပုံစံပြောင်းပါ။
    • လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
    • ကိုယ်အလေးချိန်ကိုပုံမှန်ထိန်းထားပါ။
    • စိတ်ဖိစီးမှုမဖြစ်အောင်အတတ်နိုင်ဆုံးရှောင်ပါ။
    • ဆေးရွက်ကြီးမသောက်ပါနဲ့။
    • ဆေးမှန်မှန်သောက်ပါ။
    • အရက်ကိုလျှော့သောက်ပါ။
    • ရေနွေးကန်ထဲမှာစိမ်ခြင်းသည် စိတ်ချရပါသည်။

    နေထိုင်မှုပုံစံတိုးတက်ပြောင်းလဲဖို့ကလည်းအရေးကြီးပါတယ်။ ဒါကသင့်ရဲ့သွေးတိုးကိုဆေးသောက်စရာမလိုဘဲကျစေပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းက သွေးတိုးကိုကြိုတင်ကာကွယ်ဖို့အတွက်အရေးကြီးသလိုထိန်းချုပ်ဖို့အတွက်လည်းအရေးပါပါတယ်။ ဒါကို နေထိုင်မှုစနစ်ကုသနည်းလို့စိတ်ထဲကမှတ်ယူပြီးစိတ်အားထက်သန်စွာလိုက်နာပါ။

    တကယ်လိုသင့်မှာသွေးတိုးရှိနေပြီဆိုရင် (သို့) သွေးတိုးဖြစ်ပွားဖြစ်နိုင်ချေမြင့်စေသောအရာအချို့ရှိနေလို့သွေးတိုးဖြစ်မှာစိုးရိမ်တယ်ဆိုရင် သင်သိထားရမှာတစ်ခုက သွေးတိုးဟာကုသမရပေမယ့်ထိန်း ချုပ်လို့ရတယ်ဆိုတာပါပဲ။

    ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုသင်ပြောင်းလဲလိုက်တဲ့အခါသင်ဟာ

    • သွေးတိုးကျလာမယ်။
    • သွေးတိုးမဖြစ်အောင်ကာကွယ်နိုင်မယ်။
    • သင့်ရဲ့ သွေးကျဆေးအာနိသင်တွေကိုပိုပြီးထိရောက်စေမယ်။
    • နှလုံး၊ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်နိုင်ချေနည်းလာမယ်။

    သင်ဘယ်လိုလုပ်ရမလဲဆိုတော့

    သွေးတိုးရှိနေတဲ့သူတွေရဲ့၂၀ရာခိုင်နှုန်းကသူတို့သွေးတိုးရှိနေမှန်းမသိကြပါဘူး။ ဒီလက္ခဏာမပြတဲ့သွေးတိုးကသူတို့ကိုနောက်ပိုင်းဆိုးရွားတဲ့ကျန်းမာရေးပြသနာတွေနဲ့ကြုံလာစေနိုင်ပါတယ်။ သင်ကအဲဒီထဲကတစ်ယောက်လား။ သင့်မှာသွေးတိုးရှိမရှိမသိဘူးဆိုရင်တော့ဆရာဝန်ဆီမှာသွားရောက်စမ်းသပ်စစ်ဆေးပါ။

  • သင့်ကုသမှုတွေပိုမိုထိရောက်ဖို့သင်လုပ်သင့်တာလုပ်ပါ
  • သွေးတိုးမှာကျန်းမာရေးနဲ့သင့်တော်တဲ့နှုန်းဆိုတာမရှိပါဘူး။ ဒီရောဂါနဲ့ပတ်သက်ပြီး ပေါ့ပေါ့မတွေးပါနဲ့။ သင့်ရဲ့ဆရာဝန်နဲ့ကုသနည်းတွေကိုဆွေးနွေးပြီး သွေးတိုးကိုထိန်းချုပ်ဖို့သင်လုပ်ရမယ့်အပိုင်းတွေကိုလည်း သေချာလုပ်ပါ။

    • သင့်ဘဝကိုပြောင်းလဲပြီး သွေးတိုးဖြစ်ပွားနိုင်ခြေမြင့်စေတဲ့အရာတွေကိုလျှော့ချပါ။

    တကယ်လို့သင့်သွေးပေါင်ချိန်ကပုံမှန်ဆိုရင်တောင်(အပေါ်သွေး 120 mmHg အောက်၊ အောက်သွေး 80mmHg အောက်) သွေးတိုးဖြစ်မလာအောင်ကာကွယ်ရပါမယ်။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းကကျန်းမာတဲ့ဘဝကိုရစေနိုင်ပါတယ်။

    နားနေချိန်တိုင်းသော သွေးပေါင်ချိန်သည် သွေးတိုးအကြိုအဆင့် (အပေါ်သွေး 120 နဲ့ 139 mmHg ကြား ၊ အောက်သွေး 80 နဲ့89 mmHg ကြား) တွင်းရောက်နေလျှင် သင့်ဆရာဝန်က နေထိုင်မှုပုံစံပြောင်းလဲခိုင်းပါလိမ့်မယ်။

  • ဆရာဝန်ပေးထားတဲ့ ဆေးနည်းအတိုင်းလိုက်နာပါ။
  • တကယ်လို့သင့်သွေးတိုးက 140/90 ဒါမှမဟုတ်အဲဒီထက်မြင့်နေမယ်ဆိုရင်သင့်ဆရာဝန်ကသင့်အတွက်ဆေးနည်းတွေပေးပြီး နေထိုင်မှုပုံစံ ပြောင်းလဲဖို့ပါ ပြောပါလိမ့်မယ်။ သင့်ဘဝတစ်လျှောက်လုံးနေ့တိုင်းဆေးတွေသောက်ခိုင်းမယ်ဆိုရင်တောင်ဆရာဝန်ရဲ့ညွှန်ကြားချက်ကိုလိုက်နာပါ။ သွေးတိုးရောဂါက ဘဝတစ်လျှောက်လုံးဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက်ဆရာဝန်နဲ့ပူးပေါင်းပါ။ ထိုနည်းအားဖြင့် ကုသမှုပန်းတိုင်ရောက်ရှိကာ ကျန်းမာသော ပျော်ရွှင်သော ဘဝကို ရပါစေ။

    • သင့်အတွက်ကုသမှုကိုစီစဉ်ပြီးပြီဆိုတာနဲ့ သွေးတိုးကို ထိန်းဖို့ကလွယ်ကူသွားပါပြီ။ သင်သွေးတိုးကိုထိန်းချုပ်နေမှုကလေဖြစ်ခြင်း၊နှလုံးရောဂါ ၊ သွေးကြော၊ ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ရောဂါတွေပါကာကွယ်ပြီးသားဖြစ်တဲ့အပြင် လေဖြတ်ခြင်းကိုပါကာကွယ်ပေးတယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိပေးပါ။ ဒီရောဂါတွေကနေလသေဆုံးမှုက သွေးတိုးထိန်းချုပ်မှုကြောင့်လျော့ပါးသွားခဲ့ပါပြီ။
    • သွေးတိုးကိုထိန်းချုပ်ကုသခြင်းကတစ်ဘဝလုံးလုပ်ရမယ့်အလုပ်ပါ။ ဒါကြောင့်သင်ကိုယ်တိုင်အတွက်ရောသင်ချစ်သောသူများအတွက်ပါ ဒီအတိုင်း ပြုလုပ်ပါမယ်လို့ဒီနေ့ကစပြီးကတိတစ်ခုပြုပါ။ ဆရာဝန်ညွှန်ကြားတာတွေလည်းနားထောင်ပြီးကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement