ဒါဆို ဘယ်လိုလုပ်ကြမလဲ
အကောင်းဆုံးနည်းလမ်းကတော့ အစာအိမ်ပိုးကို ရှာဖွေကုသတာပါပဲ။ တကယ်လို့ ကိုယ်က ခဏခဏ အစာအိမ်နာတတ်တယ်။ ဒါမှမဟုတ် အစာအိမ်အနာ၊ အူအနာ ရှိတယ်ဆိုရင် အစာအိမ်ရှိတာပဲလေဆိုပြီး ပေါ့ပေါ့ဆဆ မနေပါနဲ့။ အစာအိမ်ဆေးလေးတွေ သောက်ပြီး အနာသက်သာရုံလောက်လေး မနေပါနဲ့။
နီးစပ်ရာဆရာဝန်နဲ့ ပြသပြီး အစာအိမ်ပိုးရှိမရှိ ရှာဖွေကုသပါ။ အစာအိမ်ပိုးကို ကုသတာက သောက်ဆေးနဲ့တင် ရပါတယ်။ အစာအိမ်ဆေးရယ်၊ ပိုးသတ်ဆေးတွေရယ်ကို ၂ပတ်လောက် သောက်ရပါတယ်။ ပြီးရင် ပိုးစင်မစင် စစ်ဆေးပြီး ကျန်သေးရင် ထပ်သောက်ရပါတယ်။
အများစုကတော့ တစ်ခေါက် သောက်ရုံနဲ့ ပိုးသေပါတယ်။ ပိုးသတ်ဆေးတွေ ခဏခဏ သောက်လို့ ဆေးယဉ်ပါးပြဿနာရှိသူတွေကတော့ ပိုးသတ်ဆေးပြောင်းပြီး ထပ်သောက်ရတတ်ပါတယ်။
ဆေးသောက်ပြီး ပြန်ဖြစ်တတ်လားဆိုရင်တော့ ဖြစ်ခဲပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပထမတစ်ခေါက်က ဆေးပတ်လည်အောင် သေချာ မသောက်ထားရင် ဖြစ်တတ်ပါတယ်။
ပြန်ချုပ်ရရင် အစာအိမ်ပိုးက အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။ ၁၀၀မှာ ၃ယောက်လောက်ပဲဆိုပြီးလည်း မပေါ့ပါနဲ့။ ကိုယ့်ရဲ့ စားသောက်မှုပုံစံနဲ့ အစာအိမ်ပိုးနဲ့ ပေါင်းသွားရင် ကင်ဆာဖြစ်နိုင်ခြေ ပိုများတတ်လို့ သတိထားတာ ပိုကောင်းပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။