အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 27, 2020 . 2 mins read
Share now

အဖြူဆင်း တယ်ဆိုတာ မိန်းကလေးတွေ အတော်များများ ကြုံရတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် အဖြူဆင်းတယ် ဆိုရင် မကောင်းဘူးလို့ တချို့က ထင်ကြပါတယ်။ ဘာလို့များလဲ၊ အန္တရာယ်ရှိလား၊ ရောဂါရှိတာလား စိုးရိမ်တတ်ကြတယ်။

အမျိုးသမီးကျန်းမာရေး အတွက် မကောင်းတဲ့ လက္ခဏာလား

အဖြူဆင်း တယ် ဆိုတာ တကယ်တော့ အမျိုးသမီးမျိုးပွားအင်္ဂါစနစ် အတွင်းမှာ အရေးပါတဲ့ ထိန်းသိမ်းမှု လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ်။ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်းပိုင်းမှာရှိတဲ့ ဂလင်းတွေကနေ ထုတ်ပေးတဲ့အရည် တွေက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားသန့်စင်ပေးတာပါ။ ဒီလိုနည်းနဲ့ မိန်းမကိုယ်ကို သန့်စင်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။

အများအားဖြင့်တော့ အဖြူဆင်းတာက ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာပါ။ ဆင်းတဲ့ ပမာဏ၊ အရောင်၊ အနံ့ တို့က ရာသီစက်ဝန်းကို မူတည်ပြီး မတူညီတတ်ကြပါဘူး။ ဥပမာ သားဥကြွေတဲ့ အချိန်၊ ကလေးနို့တိုက်တဲ့ ကာလတို့ ဆိုရင် အဖြူပိုဆင်းတတ်တယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့တစ်မျိုးရှိတဲ့ အဖြူဆင်းခြင်း ဖြစ်နိုင်တယ်။ အဖြူဆင်း တာ ရောဂါတစ်ခု မဟုတ်ပေမယ့် ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်း ဖြစ်လာရင်တော့ အရောင်ညစ်တာ၊ အနံ့ဆိုးတာ၊ ပိုစေးကပ်တာတွေ အပြင် မိန်းမကိုယ်မှာ ယားယံတာ၊ စပ်တာ၊ လောင်တာတွေပါ ဖြစ်စေနိုင်ပါတယ်။

မကောင်းတဲ့ အဖြူဆင်းခြင်းက ဘယ်လိုမျိုးလဲ

မိန်းမကိုယ်မှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ ပမာဏထိန်းညှိမှုမှာ တစ်ခုခုပြောင်းလဲမှု ရှိလာတာ နဲ့ အဖြူဆင်း ခြင်းရဲ့ အနံ့၊ အရောင် နဲ့ အနေအထား(ဥပမာ – ပျစ်ချွဲမှု အတိုင်းအတာ) တို့ကို သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီလိုအပြောင်းအလဲ ဖြစ်စေနိုင်တဲ့ အချက်တွေကတော့ –

နောက်ဆက်တွဲ ဘာပြဿနာတွေ ဖြစ်နိုင်လဲ

အဖြူဆင်း တာ သက်သက်တော့ ရောဂါ မဟုတ်ပေမယ့် နောက်ခံကျန်းမာရေးပြဿနာ တစ်ခုခုရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးဝင်ခြင်းက အစ ကင်ဆာရောဂါအထိ ဖြစ်နိုင်ပါတယ်။ ဥပမာ ဆီးပူညောင်းကျရောဂါ အပါအဝင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဆိုရင် သေချာမကုသရင် ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပြီး အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်နိင်ပါတယ်။

မိန်းမကိုယ်ပိုးဝင်ခြင်းကို သေချာမကုသရင် ကိုယ်ဝန်ကိုပါ ထိခိုက်နိုင်တာ၊ သားအိမ်နဲ့ သားဥပြွန်တွေ အထိ ရောဂါပိုး ပြန့်သွားနိုင်တာ၊ တင်ပါးဆုံ အောက်ပိုင်း ရောင်ရမ်းခြင်း တို့အပြင် ကလေးရဖို့ ခက်တာတွေ အထိ ဖြစ်နိုင်တယ်။

ဘယ်လို ကုသမလဲ၊ ကာကွယ်မလဲ

ကုသတဲ့ နည်းလမ်း ကတော့ ဖြစ်ရတဲ့ အကြောင်းရင်းကို မူတည်ပါလိမ့်မယ်။ ဥပမာ မှိုပိုးဝင်ခြင်း ဆိုရင် မိန်းမကိုယ်အတွင်းကို တိုက်ရိုက် သုံးဖို့ မှိုပိုးသတ်ဆေးခရင်မ် သို့မဟုတ် ဂျယ်လ်တစ်မျိုးမျိုး ဆရာဝန်က ညွှန်လေ့ ရှိပါတယ်။ မိန်းမကိုယ်ရောင်ရမ်းခြင်း အတွက်တော့ ပဋိဇီဝပိုးသတ်ဆေး ၊ သောက်ဆေး သို့မဟုတ် ခရင်မ်တွေ ညွှန်းတတ်ပါတယ်။

မိန်းမကိုယ်ပိုးဝင်ခြင်းကို ကာကွယ်နိုင်ဖို့ အဓိကအားဖြင့် ဒီအချက်တွေကို ဂရုစိုက်တာ ကောင်းပါလိမ့်မယ် –

  • မိန်းမကိုယ်သန့်ရှင်းရေး အတွက် သီးသန့်ထုတ်လုပ်တဲ့ အမျိုးသမီးသန့်စင်ဆေးရည် သုံးပါ။
  • ဆပ်ပြာ မသုံးပါနဲ့။ ကိုယ်တိုက်ဆပ်ပြာမွှေးတွေ၊ ရေချိုးဆပ်ပြာရည် တွေနဲ့ မိန်းမကိုယ်ကို မဆေးကြောပါနဲ့။
  • ရေမှန်မှန် ချိုးပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။
  • အတွင်းခံ မှန်မှန် လဲပါ။
  • ခြောက်သွေ့ပြီး လေဝင်လေထွက် ကောင်းစေဖို့ အတွက် ချည်သားအတွင်းခံ ကိုပဲ ရွေးချယ် ဝတ်ဆင်ပါ။
  • မိန်းမကိုယ်ကို ရောဂါပိုးတွေ ရောက်မလာစေဖို့ သန့်စင်ခန်းသွားလို့ ရေသုံးတဲ့အခါပဲ ဖြစ်ဖြစ်၊ တစ်သျှူးသုံးတဲ့ အခါပဲ ဖြစ်ဖြစ် အရှေ့ဘက်ကနေ အနောက်ဘက်ကိုပဲ ဆေးကြောသန့်စင်ပါ။
  • အဝတ်အစားတွေ၊ အထူးသဖြင့် အတွင်းခံနဲ့ ဘောင်းဘီတွေကို သိပ်ကျပ်စည်းအောင် မဝတ်ပါနဲ့။ ချွေးထွက် ပိတ်လှောင်ပြီး ပွန်းတာ၊လောင်တာ၊ မှိုပိုးဝင်တာ၊ ယားတာတွေဖြစ်လာနိုင်ပါတယ်။

ဒါ့ကြောင့် သဘာဝအတိုင်း အဖြူဆင်း တာကို မကြောက်ပါနဲ့။ အနံ့နဲ့ အသွင်အပြင် မတူ၊ အဖြူမဟုတ်တဲ့ အဖြူဆင်းတာတွေ ကိုသာ သတိထားပါ၊ ကာကွယ်ပါ၊ ကုသပါလို့ အကြံပေးချင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆီးလမ်းကြောင်း ကနေတဆင့် ဘက်တီးရီးယား နဲ့ မှိုပိုးတွေ ဝင်ရောက် ကူးစက်တာက များပါတယ်။ ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်မှုကို ဆီးလမ်းကြောင်းပိုးဝင်တယ် ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား………………….

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလည်ပတ်မှုကောင်းတာကြောင့် အသားအရေက ကြည်လင်လှပနေသလို ဆံသားကလည်း နက်မှောင်နေတတ်ပါတယ်။ ဒါဆို ဒီလိုကာလမှာရော ကော်လာဂျင်က လိုဦးမှာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

တင်ပါးဆုံဆိုတာက  ဝမ်းဗိုက်အောက်ဘက်နားမှာရှိတဲ့ ဇလုံလို ခပ်ခွက်ခွက် အစိတ်အပိုင်းပါ။ ကျောရိုးကို ထောက်ကန်ပေးထားပြီး အတွင်းအင်္ဂါကို ကာကွယ်ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

nose-and-eye-allergy နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း

နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
စိတ်ပူပင်လို့ ရင်တုန်လာတာလား... နှလုံးရောဂါလား....

စိတ်ပူပင်လို့ ရင်တုန်လာတာလား… နှလုံးရောဂါလား….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
ဘရာ Size မှားနေပြီလား

ဘရာ Size မှားနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read