ဒါဆို ဘာသုံးပြီး သန့်ရှင်းရေးလုပ်ရမလဲ။ ။
ဆပ်ပြာမသုံးရတော့ မိန်းမကိုယ်က ရာသီလာချိန်ထွက်နေတဲ့ အနံ့ဆိုးတွေကို တားဆီးဖို့အတွက် အမျိုးသမီးသန့်စင်ဆေးရည်လောက် ကောင်းတဲ့အရာတွေ မရှိတော့ပါဘူး။ အမျိုးသမီးသန့်စင်ဆေးရည် Feminine Wash တွေဟာ
- မိန်းမကိုယ်အတွင်းက pH နဲ့ကိုက်ညီအောင်ထုတ်ထားတာကြောင့် အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်မှုမရှိစေဘဲ pH မျှတစေလို့ အစိုဓါတ်ထိန်းပြီး ခြောက်သွေ့ယားယံတဲ့ မိန်းမကိုယ်တစ်ခု မဖြစ်အောင် ကာကွယ်ပေးပါတယ်။
- Prebiotic လို့ခေါ်တဲ့ (အကျိုးပြုဘက်တီးရီးယား အာဟာရ)ပါဝင်နေတာကြောင့်မိန်းမကိုယ်မှာ မှိုပိုးနဲ့ ဘက်တီးရီးယားတွေကြောင့် အနံ့အသက်ဆိုးဖြစ်တာတွေကို ကာကွယ်ပေးနိုင်မှာပါ။
- ဒါ့အပြင် မိန်းမကိုယ်အတွက်အရေးကြီးတဲ့အကျိုးပြုဘက်တီးရီးယားအာဟာရ Prebiotic ပါဝင်တာကြောင့် အပြင်က ရောဂါပိုးတွေထပ်ဝင်မလာအောင် တားဆီးပေးဦးမှာပါ။
- ဓါတုဆိုးဆေးတွေသုံးပြီး အရောင်ပါဝင်ခြင်းမရှိတာကြောင့် ဓါတ်မတည့်မှု ဖြစ်စေမှာ မဟုတ်ပါဘူး။
- အမျိုးသမီး သန့်စင်ဆေးရည်မှာ ပါဝင်တဲ့ Lactic acid က ဘက်တီးရီးယားပေါက်ဖွားမှုကို ထိန်းညှိပေးပြီးရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေကနေလည်း တားဆီးပေးတာကြောင့် ဘက်တီးရီးယားတွေကြောင့် ထွက်တဲ့ အနံ့ဆိုးတွေ ကင်းဝေးအောင် ကူညီပေးဦးမှာပါ။
- ဒါ့အပြင် မိန်းမကိုယ်ကို လုံးဝထိခိုက်ခြင်း မရှိစေတဲ့ အနံ့သင်းသင်းလေးလည်း ပါဝင်တာကြောင့် ရာသီလာချိန် ထွက်နေတဲ့ အနံ့ဆိုးတွေကို ထိန်းပေးနိုင်မှာအသေအချာနော် ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။