ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 10, 2020 . 4 mins read
Share now

အကယ်၍ အမျိုးသမီးတစ်ယောက်က ဓမ္မတာ ပုံမှန်လာနေပြီး ရုတ်တရက် ဓမ္မတာနောက်ကျနေတဲ့အခါမှာ မမျှော်လင့်ထားတဲ့ ကိုယ်ဝန် ကြောင့် နောက်ကျနေတာလာဆိုပြီး စိတ်ရှုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဓမ္မတာနောက်ကျရခြင်းအကြောင်းရင်းတွေ အများကြီး ရှိပြီး
သန္ဓေတားဆေးကစလို့ စိတ်ဖိစီးမှုလို အကြောင်းရင်းတွေကြောင့်လည်း ဓမ္မတာ နောက်ကျနိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ Hello Sayarwon ပရိတ်သတ်တွေအတွက် ဓမ္မတာ နောက်ကျနိုင်တဲ့အကြောင်းရင်း ၈ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှု များနေခြင်း။

စိတ်ဖိစီးမှုက ဓမ္မတာ စက်ဝန်းပေါ်ကို သက်ရောက်နိုင်ပါတယ်။ အထူးသဖြင့် အချိန်ကြာမြင့်စွာ စိတ်ဖိစီးနေမယ်ဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဓမ္မတာ ပိုတိုလာနိုင်သလို၊ ပိုရှည်လာနိုင်တဲ့အပြင် ဓမ္မတာ မလာတော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ တစ်ချို့သော အမျိုးသမီး တွေမှာဆိုရင် စိတ်ဖိစီးနေတဲ့အချိန် ဓမ္မတာလာချိန် ဗိုက်နာခြင်းတွေကို ကြုံရလေ့ ရှိပါတယ်။ ဒါကြောင့် ဒီလို ဓမ္မတာနောက်ကျနေမယ်ဆိုရင် စိတ်ဖိစီးစေတဲ့အကြောင်းရင်းတွေကို တတ်နိုင်သလောက်ရှောင်ပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့အပြင် ပုံမှန် အိပ်စက်ခြင်း က စိတ်ဖိစီးခြင်းကို ပျောက်စေနိုင်ပြီး ဓမ္မတာကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ပါတယ်။ အကယ်၍ အမျိုးသမီးတစ်ယောက်အနေနဲ့ ရေရှည် စိတ်ဖိစီးမှု ခံနေရရင် ဆရာဝန်ထံပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

၂။ ဓမ္မတာ မလာခင် အကြိုကာလ။

သွေးမဆုံးခင်ကာလအစောပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဓမ္မတာ မလာခင် အကြိုကာလ (Perimenopause) ဟာ ခန္ဓါကိုယ်က အီစထရိုဂျင် ဟော်မုန်း ထုတ်လုပ်မှု နည်းလာတဲ့ အချိန်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီအချိန်ဟာ အမျိုးသမီးတစ်ယောက် အသက် ၄၀ အပိုင်းအခြားကာလမှာ ဖြစ်တတ်ပေမဲ့ တစ်ခါတစ်ရံမှာ အသက် ၃၀ နားတစ်ဝိုက်မှာလည်း ဖြစ်ပါတယ်။ ဓမ္မတာ မလာခင် အကြိုကာလ (Perimenopause) ဟာ
ပုံမှန် အားဖြင့် ၄ နှစ်ခန့် ကြာတတ်ပေမဲ့ တစ်ချို့အမျိုးသမီးတွေမှာတော့ လအနည်းငယ်ခန့်ကြာတတ်ပြီး တစ်ချို့တွေမှာတော့ ၁၀ နှစ်အထိ
ကြာတတ်ပါတယ်။ ဓမ္မတာ မလာခင် အကြိုကာလ (Perimenopause) ဟာ အမျိုးသမီးတစ်ယောက် ၁၂ လတိတိ ဓမ္မတာ မလာတော့တဲ့ သွေးဆုံးချိန်ရောက်ရင်
ပြီးဆုံးသွားပြီလို့ သတ်မှတ်လို့ရပါတယ်။ ဓမ္မတာ မလာခင် အကြိုကာလ (Perimenopause) မှာ အီစထရိုဂျင် ထုတ်လုပ်မှုက တစ်ဖြည်းဖြည်း နည်းလာတာကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာ စက်ဝန်းက ပြောင်းလဲနိုင်ပြီး ဒီအချိန်မှာ ဓမ္မတာ မမှန်တော့တာမျိုး၊ ဓမ္မတာမလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။

၃။ ကိုယ်အလေးချိန်လျှော့လာခြင်း။

သိသိသာသာ ပိန်ကျသွားတာမျိုး၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်း ကစားလိုက်တာမျိုးက အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာကို ကွယ်စေနိုင်ပါတယ်။ သာမန်ရှိနေတဲ့ ကိုယ်အလေးချိန်ထက်ပိန်နေတာမျိုး၊ ဒါမှမဟုတ် ခန္ဓါကိုယ် အဆီ ပမာဏက နည်းပါးနေတာမျိုးက မျိုးပွားဟော်မုန်း ထုတ်လုပ်မှုကို ပြောင်းလဲပစ်နိုင်ပြီး မျိုးဥကြွေခြင်းနဲ့ ဓမ္မတာ မလာစေနိုင်တော့တဲ့ ပမာဏ အထိ နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ပိန်နေတဲ့ အမျိုးသမီး တွေအနေနဲ့ ဓမ္မတာ တစ်ခါ မလာတော့မျိုး၊ လပေါင်းများစွာ ဓမ္မတာ မလာတော့တာမျိုးကြုံရမယ်ဆိုရင် ခန္ဓါကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓါတ်နဲ့ အာဟာရဓါတ်တွေ လုံလောက်စွာရရှိဖို့ အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၄။ အဝလွန်နေခြင်း။

ခန္ဓါကိုယ်အလေးချိန်နည်းနေသလိုပဲ အဝလွန်ခြင်းက အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာ စက်ဝန်းအပေါ် သက်ရောက်မှု ရှိပါတယ်။ အဝလွန်ခြင်းနဲ့ ဓမ္မတာ မလာတော့ခြင်းက အမျိုးသမီးတစ်ယောက်မှာ သားအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS)) ဖြစ်နေတယ်ဆိုတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို ဖြစ်နေရင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဆရာဝန်ထံ ပြသကြည့်ဖို့ အရေးကြီးပါတယ်။ သားအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS)) ဆိုတာ မျိုးပွားနိုင်တဲ့ အရွယ် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဟော်မုန်းမူမမှန်တဲ့ဝေဒနာ တစ်မျိုးပါ။
သားအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS)) ရှိနေတဲ့အမျိုးသမီးတွေမှာ ဓမ္မတာ ပုံမမှန်ခြင်း၊ ဓမ္မတာ ကာလကြာခြင်းနဲ့ အမျိုးသားဟော်မုန်း (အန်ဒရိုဂျင်) များနေခြင်းတို့ ဖြစ်နိုင်ပြီး သားအိမ်မှာလည်း အရည်အိတ်လေးများ ပေါက်လာကာ ပုံမှန် မျိုးဥ မကြွေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဒီလို အခြေအနေမျိုးရှိရင်တော့ သွေးစစ်ဆေးခြင်း (ဒါမှမဟုတ်) ultrasound စစ်ဆေးမှု ခံယူပြီး သားဥအိမ်မှာ ဘာမှ ဖြစ်မနေတာကို သေချာအောင်စစ်ဆေးသင့်ပါတယ်။

၅။ သန္ဓေတားနည်းများ။

ဟော်မုန်းပါတဲ့ သန္ဓေတားနည်းတွေက အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာကို မလာတော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဟော်မုန်း သန္ဓေတားဆေးတွေဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စရုန်းကို ပေါင်းစပ်ပြီး အချိန်တစ်ခုအထိ သောက်သုံးပြီးမှ ဟော်မုန်းမပါတဲ့ ဆေးကို ၇ ရက်သောက်သုံးရတာ ဖြစ်ပါတယ်။ ဒီလို ဟော်မုန်း မပါတဲ့ဆေးတွေသောက်သုံးတဲ့အချိန်မှာ ဓမ္မတာ လာပါတယ်။ တစ်ခါတစ်ရံမှာ ဒီဟော်မုန်း ၂ မျိုးက သားအိမ်ရဲ့ အနားသပ်တွေကို အရမ်းပါးစေတဲ့ အတွက် ဓမ္မတာ မလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ဟော်မုန်းပါတဲ့ သန္ဓေတားနည်းတွေ ဖြစ်တဲ့ သန္ဓေတားဆေးတွေ၊ သန္ဓေတားအချပ်တွေ၊ ထိုးဆေးတွေနဲ့ ခန္ဓါကိုယ်အတွင်းထည့် ပစ္စည်းတွေကြောင့် ဓမ္မတာ မလာတော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးဟာ အန္တရာယ်မရှိပေမဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သန္ဓေတားဆေး ရွေးချယ်တဲ့အချိန်မှာ
ဖြစ်လာနိုင်တာတွေကို ဆရာဝန်ထံမေးမြန်းထားသင့်ပါတယ်။

၆။ တစ်ခြား ဟော်မုန်း အခြေအနေ။

တစ်ချို့သော ဟော်မုန်းတွေ ဖြစ်တဲ့ ပရိုလက်တင် (prolactin) နဲ့ သွိုင်းရိုက် ဟော်မုန်းတွေကြောင့် ဓမ္မတာ မလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။
ပရိုလက်တင် (prolactin) ဟော်မုန်းကတော့ ပီကျူထရီဂလင်းက ထုတ်လုပ်တဲ့ ဟော်မုန်း ဖြစ်ပြီး မိခင်နို့ရည်ထုတ်လုပ်တဲ့အခန်း ကဏ္ဍမှာ အရေးပါပါတယ်။ ဒါ့အပြင် ဒီဟော်မုန်းဟာ
တစ်ခြား ခန္ဓါကိုယ်လုပ်ဆောင်ချက်တွေဖြစ်တဲ့ မျိုးပွားစနစ်နဲ့ ကိုယ်ခံစနစ်ရဲ့ လုပ်ဆောင်ချက်တွေအတွက်လည်း အရေးပါပါတယ်။ သွိုင်းရိုက် ဟော်မုန်းတွေဆိုတာကတော့ လည်ပင်းရဲ့ အရှေ့ခြမ်းမှာတည်ရှိတဲ့ သွိုင်းရိုက်ဂလင်း မှထုတ်လုပ်တဲ့ ဟော်မုန်းတွေဖြစ်ပါတယ်။ သွိုင်းရိုက် ဟော်မုန်းတွေထဲမှာ အရေးပါဆုံး ဟော်မုန်း ၂ မျိုးကတော့ thyroxine (T4) နဲ့ triiodothyronine (T3) ဖြစ်ပြီး ဆဲလ်တွေအတွင်းက ဓါတု ဖြစ်စဉ်တွေနဲ့ ဆဲလ်တွေ ကြီးထွားခြင်းကို ထိန်းချုပ်ပါတယ်။ ဒီလို ဟော်မုန်းတွေ ပမာဏ မညီတဲ့အခါ ဓမ္မတာ ကွယ်ခြင်း၊ နောက်ကျခြင်း ကို ဖြစ်စေနိုင်ပြီး ဟော်မုန်းပမာဏ မညီမျှခြင်းကို သွေးစစ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ ဘာကြောင့် ဒီလို ဟော်မုန်းတွေ မညီမမျှဖြစ်နေတာလဲဆိုတာကိုတော့ ဆရာဝန်ထံမှာ စစ်ဆေးဖို့လိုပါတယ်။ တစ်ခါတစ်ရံမှာ ဟော်မုန်းတွေ မညီမျှဖြစ်ခြင်းက ဦးနှောက်အကျိတ်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့များသောအားဖြင့် မှန်ကန်တဲ့ကုသမှု ခံယူခြင်းဖြင့်ဓမ္မတာက ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။

၇။ သားအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS))

သားအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS)) ဟာ အမျိုးသမီးတွေရဲ့ မျိုးဥအိမ်အပေါ် သက်ရောက်မှုရှိပြီး ဒီမျိုးဥအိမ်ဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းကို ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီဟော်မုန်း ၂ မျိုးက ဓမ္မတာ စက်ဝန်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်း၂ မျိုးပါ။ ဒီဝေဒနာ ဟာ မျိုးပွားနိုင်တဲ့အရွယ် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်း ပုံမမှန်တဲ့ဝေဒနာ ဖြစ်ပြီး ဒီဝေဒနာ ဖြစ်ရင် ခံစားရတဲ့ ဖြစ်စဉ်တွေက အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ဟော်မုန်း ပုံမမှန်ခြင်း၊ သားဥအိမ်မှာ အရည်အိတ်များဖြစ်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ခန္ဓါကိုယ်နဲ့ မျက်နှာမှာ အမွှေးများလာခြင်း၊ အမျိုးသားတွေလို ထိပ်ပြောင်လာခြင်းနဲ့ အဝလွန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒီဝေဒနာဖြစ်ရင် ဓမ္မတာတွေ ပုံမမှန်ဖြစ်လာပြီး တစ်ခါတစ်ရံ ဓမ္မတာ မလာတော့သည်အထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို ဝေဒနာရှိနေတယ်လို့ သံသယရှိနေတဲ့ အမျိုးသမီးတွေအနေနဲ့ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။ အကယ်၍ မကုသခဲ့ဘူးဆိုရင် မျိုးပွားနိုင်တဲ့အချိန် ဓမ္မတာ မလာခြင်းက သားအိမ် အနားသတ်လိုင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။

၈။ ကိုယ်ဝန်ရှိနေခြင်း။

ဓမ္မတာ မလာတော့ခြင်းရဲ့ ဖြစ်နိုင်ခြေ အများဆုံးကတော့ ကိုယ်ဝန်ကြောင့် ဖြစ်ပါတယ်။
ကိုယ်ဝန်ဟာ သန္ဓေတားနည်းတွေကို ပုံမှန်သုံးနေရင်တောင် ရနိုင်သေးတဲ့အတွက် ဓမ္မတာ နောက်ကျနေတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှု ပုံမှန်ရှိပြီး ဓမ္မတာ နောက်ကျနေတဲ့အမျိုးသမီးတွေအနေနဲ့ အိမ်မှာ စစ်လို့ရတဲ့ ကိုယ်ဝန်စစ်ကိရိယာနဲ့ ကိုယ်ဝန်ရှိမရှိ စစ်ဆေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၀၀ ရာခိုင်နှုန်း အပြည့် ထိရောက်တဲ့သန္ဓေတားနည်း မရှိလို့ပါ။ အကယ်၍ ကိုယ်ဝန်စစ်ဆေးတဲ့အချိန် ကိုယ်ဝန်မရှိဘဲ ဓမ္မတာလည်း မလာသေးတဲ့ အမျိုးသမီးတွေအနေနဲ့ကတော့ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။

ဘယ်လို အချိန်မှာ ဆရာဝန်ထံသွားရောက်ပြသင့်သလဲ။

အမျိုးသမီးတစ်ယောက်အနေနဲ့ ဓမ္မတာနောက်ကျတာကို စိုးရိမ်နေတယ်ဆိုရင် သူမရဲ့ ဓမ္မတာ လာတဲ့အချိန်၊ ပြီးတဲ့အချိန်နဲ့ တစ်ခြားသော ခံစားရတဲ့ ဝေဒနာတွေကိုရေးသား ထားသင့်ပါတယ်။ ဒါမှ ဆရာဝန်သွားရောက်ပြသတဲ့အခါမှာ ဆရာဝန်အနေနဲ့ စစ်ဆေးမှုကို ပိုမြန်မြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဓမ္မတာ လာတဲ့အချိန်နဲ့ ဆုံးတဲ့အချိန်ကို ပြက္ခဒိန်မှာလည်း မှတ်ထားနိုင်ပြီး စမတ်ဖုန်း Application ဖြစ်တဲ့ Period Calendar နဲ့ Flo Period Tracker တို့လို ဓမ္မတာကို မှတ်သားပေးနိုင်တဲ့ Application ကိုသုံးနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဓမ္မတာနောက်ကျတာ စိုးရိမ်စရာမလိုပေမဲ့ လပေါင်းများစွာ ဓမ္မတာ မလာခြင်း၊ ကိုယ်ဝန်စစ်တဲ့အခါ ကိုယ်ဝန် ရှိနေခြင်း၊ အထက်မှာရေးခဲ့တဲ့ PCOS ဝေဒနာတွေကိုခံစားနေရခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ (ဒါမှမဟုတ်) ကိုယ်အလေးချိန်နည်းလာခြင်း၊
အလွန်အကျွံ စိတ်ဖိစီးနေတာတွေကိုခံစားရမယ်ဆိုရင်တော့ ကုသမှု ခံယူသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလမှာ ဘယ်လို သားဆက်ခြားမယ် စိတ်ကူးလဲ။

ကိုဗစ်ကာလမို့  တားဆေးသောက်နေတယ်၊ ဆေးကကုန်သွားပြီ ထပ်ဝယ်လို့မရဘူးဆိုတဲ့ ပြဿနာ၊ ထိုးဆေးက ရက်ပြည့်ပြီ ပြန်ထိုးဖို့ကျ ဆေးခန်းက မဖွင့်လို့ ဆိုတဲ့ ပြဿနာ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်း လိင်စိတ်ခံစားချက်၊ စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေဟာလည်း သဘာဝလောကထဲမှာ ရှိနေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

တားဆေးရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်

တားဆေး ခန္ဓာကိုယ် ဟော်မုန်း နေ့စဉ်သောက်တားဆေး ကိုယ်ဝန် ရာသီစက်ဝန်း လိင်စိတ် ကိုယ်အလေးချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ရာသီရက် ရွှေ့ချင်တဲ့ ပျိုမေများအတွက်

ရာသီရက် ရာသီရက်ရွှေ့ ရာသီလာမယ့်ရက် ဟော်မုန်း ရာသီစက်ဝန်း အီစထရိုဂျင်း တားဆေး ကိုယ်ဝန်တား ရာသီနောက်ကျ သန္ဓေတားဆေး ကွန်ဒုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။

ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 18, 2020 . 2 mins read
လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 18, 2020 . 2 mins read
သားဥကြွေ ခါနီးရင် ဘာတွေ ခံစားရမလဲ။

သားဥကြွေ ခါနီးရင် ဘာတွေ ခံစားရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 8, 2020 . 2 mins read
အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read