ကလေးက ကာကွယ်ဆေးထိုးပြီးချိန်မှာဆေးထိုးထားတဲ့ အရှိန်ကြောင့် မအီမသာမဖြစ်စေဖို့ ပါရာစီတမောတိုက်ပေးလို့ရပါတယ်။ ကလေးတွေအတွက်ထုတ်ထားတဲ့ဆေးရည်ဖြစ်ဖို့လိုသလို ဆရာဝန်ညွှန်ကြားတဲ့ဆေးညွှန်းအတိုင်းသောက်ပေးပါ။
ကလေးကဖျားနာနေမယ်ဆိုရင်လည်း တိုက်ပေးလို့ရပါတယ်။ ဒါပေမယ့် ကလေးကိုစိတ်ထင်တိုင်းမတိုက်ဖို့နဲ့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှတိုက်ဖို့တော့ အမြဲသတိရပေးပါ။မွေးကင်းစကလေးတွေကိုတော့ မတိုက်ပါနဲ့။
ဖျားနာပြီဆိုရင်ဖြစ်ဖြစ် အဆစ်တွေထဲကနာကျင်ရင်ဖြစ်ဖြစ်ဆေးသောက်မယ်၊လို့တွေးလိုက်ရင် အရင်ဆုံးပြေးမြင်တာက ပါရာစီတမောပါ။ ကိုယ်ဝန်ဆောင်နေလို့ ပါရာစီတမော မသောက်ရဘူးဆိုတာတော့မရှိပါဘူး။ နည်းနည်းတော့သောက်လို့ရပါတယ်။ရေရှည်စွဲမသောက်ဖို့ သတိပေးပါရစေ။
နို့တိုက်မေမေတွေရောပါရာစီတမောသောက်လို့ရလား
နို့တိုက်နေရချိန်မှာ ဖျားနာကိုက်ခဲတဲ့အခါ ဘာဆေးများသောက်ရမလဲလို့တွေးလိုက်ရင် ပါရာစီတမောကို အရင်ပြေးမြင်မယ်ထင်ပါတယ်။ပြီးရင် ထပ်တွေးမိတာကသောက်လို့မှရပါ့မလားပေါ့။သောက်လိုက်ရင် နို့ကနေတဆင့်ကလေးဆီရောက်ပြီး ကလေးကိုထခိုက်မှာစိုးတာလေ။ဆေးပမာဏခပ်နည်းနည်းလောက်က ကလေးကို မထိခိုက်စေနိုင်ပါဘူး။ရေရှည်စွဲသောက်တာ ပမာဏအများကြီးသောက်တာမျိုးမဟုတ်ရင် အဆင်ပြေပါတယ်နော်။ ပိုသေချာချင်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါနော်။
ပါရာစီတမောကို အခြားဆေးတွေနဲ့တွဲသောက်လို့ရလား
ပါရာစီတမောကို ပါရာစီတမောထည့်သွင်းထုတ်လုပ်ထားတဲ့ အခြားသောဆေးဝါးတွေနဲ့တော့ တွဲမသောက်သင့်ပါဘူး။ခေါင်းကိုက်သက်သာစေတဲ့ဆိုတဲ့ဆေးတွေ၊ အဖျားပျောက်စေတဲ့ဆိုတဲ့ဆေးတွေ၊ချောင်းဆိုးပျောက်ဆေးတွေနဲ့ ပါရာစီတမောကိုတွဲမသောက်သင့်ပါဘူး။ ဒီလိုတွဲသောက်တာက အသည်းပျက်စီးစေနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ပါရာစီတမောကို Antibioticsတွေနဲ့တွဲသောက်လို့ရပါတယ်။
ဘယ်လိုအနေအထားမှာ မသောက်သင့်ဘူးလဲ
- တကယ်လို့ ပါရာစီတမောဓါတ်မတည့်မှုရှိနေမယ်ဆိုရင်
- အခြားသောပါရာစီတမောပါတဲ့ဆေးတွေသောက်ထားတဲ့အချိန်
- အသည်းရောဂါခံစားနေရတယ်ဆိုရင်
- ကျောက်ကပ်ရောဂါခံစားနေရတယ်ဆိုရင်
- အရက်သောက်တာကြောင့်ရောဂါတစ်ခုခုခံစားနေရတယ်ဆိုရင်
- အရမ်းပိန်လွန်းနေတယ်ဆိုရင်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။