ကြောင်လျှာသီး က ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ကို ပိုင်ဆိုင်ထားပါတယ်။ ခန္ဓာကိုယ်ကို ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကြောင့် ထိခိုက်မှု မရှိအောင် ကာကွယ်ပေးပါတယ်။
ကြောင်လျှာသီးက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆဲလ်တွေ ထိခိုက်မှု မရှိအောင် ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
ရောင်ရမ်းမှုကို သက်သာစေတယ်
ကြောင်လျှာသီးကို နာတာရှည် ရောင်ရမ်းတာကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။ အဆစ်နာသူတွေအတွက် သင့်တော်တဲ့ သဘာဝဆေးတစ်မျိုးပါ။
အသည်း ကျန်းမာစေတယ်
ကြောင်လျှာသီးက အသည်း ထိခိုက်ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဆေးတွေ သောက်သုံးရတာကြောင့် အသည်း ထိခိုက်တာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။