backup og meta

ဘေဘီလေး ကြက်မောက်သီး စားလို့ ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး ကြက်မောက်သီး စားလို့ ရလား

    ကြက်မောက်သီး က ချိုချိုလေးနဲ့ အရသာရှိသလို ကလေးတွေ အကြိုက်တွေ့မယ့် အရသာမျိုးပါ။ ဒီလို အသွင်အပြင်ကအစ ဘေဘီလေးတွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ ကြက်မောက်သီးလေးကို ဘေဘီလေးက စားချင်တယ်လို့ ဆိုလာရင် ကျွေးလို့ ရပါ့မလား ….. ဘေဘီလေးနဲ့ တည့်ပါ့မလားဆိုပြီး စိတ်ပူနေတဲ့ မေမေတွေ ရှိလား …. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

    ကြက်မောက်သီး ဆိုတာ

    ကြက်မောက်သီး ဆိုတာက အရှေ့တောင်အာရှ ဒေသမျိုးရင်းဝင် အပင်တစ်မျိုးပါ။ ပေ ၈၀ (၂၇ မီတာ ) အမြင့်ရှိပြီး အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ကြီး တစ်ပင်ရဲ့ အသီးတွေပါ။ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ပေါက်ရောက်ပါတယ်။

    ကြက်မောက်သီးက နုစဉ်မှာ အစိမ်းရောင်လေး ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ နီနီရဲရဲလေး ဖြစ်လာပြီး အခွံပေါ်မှာ အမွှေးလေးတွေ ပေါက်နေတာပါ။ အပေါ်ခွံကို  နွှာပြီး အထဲက အသီးရဲ့ အသားလွှာလေးကို စားရတာပါ။ အစေ့ကို ဖယ်ပစ်ရပါမယ်။

    လိုင်ချီးသီး၊ သကြားသီးတို့နဲ့ မျိုးရင်းတူပါတယ်။ အသားလွှာပုံစံချင်း တူသလို ချိုတဲ့အရသာချင်းလည်း ပါတယ်။

    ကြက်မောက်သီးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ

    ဘေဘီလေး ကြက်မောက်သီး စားလို့ ရလား

    စားရတာ အရသာရှိတဲ့ ကြက်မောက်သီးလေးမှာ

  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • အဆီဓာတ်
  • ပရိုတင်း
  • Thiamine (ဗီတာမင် B1)
  • Riboflavin (ဗီတာမင် B2)
  • Niacin (ဗီတာမင် B3)
  • ဗီတာမင် B6
  • ဗီတာမင် C
  • သံဓာတ်
  • မဂ္ဂနီဆီယမ်
  • မဂ္ဂနိစ်
  • ဖော့စဖရပ်
  • ပိုတက်ဆီယမ်
  • ဇင့်တို့ ပါဝင်နေပါတယ်။
  • ဘေဘီလေး ကြက်မောက်သီး စားလို့ ရလား ….. ဆိုတော့ ရပါတယ်။ အရမ်းငယ်သေးရင် မရပေမယ့် ဘေဘီလေးက အသက် ၈ လကျော်ပြီ solid food လည်း စစားနိုင်ပြီဆိုရင် ကြက်မောက်သီးကို အသားလေး လွှာပြီး ကျွေးလို့ ရပါတယ်။

    သီးတာမျိုး နင်တာမျိုး မဖြစ်စေဖို့တော့ အရွယ်တော်လေးတွေ တုံးပေးတာမျိုး လုပ်ပေးဖို့ လိုပါမယ်။ အစေ့ကနင်တာ၊ အဆိပ်အတောက် ဖြစ်စေနိုင်တာကြောင့် အစေ့မပါစေဖို့တော့ သတိထားပေးဖို့ လိုပါမယ်။

    ကြက်မောက်သီးက ဘေဘီလေးကို ကျန်းမာစေလား

    ကြက်မောက်သီး စားပေးတာက ဘေဘီလေးကို ကျန်းမာစေနိုင်ပါတယ်။ အကြောင်းကတော့ ကြက်မောက်သီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ အရေပြား နဲ့ အရိုးတွေ ကျန်းမာစေသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ်ကို စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။

    နောက်တစ်ချက် အနေနဲ့က ကြက်မောက်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက ဘေဘီလေးကို အစာကြေစေပြီး အူနံရံတွေက အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမှန်စေသလို ဘေဘီလေးကို အစာခြေစနစ် ပြဿနာတွေကနေ ကင်းဝေးစေမှာပါ။ အူထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကိုလည်း အာဟာရ ဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။

    ဇင့်ဓာတ် ပါဝင်နေမှုက ကိုယ်ခံအားကို အားဖြည့်စေပြီး ဖျားနာမှု ကင်းစေမှာပါ။ အရေပြားကိုလည်း ကျန်းမာစေမှာဖြစ်ပါတယ်။ ဗီတာမင် E ပါဝင်နေတာကလည်း အသားအရေကို ကျန်းမာစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။

    ပရိုတင်း ပါဝင်နေမှုကလည်း ဘေဘီလေးရဲ့ အရိုးတွေကို သန်မာစေပြီး ကြွက်သားတွေကို အားဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေအပြင် ကြက်မောက်သီးက ဘေဘီလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေပြီး အာရုံစူးစိုက်မှု ကောင်းစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။

    တစ်ခု သတိထားရမှာက ကြက်မောက်သီးက မှည့်လေလေ အချိုများလေလေပါ။ အရမ်းမှည့်တာမျိုး မကျွေးမိအောင် သတိထားမိဖို့ လိုသလို ချိုလွန်းရင် သွားတွေကို ထိခိုက်စေနိုင်တာကြောင့် အများကြီး မကျွေးမိဖို့လည်း ဂရုစိုက်စေချင်ပါတယ်။

    လတ်ဆတ်ပြီး သေချာသန့်စင်ထားတာမျိုးကိုပဲ ပြင်ဆင်ပေးဖို့ ပြောပါရစေ။

    ဘေဘီလေး ကြက်မောက်သီး စားလို့ ရလား ဆိုတဲ့ အဖြေ ထွက်လောက်ပြီဟုတ် မေမေ ……

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement