ကီဝီသီးမှာ ဗီတာမင် C၊ carotenoidsနဲ့ polyphenols တို့ ပါဝင်နေမှုက ကိုယ်ခံအားကို အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဖျားနာမှု ကင်းစေဖို့ ကူညီပေးသလို အဖျား တာတိုစေဖို့လည်း ထောက်ကူပေးပါတယ်။ အခုလို တုပ်ကွေးရာသီမှာ ကီဝီသီးလိုမျိုး ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေ စားပေးတာက တုပ်ကွေးကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။
ကိုက်လန်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝစွာ ပါဝင်နေသလို ဖောလိတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် K တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် သံဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဖရုံစေ့မှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အအေးမိ၊ တုပ်ကွေးတို့ကို ကာကွယ်တိုက်ထုတ်ဖို့ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။ တုပ်ကွေး ကာကွယ်ဖို့ တစ်နေ့ကို ဖရုံစေ့ လက်တစ်ဆုပ်စာ စားပေးဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။