home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကီဝီသီးကို စားပေးသင့်တဲ့ အကြောင်းရင်း(၆)ခု

ကီဝီသီးကို စားပေးသင့်တဲ့ အကြောင်းရင်း(၆)ခု

ကီဝီသီး လေးတွေကို မကြာခဏစားဖြစ်လား။ ဖျော်သောက်ရင်လည်း အနံ့လေးက လူကိုလန်းဆန်းစေပြီး ချိုချဉ်အရသာနဲ့ ခံတွင်းရှင်းစေပါတယ်။ ကယ်လိုရီနည်းပြီး ဗီတာမင် C ၊ ဗီတာမင် E နဲ့ K တို့အပြင် ပိုတက်စီယမ် နဲ့ဖောလိတ်ဓါတ်တွေအပါအဝင် အရေးပါတဲ့အာဟာရဓါတ်တွေကြွယ်ဝတာက သူ့ရဲ့အားသာချက်ပါ။

အမျှင်ဓါတ်ပါဝင်မှုလည်းမနည်းသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝတဲ့အတွက် အစာခြေစနစ်အတွက်ကောင်းတယ်၊ နှလုံးအတွက်အကျိုးပြုတယ်။ ဒီလိုကောင်းတဲ့အသီးအနှံလေးတွေကို အခုဆို စူပါမားကတ်တွေမှာ လွယ်လွယ်ကူကူ ရာသီမရွေးရနိုင်နေပြီဆိုတော့ ကျန်းမာရေးအတွက်ဖြည့်စွက်စားသုံးဖို့ မခက်တော့ပါဘူးနော်။ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်မှုပုံစံမှာက အသား၊ အသီးအရွက်နဲ့ သီးနှံလေးတွေပါရမယ်ဆိုတာ အခြေခံအချက်ပဲမဟုတ်လား။

ကီဝီသီးက ဘာများကောင်းလို့လဲ

ကီဝီသီးကို စားပေးသင့်တဲ့ အကြောင်းရင်း(၆)ခု

ဘာတွေကောင်းလဲသိချင်ရင် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၆) ခုကိုအောက်မှာဆက်ပြီးဖတ်ကြည့်လိုက်နော် –

(၁) ကိုယ်ခံအားကောင်းစေတယ်

ကီဝီသီးက အရွယ်အစားသာသေးတာ၊ ကီဝီတစ်လုံးဆို အနေတော်လိမ္မော်သီးတစ်လုံးလောက်နီးနီး ဗီတာမင် C ပါဝင်ပါတယ်။ ဒီပမာဏဟာ အရွယ်ရောက်ပြီးအမျိုးသမီးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏလောက်ရှိပါတယ်။ဗီတာမင် C က ကိုယ်ခံအားစနစ်ကိုကောင်းစေပြီး ခန္ဓါကိုယ်အတွင်းမှာ ဆဲလ်တွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုလိုလည်း လုပ်ဆောင်ချက်ရှိပါတယ်။

(၂) ပန်းနာရင်ကျပ် သက်သာစေတယ်

ကီဝီသီးမှာပါတဲ့ ဗီတာမင် C နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ပန်းနာရင်ကျပ်ရှိသူတွေအတွက် အကျိုးပြုပါတယ်။ ၂၀၀၀ ခုနှစ်က သုတေသနတစ်ခုအရ ကီဝီအပါအဝင် လတ်ဆတ်တဲ့အသီးအနှံတွေ ပုံမှန်စားသုံးတဲ့သူတွေမှာ အဆုတ်ရဲ့လုပ်ဆောင်ချက်ပိုကောင်းစေတာတွေ့ရပါတယ်။ ကလေးတွေမှာ ဖြစ်တတ်တဲ့ အသက်ရှူသံတရွှီရွှီဖြစ်နေတာတွေကိုပါ ကီဝီသီးက သက်သာစေနိုင်ပါတယ်။

(၃) အစာကြေစေတယ်

ကီဝီသီးနှစ်လုံးစာ တစ်ပန်းကန်မှာ အမျှင်ဓါတ် ၄ ဂရမ် ပါဝင်ပြီး အုတ်ဂျုံတစ်ပန်းကန်လုံးစာနဲ့ ညီမျှပါတယ်။ အခွံပါစားမယ်ဆိုရင် အမျှင်ဓါတ်ပိုပြီးရနိုင်ပါတယ်နော်( ကီဝီသီးမှည့်ကို အခွံပါ တစ်လုံးလုံးစားလို့ရပါတယ်)။ အမျှင်ဓါတ်ကြောင့် ဗိုက်ပြည့်တင်းတိမ်စေပြီး အလွန်အကျွံမစားမိအောင် ထိန်းပေးနိုင်ပါတယ်။ ကီဝီသီးမှာပါတဲ့actinidin အင်ဇိုင်းကြောင့် ခန္ဓါကိုယ်တွင်း ပရိုတင်းဖြိုခွဲမှုမှာအကူအညီပေးပြီး အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။

(၄) သွေးတိုးကျစေတယ်

ကီဝီနှစ်လုံးစာမှာ အနေတော်ငှက်ပျောသီးတစ်လုံးရဲ့ ပိုတက်စီယမ်ပမာဏနဲ့ ညီမျှတဲ့ပမာဏ ပါရှိပါတယ်။ သူ့ရဲ့ပိုတက်စီယမ်ကြွယ်ဝမှုကြောင့်သွေးဖိအားကို ကျစေနိုင်တယ်။ ၂၀၁၁ ခုနှစ်က သုတေသနအရ တစ်နေ့ကို ကီဝီသီး ၃ လုံးစားတဲ့သွေးတိုးရှိသူတွေဟာလေ့လာမှုကာလအပြီးမှာသွေးဖိအားကို ထိန်းနိုင်တာကိုတွေ့ရပါတယ်။

(၅) မျက်စိအားကောင်းစေတယ်

(၅) မျက်စိအားကောင်းစေတယ်

ကီဝီသီးမှာlutein နဲ့zeaxanthin တို့ပါဝင်မှုများပါတယ်။ ဒီဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခရမ်းလွန်ရောင်ခြည်၊ စီးကရက်ငွေ့နဲ့လေထုတ်ညစ်ညမ်းမှုတို့လို အရာတွေကြောင့် မျက်စိထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၆)သွေးခဲပိတ်ဆို့မှုကို ကာကွယ်ပေးတယ်

ကီဝီသီးကသွေးကျဲစေတဲ့အာနိသင်ပါရှိလို့လေဖြတ်ခြင်း၊ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်းနဲ့ တခြားအရေပြားပြဿနာတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကီဝီကို အရင်က စားလေ့မရှိဘူးဆိုရင် ကိုယ်စားသုံးမယ့်သီးနှံစာရင်းမှာ အခုပဲထည့်ထားလိုက်ပါတော့။ အသီးအနှံလေးတွေမှာ မတူညီတဲ့ပါဝင်မှုပမာဏနဲ့ အာဟာရဓါတ်မျိုးစုံပါဝင်ကြတာကြောင့်အသီးတစ်မျိုးတည်းကို ကြာရှည်စားနေတာထက် အပြောင်းအလဲလေးတွေစားကြည့်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 15/02/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။