backup og meta

နွေပူပူမှာ ကိုယ်ဝန်ဆောင်လေဒီတွေ ဘာစားကြမလဲ

နွေပူပူမှာ ကိုယ်ဝန်ဆောင်လေဒီတွေ ဘာစားကြမလဲ
နွေပူပူမှာ ကိုယ်ဝန်ဆောင်လေဒီတွေ ဘာစားကြမလဲ

ကိုယ်ဝန်ဆောင် ကာလမှာ အာဟာရ ပြည့်ဝဖို့က ပုံမှန် အချိန်တွေထက်ကို ပိုအရေးကြီး ပါတယ်။ ဒါမှ မိခင်ရော ကလေးပါ ကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အာဟာရ ပြည့်ဝအောင် စားသုံးမှုက ကလေးမှာ နာတာရှည်ရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။ အစားအစာ ဆိုတာကလည်း စားတတ်မှ အာဟာရ ဖြစ်တာပါ။ မစားတတ်ဘူးဆိုရင် အာဟာရ ပြည့်ဖို့ဆိုတာထက် ဘေးဥပါဒ် ဖြစ်ဖို့က ပိုများနေနိုင်ပါတယ်နော်။ ဒီတစ်ခေါက်တော့ နွေပူပူမှာ မေမေရော ကလေးပါ ကျန်းမာဖို့ နွေပူပူမှာ ကိုယ်ဝန်ဆောင် လေဒီတွေ ဘာစားကြမလဲ ဆိုတာကို ပြောပြပေးပါရစေနာ်။

နွေပူပူမှာ ကိုယ်ဝန်ဆောင်လေဒီတွေ ဘာစားကြမလဲ

နွေပူပူမှာ ကိုယ်ဝန်ဆောင်လေဒီတွေ ဘာစားကြမလဲ ………. ဆိုတော့ နွေရဲ့ အပူဒဏ် အောက်မှာ ကျန်းမာနေစေဖို့ ကိုယ်ဝန်ဆောင် လေဒီလေးတို့ အနေနဲ့ ဒါလေးတွေ စားပေးလို့ ရပါတယ်နော်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကိုယ်ဝန်ဆောင် ကာလ အတွင်းမှာ ကိုယ်ခံအား ကောင်းစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ ဗီတာမင် C နဲ့ ဗီတာမင် Eတို့ ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် နွေပူပူမှာ ဟင်းသီးဟင်းရွက် ကြော်လေးဖြစ်ဖြစ် ဟင်းရွက်သုပ်လေးဖြစ်ဖြစ် စားပေးလို့ ရပါတယ်နော်။

ဖရဲသီး

နွေရာသီမှာ ရင်တကယ် အေးစေတဲ့ အသီးတစ်ခုပါ။ ရေဓာတ် ဖြည့်ပေးနိုင်ပြီး လန်းဆန်း စေနိုင်ပါတယ်။ နွေပူပူမှာ ဖရဲသီး ချိုချိုအေးအေးလေး စားပေးလို့ ရပါတယ်နော်။

ကြက်ဥပြုတ်

ပရိုတင်း ကြွယ်ဝစွာ ပါဝင်ပြီး ကိုယ်ဝန်ဆောင် မေမေတို့ကို အပူဒဏ် ခံနိုင်စေတဲ့ စားစရာ တစ်ခုပါ။ ကိုယ်ဝန်ဆောင် မိခင်တို့ အတွက်လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးနိုင်တယ်ဆိုမှတော့ အဆာပြေလေးဖြစ်ဖြစ်တော့ စားသင့်ပါတယ်နော်။

ဘယ်ရီသီးတွေ

ရာသီပေါ်စာလေးတစ်ခုဖြစ်သလို စားလို့လည်းကောင်းပါတယ်နော်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါသေးတယ်နော်။ ဒီတော့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့အပါအဝင် ဘယ်ရီသီးလေးတွေကို သင့်တင့်မျှတအောင် စားသုံးပေးပါ။

သခွားသီး

ရေဓာတ်ကြွယ်ဝစွာပါဝင်ပြီး မျက်လုံးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကိုအေးသွားစေတာပါ။ ညဘက်အိပ်မပျော်တာနဲ့ အရေပြားဓာတ်မတည့်မှုတွေကို ပါသက်သာစေနိုင်ပါတယ်နော်။ လေပွမှာစိုးရင်လည်း နည်းနည်းလောက်တော့ စားပေးလို့ရပါတယ်။

ခရမ်းချဉ်သီး

နေ့တိုင်းချက်ပြုတ်တဲ့ဟင်းလျာတွေမှာ ပါတတ်စမြဲပါနော်။ အရသာရှိသလို ခန္ဓာကိုယ်ကို အေးမြစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ နေလောင်ဒဏ်ကိုလည်းသက်သာစေနိုင်ပါသေးတယ်နော်။ နွေအပူဒဏ်ကြောင့် အရေပြားပြဿနာကနေ ကင်းဝေးချင်တဲ့ ကိုယ်ဝန်ဆောင်လေဒီလေးတွေအနေနဲ့ ခရမ်းချဉ်သီးကို မေ့ထားလို့မရပါဘူးနော်။

ပူဒီနံ

အသားအရေကို အေးစေနိုင်ပါတယ်။ သောက်မယ့်ရေထဲကို ပူဒီနံရွက်လေးထည့်စိမ်ပြီး သောက်ပေးလို့ရပါတယ်။ နွေအပူဒဏ်ကြောင့် မသက်မသာဖြစ်တာတွေကနေ ကင်းဝေးစေဖို့ ပူဒီနံလေးစားပေးလို့ရပါတယ်နော်။

ဒိန်ချဉ်

ပရိုတင်းဓာတ်ပါဝင်နေသလို ဝမ်းမှန်စေပြီး နွေလတွေရဲ့ အပူဒဏ်ကို လျော့ပါးသက်သာစေမှာ အသေအချာပါ။

ဒါတွေအပြင်

  • ဆန်လုံးညို၊
  • ရေချိုငါး၊
  • ငှက်ပျောသီး၊
  • မုန်လာဥနီ၊
  • ပဲအမျိုးမျိုးတို့ကို စားသုံးပေးလို့ရပါတယ်နော်။

နွေပူပူမှာ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာနေစေဖို့ အခုပြောခဲ့တာတွေကို စားသုံးပေးလို့ ရပါတယ်နော်။ နေပူထဲမထွက်ဘဲ အရိပ်ရတဲ့နေရာမျာနားနေဖို့ လိုသလို လေဝင်လေထွက်ကောင်းတဲ့ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ဖို့လည်း မမေ့ပါနုဲ့နော်။

ကဲ…….ပူပြင်းတဲ့နွေရာသီကို အကောင်းဆုံးကျော်ဖြတ်ရအောင်လား ကိုယ်ဝန်ဆောင်မေမေတို့ရေ………………….

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top Tips for Pregnancy Nutritionhttps://www.webmd.com/baby/features/top-tips-pregnancy-nutrition#1 Accessed Date 19 March 2019

10 Summer Foods To Eat During Pregnancyhttps://www.mother.ly/lifestyle/10-summer-foods-to-eat-during-pregnancy Accessed Date 19 March 2019

7 Tips to Eating Healthy During Pregnancyhttps://www.medicinenet.com/script/main/art.asp?articlekey=155877 Accessed Date 19 March 2019

ယခုပုံစံ

03/03/2025

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် Omega -3 သောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတိုးဖြစ်နိုင်ခြေနည်းစေနိုင်

ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကိုယ်အလေးချိန်တိုးလာခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement