backup og meta

ချက်ကြိုးနှင့် ပတ်သက်ပြီး ပြုလုပ်ရမည့်အချက်များနှင့် မပြုလုပ်ရမည့် အချက်များ

မွေးကင်းစကလေးများ၏ မိခင်များသည် သူတို့၏ကလေးကို ဂရုစိုက်စောင့်ရှောက်ရန် တာဝန်ကြီးတခုဖြစ်လာပါသည်။ အထူးသဖြင့် မွေးပြီးရက်အနည်းငယ်အတွင်းတွင် ကလေးကို ကျန်းမာပြီး ဘေးကင်းအောင်စောင့်ရှောက်ရန်မှာ အထူးအရေးကြီးပါသည်။ ကလေးစထွက်ထွက်လာချိန် ပထမဦးစွာ ဆရာဝန် သို့မဟုတ် သားဖွားဆရာမက ချက်ကြိုးဖြတ်ပေးရပါသည်။

ရက်သတ္တပတ်အနည်းငယ်ကြာလာသောအခါ ချက်ကြိုးဖြတ်ရာမှ ကျန်ရစ်ခဲ့သော အစလေးသည် တဖြေးဖြေး မဲပြီး ခြောက်သွားကာ နောက်ဆုံးတွင် ချက်ကြွေကျသွားပါလိမ့်မည်။ ယင်းသည် သဘာဝဖြစ်စဉ်တခုဖြစ်သော်လည်း ထိုဖြစ်စဉ် တလျှောက်တွင် ကလေး၏ချက်ကြိုးကို စောင့်ရှောက်ရန်မှာ အလွန်အရေးကြီးပါသည်။

ချက်ကြိုးကို စောင့်ရှောက်ရာတွင် ပြုလုပ်ရမည့်အချက်များ

ကလေးမွေးပြီး ၃ ပတ်ခန့်အကြာတွင် သင့်ကလေး၏ ချက်ငုတ်တိုသည် တဖြေးဖြေး မဲပြီး ခြောက်သွားကာ နောက်ဆုံးတွင် ချက်ကြွေကျသွားပါလိမ့်မည်။ အောက်ပါတို့သည် ချက်ကြွေပြီးနောက် ပြုလုပ်ရမည့် သန့်ရှင်းရေးလုပ်ငန်းစဉ်များ ဖြစ်ပါသည်

  • ချက်ငုတ်တိုကို ညင်သာစွာ သန့်ရှင်းပါ။

မိဘအများစုသည် ချက်ကြိုးတွင် ဘက်တီးရီးယားပိုးများကင်းစေရန် အရက်ပြန်ဖြင့် သန့်ရှင်းရေးလုပ်တတ်ကြသည်။ သို့သော် သိပ္ပံပညာရှင်များ၏ အဆိုအရ ချက်ကိုရိုးရိုးရေသန့်ဖြင့် သန့်ရှင်းခြင်းက ပိုပြီး အနာကျက်လွယ်စေသည်ဟုဆိုပါသည်။ အကယ်၍ချက်ပတ်လည်တွင် စေးကပ်ပြီး ညစ်ပတ်နေပါက သန့်ရှင်းသော အဝတ်စဖြင့် သန့်စင်ပေးခြင်းက ပိုပြီးထိရောက်မှုရှိပါသည်။

  • ချက်ငုတ်တိုကို ခြောက်သွေ့အောင်ထားပါ။

သင့်ကလေးကို ဒိုင်ပါဝတ်ပေးသည့်အခါ ဒိုက်ပါကို ချက်ကိုမဖုံးဘဲ ချက်အောက်မှနေပြီး ဝတ်ပေးပါ။ ဒိုင်ပါကို အသုံးမပြုဘဲ မစင်များကို စက္ကူဖြင့်လည်း သုတ်နိုင်ပါသည်။ ပူအိုက်သောရာသီများတွင် ချက်ကို အပြင်လေနှင့် ထိတွေ့အောင်ထားပါ။ ဒိုင်ပါကို တနေကုန်ဝတ်ဆင်မည့်အစား ချည်ထည်ပါးပါးများကိုသာ ဝတ်ဆင်ပါ။

  • ရေမြှုပ်ဖြင့် ရေချိုးပါ။

ရေမြှုပ်ဖြင့် ရေချိုးခြင်းသည် သင့်ကလေး၏နုနယ်သော အသားအရေအတွက် နည်းလမ်းကောင်းဖြစ်ပါသည်။ ချက်ကြွေကျပြီးနောက် သင့်ကလေး၏ချက်ကို ရေမြှုပ်ဖြင့်ပွတ်တိုက်သန့်စင်ပေးပါ။ နာကျင်မှာကို မစိုးရိမ်ပါနှင့်။

  • ချက်ငုတ်တိုကို သူ့အလိုလိုကြွေကျအောင်ထားလိုက်ပါ။

ကလေးငယ်၏ ချက်ငုတ်တိုကိုကြွေကျအောင် လက်ဖြင့် ပြုလုပ်ခြင်းသည် ကလေးငယ်ကို နာကျင်စေသည့်အတွက် မပြုလုပ်ပါနှင့်။ သူ့အချိန်တန်လျှင် ချက်ငုတ်တိုလေးသည် သူ့အလိုလို ကြွေကျသွားမည်ဖြစ်ပါသည်။

  • ရောဂါပိုးဝင်သော လက္ခဏာများရှိမရှိ သတိပြုပါ။

ချက်ကြွေပြီးနောက် ချက်တဝိုက်တွင် သွေးစလေးများရှိနေမည်ဖြစ်သည်။ ယင်းသည် စိုးရိမ်စရာမဟုတ်ပါ။ သို့သော် ချက်ပတ်လည်တွင် နီရဲနေခြင်း၊ ရောင်ရမ်းနေခြင်း၊ အနံ့ဆိုးများထွက်နေခြင်းတို့သည် ရောဂါပိုးဝင်နေသော လက္ခဏာများဖြစ်ပါသည်။ ထိုသို့ဖြစ်လာပါက တတ်သိနားလည်သော ကျန်းမာရေးဝန်ထမ်းများထံသွားပြီး ပြရပါမည်။

ချက်ကြိုးကို စောင့်ရှောက်ရာတွင် မပြုလုပ်ရမည့်အချက်များ

  • ချက်ကြိုးကို သင့်လက်ဖြင့် ဆွဲထုတ်ခြင်း မပြုလုပ်ပါနှင့်။

ချကိကြိုးသည် ပြတ်လုနီးနီး အမျှင်တန်းလေးဖြစ်နေလျှင်တောင် ထိုသို့ဖြစ်ခြင်းသည် ချက်ကြိုးညှပ်ရာတွင် အနည်းငယ်စောသွားခြင်းဖြစ်သည့်အတွက် စိုးရိမ်စရာမရှိပါ။ သူ့အလိုလို ကြွေကျမည့် အချိန်ကို စောင့်နေလိုက်ပါ။

  • ချက်တဝိုက်ကို ရေပူဖြင့် သန့်ရှင်းရေးလုပ်ခြင်း၊ ကြမ်းတမ်းစွာပွတ်တိုက်ခြင်းမပြုလုပ်ပါနှင့်။

ချက်အနာကျက်နေသည့် အချိန်တွင် ရေမြှုပ်ကိုသာ အသုံးပြုပြီး သန့်ရှင်းရေးလုပ်သင့်ပါသည်။ ချက်အနာမကျက်သေးသ၍ သင့်ကလေးကို ရေချိုးခွက်ထဲတွင် ရေချိုးပေးခြင်းပြုလုပ်နိုင်ပါသည်။

သင့်ကလေး၏ ချက်ငုတ်တိုကို မည့်သည့်အရာနှင့်မျှ ဖုံးအုပ်မထားပါနှင့်။ အထူးသဖြင့် ချက်အနာကျက်နေစဉ်အချိန်တွင် ချက်ကိုသန့်ရှင်းပြီး ရောဂါပိုးမဝင်စေရန်ထားပေးပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The do’s and don’ts of caring for baby’s umbilical cord.

https://www.pregnancymagazine.com/baby/caring-for-babys-umbilical-cord. Accessed December 11, 2016.

The Do’s And Don’ts For Caring Your Baby’s Umbilical Cord.

http://www.parentherald.com/articles/23218/20160224/the-dos-and-donts-for-caring-your-babys-umbilical-cord.htm. Accessed December 11, 2016.

Taking care of the stump.

http://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/umbilical-cord/art-20048250?pg=2.Accessed December 11, 2016.

ယခုပုံစံ

10/08/2022

Dr. K Zin Thwe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement