backup og meta

သားသားလေးလား မီးမီးလေးလား

သားသားလေးလား မီးမီးလေးလား

မကြာခင်မိခင်တစ်ယောက်ဖြစ်ရတော့မယ်ဆိုတော့ အရမ်းစိတ်လှုပ်ရှားနေလား။ ကိုယ်ဝန်ဆောင်တယ်ဆိုတာက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝတစ်လျှောက်မှာ အကြီးမားဆုံးသောစွန့်စားမှုကြီးကိုလုပ်ဆောင်တာပါ။ မိခင်ဘဝက ခက်ခဲ ပင်ပန်းပေမယ့် စိတ်လှုပ်ရှားစရာတွေကလည်း အပြည့်အနှက်ပါပဲ။ မျက်နှာတောင်မမြင်ရသေးတဲ့ ဗိုက်ထဲကသေးသေးလေးက သားသားလေးများဖြစ်မလား မီးမီလေးများဖြစ်မလားဆိုတာကလည်းတော်တော်လေးစိတ်လှုပ်ရှားရတဲ့ အချက်တစ်ခုပါ။ ဒီတစ်ခေါက်တော့ နည်းပညာအကူအညီမပါဘဲ သားသားလေးလား မီးမီးလေးလား ခွဲခြားလို့ရမယ့် အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

ကိုယ်တိုင်မှာပဲဖြစ်ဖြစ် ကိုယ်ချစ်ရတဲ့သူအတွက်ပဲဖြစ်ဖြစ် တစ်ချက်လောက်တော့ ဖတ်ကြည့်လိုက်နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓါကိုယ်မှာ ဘာတွေပြောင်းလဲလာသလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ သားသားလေးနဲ့ မီးမီးလေးဆိုပြီး ကွာခြားမှုကတော့ရှိနေတာပဲလေ။ သန္ဓေအောင်ပြီးချိန်ကနေစလို့ ရက်သတ္တပတ် ၃ ပတ်အတွင်းမှာ ကိုယ်ဝန်ဆောင်ထားရတဲ့ ရင်သွေးလေးရဲ့ လိင်အမျိုးအစားပေါ်လိုက်ပြီးမေမေတို့ရဲ့ ခန္ဓါကိုယ်မှာဖြစ်ပေါ်တဲ့ဟော်မုန်းပြောင်းလဲမှုကလည်း မတူနိုင်ပါဘူး။ မီးမီးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့ မိခင်တွေမှာhCG (human chorionic gonadotropin)ဟော်မုန်းပမာဏက ပိုများနေတတ်ပါတယ်။ ခန္ဓါကိုယ်မှာ hCG (human chorionic gonadotropin) ပမာဏများတဲ့အခါ မအီမသာဖြစ်တာ၊morning sickness (ကိုယ်ဝန်ဆောင်ချိန်ပျို့အန်ခြင်း) ဖြစ်တာ နဲ့ ရင်ပူတာတွေခံစားရနိုင်ခြေကတော်တော်လေး များပါတယ်။ သိပ္ပံနည်းကျလေ့လာထားမှုတွေအရ မီးမီးလေးတွေကို ကိုယ်ဝန်ဆောင်ထားရတဲ့မေမေတွေက သားသားလေးတွေရဲ့ မေမေတို့ထက် ကိုယ်ဝန်ဆောင်ချိန်ပျို့အန်ခြင်းကို ပိုပြီးပြင်းပြင်းထန်ထန်ခံစားရပါတယ်။

ရင်သွေးလေးက သားသားလေးဆိုရင်

သားသားလေးရဲ့မေမေဖြစ်မှာဆိုရင်တော့ –

  • ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ကိုယ်ဝန်ဆောင်ချိန်ပျို့အန်ခြင်း (Morning Sickness) ကို မခံစားရပါဘူး။
  • သန္ဓေသားရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၄၀ ထက်နည်းမယ်။
  • ဗိုက်ရဲ့ အရှေ့ဘက်ပိုင်းမှာ အလေးချိန်ပိုများနေမယ်။
  • ဗိုက်အနေအထားက ဘတ်စကပ်ဘောဘောလုံးလိုမျိုး လုံးလုံးလေးဖြစ်နေမယ်။
  • ရင်သားအရောင်က ပုံမှန်ထက်ပိုပြီး ရင့်လာမယ်။
  • ဗိုက်ကအောက်နည်းနည်းစိုက်မယ်။
  • အိပ်တဲ့အခါ ညာဘက်စောင်းအိပ်တာများမယ်။
  • အချဉ်၊အငန်တွေကို ချင်ချင်းတက်မယ်။
  • အသား နဲ့ ချိစ်လိုမျိုး ပရိုတင်းရနိုင်မယ့် အစားအသောက်တွေကို ပိုစားချင်နေမယ်။
  • ခြေဖျားလေးတွေက အရင်ကထက် ပိုအေးစက်နေမယ်။
  • ခြေထောက်မှာရှိနေတဲ့ အမွှေးတွေက အရှည်မြန်လာမယ်။
  • လက်တွေအရမ်းခြောက်မယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ပိုပြီးကြည့်လို့ကောင်းလာမယ်။
  • ဆီးအရောင်က အဝါရောင်ဖျော့ဖျော့ဖြစ်မယ်။
  • ခေါင်းကိုက်တာမျိုးဖြစ်မယ်။

ဒီအချက်တွေနဲ့တော်တော်များများတိုက်ဆိုင်နေရင်တော့မွေးလာမယ့် ရင်သွေးလေးက သားသားလေးပါ။

ရင်သွေးလေးက မီးမီးလေးဆိုရင်

မီးမီးလေးရဲ့မေမေဖြစ်မှာဆိုရင်တော့ –

  • ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ကိုယ်ဝန်ဆောင်ချိန်ပျို့အန်ခြင်း (Morning Sickness) ကို ခံစားရမယ်။
  • သန္ဓေသားရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၄၀ ထက်များမယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ အလေးချိန် တင်ပါးနဲ့ခန္ဓါကိုယ်နောက်ဖက်ပိုင်းမှာ ပိုများနေမယ်။
  • ဘယ်ဘက်ရင်သားက ညာဘက်ရင်သားထက်ပိုပြီးကြီးနေမယ်။
  • ဗိုက်ကအောက်မစိုက်ဘူး။
  • ဗိုက်က ဖရဲသီးလေးလိုဖြစ်နေမယ်။
  • အချိုတွေပိုစားချင်လာမယ်။
  • သစ်သီးတွေကို အရင်ကထက် ပိုစားချင်လာမယ်။
  • လိမ္မော်ရည် ချင်ချင်းတက်မယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ အရင်ကလောက်ကြည့်မကောင်းတော့ဘူး။
  • ကိုယ်ဝန်ဆောင်ချိန်မှာ အရင်ကထက် စိတ်ထိခိုက်လွယ်မယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ မျက်နှာက ပုံမှန်ထက်ပိုပြီး အဆီပြန်မယ်။ ဝက်ခြံဖြစ်လွယ်မယ်။
  • အိပ်တဲ့အခါ ဘယ်ဘက်စောင်းအိပ်တာများမယ်။
  • ပေါင်မုန့်စားတဲ့အခါ အနားသားတွေကို မစားဘူး။
  • ရင်သားတွေက အရင်ကထက်ပိုဖွံ့ဖြိုးလာမယ်။
  • ဆီးအရောင်က အဝါရောင်ရင့်ရင့်ဖြစ်မယ်။

ဒီအချက်တွေနဲ့ တော်တော်များများ တိုက်ဆိုင်နေမယ် ဆိုရင်တော့မွေးလာမယ့်ရင်သွေးလေးက မီးမီးလေးပါ။

အခုပြောခဲ့တဲ့ အချက်လေးတွေနဲ့ တိုက်ကြည့်ပြီး သားသားလေးလား မီးမီးလေးလား ဆိုတာကို ဆန်းစစ်ကြည့်လိုက်ပါနော်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.beingtheparent.com/boy-or-girl-do-pregnancy-symptoms-tell-it/

https://www.beingtheparent.com/signs-you-are-pregnant-with-a-boy/

https://www.healthline.com/health/pregnancy/signs-of-having-a-boy#5

https://www.today.com/parents/gender-prediction-how-guess-your-baby-s-sex-t75536

ယခုပုံစံ

03/07/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်စဉ် ရင်ပူခြင်းကို ဘယ်လိုသက်သာအောင် လုပ်မလဲ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အိပ်စက်ခြင်းဟာ မွေးဖွားခြင်းအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement