သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ဆောင် မေမေ ဗောက်သီး စားလို့ရလား

ကိုယ်ဝန်ဆောင် မေမေ ဗောက်သီး စားလို့ရလား

နွေနေအပူမှာ ဗောက်သီး အရသာချိုချိုလေးက အတော်လေး ခံတွင်းတွေ့စေပါတယ်။ ဒီလို ခံတွင်းတွေ့စရာ ကောင်းလှတဲ့ ဗောက်သီးက လူတိုင်းလိုလိုနဲ့ တည့်ပါတယ်။ သွေးတိုးရှိသူနဲ့ တည့်သလို ဆီးချိုရှိသူတွေနဲ့လည်း တည့်ပါတယ်။ ဒါဆိုရင် မေးစရာ ရှိတာက ကိုယ်ဝန်ဆောင် မေမေ ဗောက်သီး စားလို့ ရလား ဆိုတာပါ။

ဒီမေးခွန်လေးရဲ့ အဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။

ဗောက်သီး ဆိုတာ

ဗောက်သီး ဆိုတာက သေးငယ်ပြီး ရွှေဝါရောင် သန်းနေတဲ့ ဘယ်ရီသီးလေးတွေပါ။ တစ်လုံးချင်းစီကို အပေါ်က အခွံလေးတွေနဲ့ ကာရံထားပါတယ်။ အပင်က အရမ်းမကြီးပါဘူး။ အရွက်လေးတွေကက အစိမ်းရောင် နုနုလေးတွေကနေ အစိမ်းရောင်ရင့်ရင့်လေးတွေအထိ ဖြစ်နိုင်ပါတယ်။ အသီးလေးတွေက တော့ ဘောလုံးလေးလို လေဖောင်းဖောင်းလေးထဲမှာ သီးတာပါ။ အပေါ်ခွံလေးတွေက နုစမှာ စိမ်းပြီး အထဲက အသီးလေးတွေကလည်း စိမ်းပါတယ်။

မှည့်လာမှ အထဲက အသီးလေးက ရွှေဝါရောင် သန်းလာပြီး အပြင်ခွံလေးက အဝါဖျော့ရောင်လေးဖြစ်လို့ ခွာရလွယ်လာပါတယ်။ ဗောက်သီးတွေက တောင်အမေရိကဒေသမှာ ပေါက်ရောက်လေ့ရှိပြီး ကိုလံဘီယာ၊ အီကွေဒေါ နဲ့ ပီရူးတို့မှာ ပေါက်ရောက်တတ်ပါတယ်။

ဗောက်သီးမှာ ဘာတွေပါလဲ

ဗောက်သီးမှာ အသားအရေအတွက်ရော ခန္ဓာကိုယ်အတွက်ပါ အကျိုးပြုတဲ့

ကိုယ်ဝန်ဆောင် မေမေ ဗောက်သီး စားလို့ရလား

ကိုယ်ဝန်ဆောင် မေမေ ဗောက်သီး စားလို့ရလား ဆိုတဲ့ မေးခွန်းလေးကို မဖြေခင် ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ မေမေရေ ဘေဘီလေးပါ ကျန်းမာစေဖို့ ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို သစ်သီး တစ်မျိုးလောက်တော့ ပါအောင် စားသုံးသင့်တယ်လို့ အရင်ပြောပြချင်ပါတယ်။ ဒီလို စားသုံးပေးသင့်တဲ့ အသီးတွေထဲမှာ ဗောက်သီးလေးလည်း ပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင်တွေ ဗောက်သီး စားလို့ရလား ဆိုတော့ စားလို့ ရပါတယ်။ ဒါပေမယ့် တစ်ခုတော့ သတိထားစေချင်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေတို့ အနေနဲ့ ဗောက်သီးကို စားတော့မယ်ဆိုရင် ရေကို သေချာစင်ကြယ်အောင် ဆေးကြောပြီးမှ စားစေချင်ပါတယ်။ အကြောင်းကတော့ ဗောက်သီးကို ရေသေချာ စင်အောင် ဆေးပြီး မစားတဲ့အခါ Toxoplasmosis ဖြစ်စေနိုင်လို့ပါ။

Toxoplasmosis ဆိုတာက မြေဆီလွှာမှာ ရှိနေတတ်တဲ့ ကပ်ပါးပိုး တစ်မျိုးကြောင့် ဖြစ်ရတဲ့ ရောဂါပါ။ အမျိုးသမီးအများစုမှာ ဒီကပ်ပါးပိုးကို ခုခံ တိုက်ထုတ်နိုင်တဲ့ antibodies ရှိနေတတ်ပေမယ့် တကယ်လို့ သင့်မှာ မရှိဘူးဆိုရင် ရောဂါပိုးဒဏ်ကို ခံရမှာပါ၊၊

ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေတို့ အနေနဲ့ ဗောက်သီးအပါအဝင် အသီးအနှံတွေကို စားတော့မယ်ဆိုရင် သေချာလေး ဆေးကြောပြီးမှ စားစေချင်ပါတယ်။

ကိုယ်ဝန်ဆောင် မေမေ ဗောက်သီး စားတဲ့အခါ

ကိုယ်ဝန်ဆောင် မေမေ ဗောက်သီး စားတဲ့အခါ

ကိုယ်ဝန်ဆောင် မေမေ ဗောက်သီး စားတဲ့အခါ မေမေရော ဘေဘီလေးအတွက်ပါ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ဘေဘီလေးကို ကျန်းမာစေတယ်

ကိုယ်ဝန်ဆောင် ကာလမှာ ဗီတာမင် C ပြည့်ဝဖို့ အတော်လေး အရေးကြီးပါတယ်။ ဗီတာမင် C ပြည့်ဝနေမှ မေမေရော ဘေဘီပါ ကျန်းမာမှာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဗီတာမင် C ပြည့်ဝနေမယ်ဆိုရင် ဘေဘီလေးက ကိုယ်ခံအား ကောင်းမွန်မှာ ဖြစ်သလို နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ကင်းဝေးမှာပါ။ ဒါ့အပြင် အချို့သော ကင်ဆာတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။

ဗောက်သီးမှာ ပါတဲ့ ဗီတာမင် C က တစ်ရှူးတွေကို အသစ်ဖြစ်ပေါ်စေသလို အနာကျက်စေဖို့လည်း ထောက်ကူပေးပါတယ်။ ဘေဘီလေးရဲ့ အရိုးတွေ၊ သွားတွေ ကြီးထွား သန်မာစေဖို့လည်း ထောက်ကူပေးပါတယ်။

အရေပြား ကျန်းမာစေတယ်

ဗောက်သီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေပြီး အရေပြားပြဿနာ ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အရေပြားပေါ်က အကြောပြတ်ရာတွေ သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အရေပြား ပြဿနာ ကင်းချင်ရင် စားပေးလို့ရပါတယ်။

ဆီးချို ကာကွယ်ပေးတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချို မြင့်တက်တာကို ကာကွယ်ပေးဖို့လည်း ဗောက်သီးကို စားပေးလို့ ရပါတယ်။ နောက်တစ်ခုက မေမေက ကိုယ်ဝန်ဆောင် ဆီးချိုရှိနေမယ်ဆိုရင်လည်း သွေးချို ထိန်းညှိဖို့ စားပေးလို့ ရပါတယ်။ ဆီးချိုဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်းတွေကို လျော့ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ဘေဘီလေးကိုလည်း ဆီးချိုအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါသေးတယ်။

ကိုယ်အလေးချိန် ထိန်းပေးတယ်

ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားပြီးချိန်မှာ အဝမလွန်ချင်ဘူးဆိုရင် ဗောက်သီးကို စားပေးလို့ ရပါတယ်။ ဗောက်သီးက အဝမလွန်စေဖို့ ကာကွယ်ပေးသလို ကိုယ်ဝန်ဆောင်ချိန်မှာ တက်လာတဲ့ ကိုယ်အလေးချိန်ကို မွေးဖွားပြီးချိန်မှာ ကျန်းကျန်းမာမာနဲ့ ကျဆင်းအောင်လည်း ထောက်ကူပေးနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ဗောက်သီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အူနံရံတွေကို ကျန်းမာစေသလို အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဘေဘီလေးကို အမြင်အာရုံ ကောင်းစေတယ်

ဗီတာမင် A ပါဝင်နေတာကြောင့် ဗောက်သီးက ဘေဘီလေးရဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ကူပေးပါတယ်။ အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးသလို အဆစ်ရောင်တာနဲ့ အရေပြားပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

ကိုယ်ဝန်ဆောင်ချိန် မအီမသာဖြစ်တာကို သက်သာစေတယ်

ချိုချိုချဉ်ချဉ် အရသာရှိတဲ့ ဗောက်သီးက ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် C ပါဝင်နေတာက အန်ချင်စိတ် ဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ခေါင်းကိုက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ကဲ …. ကိုယ်ဝန်ဆောင် လေဒီလေးတွေ ဗောက်သီး စားလို့ ရပါတယ်။ ဒါပေမယ့် အလွန်အကျွံ မဖြစ်စေဖို့ သတိပြုဖို့ လိုသလို ဆရာဝန်နဲ့ သေချာလေး တိုင်ပင်စေချင်ပါတယ်။

health-tool-icon

မွေးဖွားမယ့်ရက် တွက်ချက်ခြင်း

ဒီတွက်ချက်တဲ့ ကိရိယာကို အသုံးပြုပြီး ကလေးမွေးဖွားမယ့်ရက်ကို တွက်ချက်နိုင်ပါတယ်။ အတိအကျဖြစ်မယ်လို့တော့ အာမမခံနိုင်ပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ခန့်မှန်းရရှိလာတဲ့ ရက်ရဲ့ မတိုင်ခင် သီတင်းတစ်ပတ်အတွင်း သို့မဟုတ် သီတင်းတစ်ပတ်အကျော်မှာ မွေးဖွားနိုင်ပါတယ်။

ရာသီစက်ဝန်း ကြာချိန်

28 ရက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Health benefits of eating Cape gooseberry in pregnancy https://www.fitnesshealthforever.com/health-tips/health-benefits-of-eating-cape-gooseberry-in-pregnancy/ Accessed Date 1 April 2022

Can I eat cape gooseberry when pregnant ? https://eat-pregnant.com/can-i-eat-cape-gooseberry-when-pregnant/ Accessed Date 1 April 2022

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 23/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။