backup og meta

ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 11/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

    ရေညှိ ဟင်းချို ချက်သောက်လို့ရသလို ခေါက်ဆွဲပြုတ်ထဲ ထည့်စားကြတဲ့ ရေညှိညို က ပင်လယ်ရေညှိ အမျိုးအစား တစ်မျိုးပါပဲ။ ပင်လယ်ငါးတွေရဲ့ အဓိက စားစရာတစ်မျိုးပေါ့။ အာဟာရဓာတ်တွေ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း တော်တော်လေး အထောက်အကူ ပြုပေးနိုင်ပါတယ်။ ရေညှိညိုက ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။

    ရေညှိညိုကပေးတဲ့ အာဟာရ

    ရေညှိညိုက စားလိုက်ရင် အိအိလေးနဲ့ စားကောင်းသလို အခုလို အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။

    • ဗီတာမင် K
    • ဗီတာမင် A
    • ဗီတာမင် B12
    • ကယ်လ်ဆီယမ်
    • သံဓာတ်
    • မဂ္ဂနီဆီယမ် တို့ပါဝင်ပါတယ်။

    ရေညှိညိုက သွေးမခဲအောင် ကာကွယ်ပေးသလို အရိုးတွေ သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ အမြင်အာရုံကို အားဖြည့်ပေးသလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေး ပါသေးတယ်။ တစ်ချိန်တည်းမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ် အပါအဝင် ကိုယ်တွင်း အင်္ဂါတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

    ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

    ရေညှိညို စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။

    သိုင်းရွိုက် ကျန်းမာစေတယ်

    ရေညှိညိုမှာ အိုင်အိုဒင်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သိုင်းရွိုက် ဟော်မုန်း ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး သိုင်းရွိုက်ဂလင်း ရောင်တာ၊ လည်ပင်ကြီးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဇီဝကမ္မ ဖြစ်စဉ်တွေကိုလည်း ကောင်းမွန်စေပါတယ်။

    အရိုးတွေ သန်မာစေတယ်

    ရေညှိညိုမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ အထူးသဖြင့် ကယ်လ်ဆီယမ် ပါဝင်နေမှုက အရိုးတွေကို ကြံ့ခိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ သွေးစီးဆင်းမှု ကောင်းစေသလို ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    ရေညှိညိုမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူနံရံတွေကို ကျန်းမာစေပြီး အစာခြေစနစ်ကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဝမ်းမှန်စေပြီး အူမကြီးကိုလည်း သန့်စင်စေပါတယ်။

    ဝိတ်ကျစေတယ်

    ရေညှိညိုမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင် စေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကျန်းကျန်းမာမာ နဲ့ ကိုယ်အလေးချိန် ကျစေဖို့ ထောက်ကူပေးပါတယ်။ အဆီကိုလည်း ကျစေနိုင်ပါတယ်။

    အသက်ရှည်စေတယ်  

    ရေညှိညိုရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ အသက်ရှည် စေတာပါ။ ရေညှိ ကို အများအပြား စားသုံးတဲ့ ဂျပန် လူမျိုးတွေက အသက်ရှည်ကြပါတယ်။ ဒါကြောင့် ကျန်းမာပြီး အသက်ရှည်ချင်တယ် ဆိုရင်တော့ ရေညှိညိုကို စားသုံးပေးသင့် ပါတယ်။

    အရသာ ရှိတဲ့ ရေညှိညိုက အခုလို ကျန်းမာရေး အကျိုးကျေးဇူး များပါတယ်။ ဒါကြောင့် ရေညှိ ကြိုက်တယ်ဆိုရင် စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။

    ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

    ရေညှိညို စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။
    • သိုင်းရွိုက် ကျန်းမာစေတယ်
    • အရိုးတွေ သန်မာစေတယ်
    • အစာခြေစနစ် ကျန်းမာစေတယ်
    • ဝိတ်ကျစေတယ်
    • အသက်ရှည် စေတယ် ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 11/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement