ရှောက်ချိုသီးက မေမေ့ရဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းပေးသလို ဘေဘီလေးရဲ့ အနီးတဝိုက်က အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒီလို အပူချိန် ထိန်းညှိပေးတာက ဘေဘီလေးရဲ့ ဦးနှောက်ကို အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။
သွေးလည်ပတ်မှု ကောင်းစေတယ်
ရှောက်ချိုသီးက ကိုယ်ဝန်ဆောင် မေမေတွေကို သွေးလည်ပတ်မှု ကောင်းစေဖို့ ကူညီပေးသလို ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးမတိုးစေတဲ့အတွက် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပြီးသား ဖြစ်သွားပါတယ်။
သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချို မတက်စေဖို့ ထိန်းညှိပေးသလို ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို အရမ်း မြင့်တက်တာမျိုး မဖြစ်စေဖို့ ထိန်းညှိပေးပါတယ်။
ဝမ်းချုပ်တာ သက်သာစေတယ်
အမျှင်ဓာတ် ကြွယ်ဝတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ဝမ်းချုပ်တာကို မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သံဓာတ် အားဖြည့်ဆေးတွေကြောင့် ဝမ်းချုပ်တာကိုလည်း သက်သာစေနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ဗီတာမင် C ကြွယ်ဝမှုကြောင့် ရှောက်ချိုသီးက ကိုယ်ဝန်ဆောင်ချိန်မှာ အအေးမိ ဖျားနာတာ အပါအဝင် ဗိုင်းရပ်စ် ကူးစက်မှုကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။
ရေဓာတ် ပြည့်ဝစေတယ်
ရှောက်ချိုသီးက ရေဓာတ်ကြွယ်ဝပြီး ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ရေဓာတ် လိုအပ်ချက်ကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်မှာပါ။ ရေမြွာရည် တိုးစေပြီး ဘေဘီလေးကိုလည်း ကျန်းမာစေမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောက်ချိုသီး စားပေးတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ကိုယ်ဝန်ဆောင်မေမေ ရှောက်ချိုသီး စားတဲ့အခါ
ကိုယ်ဝန်ဆောင်မေမေ ရှောက်ချိုသီး စားတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။