backup og meta

ကိုယ်ဝန်ဆောင် မေမေ နေကြာစေ့ စားလို့ ရမလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင် မေမေ နေကြာစေ့ စားလို့ ရမလား။

    အခြား အစေ့အဆန်တွေလိုပဲ နေကြာစေ့ကလည်း ကျန်းမာရေးအတွက် တော်တော်လေး အကျိုးပြုပေးပါတယ်။ နေကြာစေ့က ကိုယ်ဝန်ဆောင် မေမေတွေအတွက်ရော နို့တိုက်မေမေတွေအတွက်ပါ စားသုံးဖို့ သင့်တော်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာ ကာလတေါကတည်းက ဗီတာမင်၊ သံဓာတ် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတဲ့ နေကြာစေ့ကို ကိုယ်ဝန်ဆောင် မိခင် ကျန်းမာဖို့ရော နို့တိုက်မိခင် နို့ချိုထွက်စေဖို့ပါ စားသုံးဖို့ အကြံပြုခဲ့ကြပါတယ်။

    နေကြာစေ့ကို ဘယ်လောက် ပမာဏ စားသုံးရမလဲ။

    ကိုယ်ဝန်ဆောင် မေမေ၊ နို့တိုက်မေမေတွေအနေနဲ့ တစ်နေ့ကို အခွံနွှာပြီးသား နေကြာစေ့ လက်တစ်ဆုပ်စာ စားပေးဖို့ တာက အကောင်းဆုံး ပမာဏပါ။ နေကြာစေ့ကို အေးမြခြောက်သွေ့တဲ့နေရာမှာ သေချာလေး သိမ်းထားဖို့ လိုပါမယ်။

    နေကြာစေ့ကို သူ့ချည်း သက်သက် စားလို့ရသလို ကြက်ဥ၊ ဒိန်ချဉ်ကွေကာအုတ် စတာတွေနဲ့ ရောစပ်ပြီးလည်း စားလို့ ရပါတယ်။

    ကိုယ်ဝန်ဆောင် မေမေ နေကြာစေ့ စားလို့ရလား။

    ကျန်းမာရေးအတွက် အကျိုးများတဲ့ နေကြာစေ့က ကိုယ်ဝန်ဆောင် မေမေတို့နဲ့လည်း သင့်တော်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ နေကြာစေ့ကို စားသုံးမယ်ဆိုရင်

    အာဟာရ ပြည့်ဝ စေတယ်

    နေကြာစေ့မှာ ဗီတာမင်၊ ပရိုတင်း၊ သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ phytochemicals နဲ့ polyunsaturated fat တို့ ၉၀ ရာခိုင်နှုန်း နီးပါး ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ကျန်းမာဖို့ရော ဗိုက်ထဲက ဘေဘီလေး ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးစေဖို့ပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင် ပါတယ်။

    သွေးလည်ပတ်မှု ကောင်းစေတယ်

    နေကြာစေ့မှာ ​ဗီတာမင် E ပါဝင်နေပြီး ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုး ပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သွေးကြောတွေထဲမှာ သွေးခဲတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဘေဘီလေးဆီ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

    အရိုးတွေ သန်မာစေတယ်

    နေကြာစေ့မှာ မေမေရဲ့ အရိုးတွေ သန်မာစေဖို့ရော ဘေဘီလေးရဲ့ အရိုးတွေ သန်မာစေဖို့ပါ အထောက်အပံ့ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ Phosphorous နဲ့ သတ္တုဓာတ် များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် မေမေရော ဘေဘီလေးပါ အရိုးတွေ သန်မာစေဖို့ဆိုရင် နေကြာစေ့ စားသုံးပေးလို့ ရပါတယ် မေမေတို့ရေ။

    ကိုယ်ဝန်ဆောင် သွေးတိုး ကာကွယ်ပေးတယ်

    နေကြာစေ့မှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေမှုက ကိုယ်တွင်းက ဆိုဒီယမ် ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဒီလို ထိန်းညှိပေးမှုက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင် သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ဘေဘီလေး ကြီးထွားစေတယ်

    နေကြာစေ့မှာပါတဲ့ Phytochemicals က ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတိုင်း ကြုံတွေ့ရတဲ့ ကိုယ်ခံအား နည်းတဲ့ ပြဿနာ​ကြောင့် ဖျားနာလွယ်တာမျိုး မဖြစ်အောင် ကာကွယ်ပေး ပါတယ်။ ဒါတင်မကသေးပါဘူး ဗိုက်ထဲက ဘေဘီလေး အကောင်းဆုံး ကြီးထွားစေဖို့လည်း အထောက်အပံ့ပေးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement