backup og meta

လေဒီလေးတို့ ရေနွေးနွေးတစ်ခွက် သောက်ပေးသင့်တဲ့ အကြောင်းအရင်း


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဒီလေးတို့ ရေနွေးနွေးတစ်ခွက် သောက်ပေးသင့်တဲ့ အကြောင်းအရင်း

    လှပမှုကို လေဒီလေးတိုင်း သဘောကျကြပါတယ်။ အသားအရေ လှပမှု။ ဆံသား လှပမှု စတာတွေပေါ့။ ငွေကုန်​ကြေးကျခံပြီး လှပမှုကို ဖန်တီးယူကြတာတွေလည်း ရှိပါတယ်။ skin care အမျိုးမျိုး ဝယ်ပြီး အလှအပအတွက် ပြင်ဆင်မှုကလည်း အမျိုးမျိုးပါ။

    အခုတစ်ခေါက်တော့ လှပမှုကို မြတ်နိုးတဲ့ လေဒီလေးတိုင်းအတွက် ငွေကုန်ကြေးကျ မများဘဲ အသားအရေ လှပစေမယ့် နည်းလမ်းလေးကို ဝေမျှပေးပါရစေ။

    မနက်နိုးတိုင်း ရေနွေးနွေးလေး တစ်ခွက် ပုံမှန်သောက်ပါ လေဒီ

    မနက် နိုးနိုးချင်း ရေနွေးတစ်ခွက်ကို အအေးခံလို့ ခပ်နွေးနွေး အနေအထားမှာ သောက်ပေးမယ်ဆိုရင် အသားအရေ လှပမှု အနေနဲ့ အခုလို အကျိုးကျေးဇူးလေးတွေကို ရရှိစေမှာပါ။

    မနက် အိပ်ရာထထချင်းမှာ ရေနွေးနွေးလေးတစ်ခွက်စာကို ကုန်အောင် သောက်ပေးမယ်ဆိုရင် ကိုယ်တွင်းမှာ အပူချိန်ကို မြှင့်တင်ပေးပြီး ချွေးထွက်စေမှု ကနေတဆင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒီလို ဖယ်ရှားပေးမှုက ချွေးပေါက်တွေထဲက ဖုန်မှုန့်တွေ အညစ်အကြေးတွေကိုပါ ပြင်ပကို စွန့်ထုတ်ရာရောက်သလို ဝက်ခြံဖြစ်စေမယ့် ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားရာ ရောက်ပါတယ်။
    ဝက်ခြံ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် မနက်အိပ်ရာထတိုင်း ရေနွေးနွေးလေး တစ်ခွက် သောက်သုံးပါ။
  • အရေပြားကို အစိုဓာတ် ထိန်းပေးတယ်
  • ရေနွေးနွေးလေးကို နေ့စဉ်ပုံမှန် သောက်သုံးပေးတာက အသားအရေကို အစိုဓာတ်ပြည့်ဝစေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ ဆဲလ်တွေကို ကျန်းမာစေပြီး အရည်ဓာတ် ကနေတဆင့် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝလုံလောက်စွာ ရရှိစေနိုင်ပါတယ်။

    • အသားအရေက fresh ဖြစ်တယ်

    အသားအရေလေးက ကြည့်လိုက်ရင် ကြည်​ကြည်လင်လင်လေးနဲ့ လန်းနေတယ်ဆိုတာမျိုးက ရေနွေးနွေးလေး သောက်ပေးတတ်တဲ့ အကျင့်ရဲ့ ရလဒ်ပါ။နေ့စဉ် ရေနွေးနွေးလေး သောက်ပေးတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားရာ ရောက်သလို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည် ပြုပြင်ပေးရာလည်း ရောက်ပါတယ်။

    ရေနွေးနွေးလေးသောက်ပေးတာက အရေပြားရော အစာခြေစနစ်ကိုပါ ကျန်းမာသန့်စင်စေပါတယ်။ ရေနွေးနွေးသောက်တဲ့အခါ ချွေးထွက်သလို ဆီးနဲ့ဝမ်းလည်းမှန်စေပါတယ်။ ဝမ်းထဲမှာ အဆိပ်အတောက် ကင်းစေသလို အသားအရေကိုလည်း ကြည်လင်စေပြီး အရေပြားပေါ်က ဘက်တီးရီးယားတွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးလို့ ပိုးဝင်ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးပါတယ်။

    လေဒီတိုင်း ကြောက်တာ တစ်ခု ရှိပါတယ်။ ဒါကတော့ အသက်ထက် ရုပ်က အိုနေတာပါ။ ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ရှိနေတာက လူကို မြန်မြန်အိုမင်းစေနိုင်ပါတယ်။ ဒီ ပြဿနာ ကင်းချင်ရင်တော့ ရေနွေးနွေးလေး ပုံမှန် သောက်ပေးပါ။

    ရေနွေးနွေးလေးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်တာကြောင့် ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးသလို အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်း ဖြစ်တာနဲ့ အရွယ်မတိုင်ခင် အိုမင်းတာကို အကောင်းဆုံး ကာကွယ်နိုင်မှာပါ။

    ကဲ … မနက်တိုင်း ရေနွေးနွေးလေး တစ်ခွက်သောက်လို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းနဲ့ အသားအရေ လှပမှုကို ရယူလိုက်​ကြစို့လား ……….. လေဒီလေးတို့ရေ …………..

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement