backup og meta

ကိုယ်ဝန်ဆောင်မေမေ ရှောက်ချိုသီး စားတဲ့အခါ

ကိုယ်ဝန်ဆောင်မေမေ ရှောက်ချိုသီး စားတဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်မှာ ချိုတာလေးပဲ စားချင်တာလိုလို၊ ချဉ်တာပဲ စားချင်တာလိုလို စပ်စပ်လေးမှ ခံတွင်းတွေ့တာလိုလိုဖြစ်တတ်ပါတယ်။ ဒီလို ကိုယ်ဝန်ဆောင်ချိန် ခံတွင်းတောင်းတာနဲ့ ကွက်တိဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေမယ့် အသီးလေး တစ်မျိုး ရှိပါတယ်။ ဒါကတော့ ချိုချိုချဉ်ချဉ်နဲ့ ခံတွင်းရှင်းတဲ့ အရသာလေးကို ပိုင်ဆိုင်ထားသလို ဗီတာမင် C နဲ့ ရေဓာတ်လည်း ကြွယ်ဝတဲ့ ရှောက်ချိုသီးလေးပါ။

ဒါဆို မေးစရာ ရှိလာနိုင်တာက ကိုယ်ဝန်ဆောင် မေမေ ရှောက်ချိုသီး စားလို့ရလား …… ဆိုတာပါ။ ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ရှောက်ချိုသီး ဆိုတာ

ရှောက်ချိုသီး ဆိုတာက ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီးတို့နဲ့ မျိုးရင်းတူတဲ့ အသီး တစ်မျိုးပါ။ အခွံက အစိမ်းရောင် ရင့်ရင့်၊ အစိမ်းရောင်ဖျော့ဖျော့ နဲ့ အဝါရောင် သန်းတာအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။

အပေါ်ခွံအောက်မှာ ကျွဲကောသီးလိုမျိုး ဂွမ်းသား နည်းနည်းပါတတ်ပြီး အဖြူရောင် ဂွမ်းသားကို ဖယ်လိုက်ရင်တော့ လိမ္မော်သီးလိုမျိုး ပုံစံကို တွေ့ရမှာပါ။ ရှောက်ချိုသီးကလည်း အမွှာလေးတွေနဲ့ပဲ ဆိုပေမယ့် လိမ္မော်သီးလို ခွာစားလို့ မရပါဘူး။ အကွင်းလိုက် လှီးပြီး ဒါမှမဟုတ် အစိတ်လေးတွေ စိတ်ပြီး စားရတာပါ။

ရှောက်ချိုသီးက အိန္ဒိယ မျိုးရင်းပင်ဖြစ်ပြီး အရှေ့တောင် အာရှနေရာတော်တော်များများမှာ ပေါက်ရောက်ပါတယ်။

ရှောက်ချိုသီးမှာ ပါတဲ့ အာဟာရ

ချိုချိုချဉ်ချဉ်နဲ့ စားရတာ အရသာရှိလှတဲ့ ရှောက်ချိုသီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ရှောက်ချိုသီး စားလို့ ရလား

ကိုယ်ဝန်ဆောင်မေမေ ရှောက်ချိုသီး စားတဲ့အခါ

ကိုယ်ဝန်ဆောင်မေမေ ရှောက်ချိုသီး စားလို့ ရလား …… ဆိုတော့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောက်ချိုသီး စားပေးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။

ဘယ်လို ကျန်းမာစေနိုင်သလဲ ဆိုတာကိုတော့ အတူတူ ဆက်ကြည့် လိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင်မေမေ ရှောက်ချိုသီး စားတဲ့အခါ

ကိုယ်ဝန်ဆောင်မေမေ ရှောက်ချိုသီး စားတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

အရိုးတွေ သန်မာစေတယ်

ရှောက်ချိုသီးမှာ ကယ်လ်ဆီယမ် နဲ့ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေ သန်မာစေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးရဲ့ အရိုးတွေ သန်မာစေဖို့အတွက်လည်း လုံလောက်တဲ့ သတ္တုဓာတ်ကို ရရှိစေနိုင်မှာပါ။

ခန္ဓာကိုယ် အပူချိန် ထိန်းပေးတယ်

ရှောက်ချိုသီးက မေမေ့ရဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းပေးသလို ဘေဘီလေးရဲ့ အနီးတဝိုက်က အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒီလို အပူချိန် ထိန်းညှိပေးတာက ဘေဘီလေးရဲ့ ဦးနှောက်ကို အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။

သွေးလည်ပတ်မှု ကောင်းစေတယ်

ရှောက်ချိုသီးက ကိုယ်ဝန်ဆောင် မေမေတွေကို သွေးလည်ပတ်မှု ကောင်းစေဖို့ ကူညီပေးသလို ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးမတိုးစေတဲ့အတွက် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပြီးသား ဖြစ်သွားပါတယ်။

သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချို မတက်စေဖို့ ထိန်းညှိပေးသလို ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို အရမ်း မြင့်တက်တာမျိုး မဖြစ်စေဖို့ ထိန်းညှိပေးပါတယ်။

ဝမ်းချုပ်တာ သက်သာစေတယ်

အမျှင်ဓာတ် ကြွယ်ဝတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ဝမ်းချုပ်တာကို မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သံဓာတ် အားဖြည့်ဆေးတွေကြောင့် ဝမ်းချုပ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ဗီတာမင် C ကြွယ်ဝမှုကြောင့် ရှောက်ချိုသီးက ကိုယ်ဝန်ဆောင်ချိန်မှာ အအေးမိ ဖျားနာတာ အပါအဝင် ဗိုင်းရပ်စ် ကူးစက်မှုကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ရေဓာတ် ပြည့်ဝစေတယ်

ရှောက်ချိုသီးက ရေဓာတ်ကြွယ်ဝပြီး ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ရေဓာတ် လိုအပ်ချက်ကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်မှာပါ။ ရေမြွာရည် တိုးစေပြီး ဘေဘီလေးကိုလည်း ကျန်းမာစေမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်တွင်း အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ရှောက်ချိုသီး စားပေးတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ရှောက်ချိုသီး စားတဲ့အခါ

ကိုယ်ဝန်ဆောင်မေမေ ရှောက်ချိုသီး စားတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။
  • အရိုးတွေ သန်မာစေတယ်
  • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်
  • ဝမ်းချုပ်တာ သက်သာစေတယ်
  • ကိုယ်ခံအား ကောင်းစေတယ်
  • ရေဓာတ် ပြည့်ဝစေတယ်
  • ကိုယ်တွင်း အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is Mosambi (Sweet Lime) Juice Safe During Pregnancy? https://parenting.firstcry.com/articles/is-mosambi-sweet-lime-juice-during-pregnancy-safe/ Accessed Date 14 June 2022

Sweet Lime or Mosambi Juice During Pregnancy https://www.beingtheparent.com/sweet-lime-or-mosambi-juice-during-pregnancy/ Accessed Date 14 June 2022

4 must-have citrus fruits during pregnancy https://www.thehealthsite.com/pregnancy/4-must-have-citrus-fruits-during-pregnancy-167141/ Accessed Date 14 June 2022

10 Health Benefits of Sweet Lime (Mosambi) https://www.babydestination.com/health-benefits-of-sweet-lime-mosambi Accessed Date 14 June 2022

What to eat when pregnant: The 12 best foods https://www.babycenter.com/pregnancy/diet-and-fitness/what-to-eat-when-pregnant-the-12-best-foods_10392775 Accessed Date 14 June 2022

ယခုပုံစံ

11/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ ကြံရည် သောက်လို့ ရလား

ကိုယ်ဝန်ဆောင် မေမေ ပြောင်းဖူး စားလို့ ရလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement