backup og meta

ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီး စားလို့ရလား ………….

ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီး စားလို့ရလား ………….

ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီး စားလို့ရလား …………. ဗိုက်ထဲက ကလေးလေး ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာ ကြီးထွားလာစေဖို့ မေမေက အာဟာရပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။  မေမေ နေ့စဉ် စားသုံးတဲ့အာဟာရမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အခြား အာဟာရဖြစ်တဲ့ စားစရာတွေ ပါဝင်နေဖို့ လိုပါမယ်။

ဒီနေ့တော့ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးမယ်ဆိုရင် မေမေရော ဘေဘီလေးပါ ကျန်းမာစေမယ့် အသီးအနှံလေးတစ်ခုဖြစ်တဲ့ ဒန့်သလွန်သီးလေးအကြောင်း ပြောပြပေးမယ်နော်။

ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီး စားလို့ရလား ………….

ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီး စားလို့ရလား …………. ဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဒန့်သလွန်သီးစားတာက ဘေးကင်းပါတယ်။ ဒါပေမယ့် ဒန့်သလွန်သီးကို သေချာဆေးကြောပြီး ကျက်နေအောင် ချက်ဖို့တော့ လိုပါမယ်။  အခြား အာဟာရပြည့်ဝတဲ့ စားစရာတွေလိုပဲ ဒန့်သလွန်သီးကလည်း သင့်တင့်တဲ့ ပမာဏ စားသုံးမယ်ဆိုရင် မေမေရော ဘေဘီလေးပါ ကျန်းမာစေမှာပါ။

ဒန့်ဒလွန်သီးမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ…………..

ဒန့်သလွန်သီးမှာ မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်များစွာပါဝင်နေပါတယ်။ ဒါတွေကတော့

ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီးစားတဲ့အခါ

ကိုယ်ဝန်ဆောင် မေမေ ဒန့်သလွန်သီးစားတဲ့အခါ

  •  Morning Sickness သက်သာစေတယ်

ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ ဒန့်သလွန်သီးစားတဲ့အခါ ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ ပျို့အန်တာကို သက်သာစေမှာပါ။ ခြေကုန်လက်ပမ်းကျတာ၊ မူးဝေတာတွေကို သက်သာစေမှာပါ။ ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ဒန့်သလွန်သီး စားပေးတာက တက်ကြွ လန်းဆန်းနေစေမှာပါ။

ဒန့်သလွန်သီးမှာ ဘေဘီလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီး တည်ဆောက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် ဖြစ်တဲ့ ဖောလိတ် ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ် မပြည့်ဝမှုက ဘေဘီလေးမှာ ချို့ယွင်းချက် ပါလာစေနိုင်ပါတယ်။

ဒါကြောင့် ဘေဘီလေး ကျန်းမာစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ် ပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။ ဒန့်သလွန်သီးက ဖောလိတ် ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ အထူးသင့်တော်ပါတယ်။

ဒန့်သလွန်သီးက သွေးတွင်း သကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒန့်သလွန်သီးစားတာက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပြီး ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒန့်သလွန်သီးမှာ အရိုးတွေကို သန်မာစေပြီး အရိုးသိပ်သည်းဆ ကောင်းမွန်စေတဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။

သံဓာတ်အားနည်းတဲ့အခါ သွေးအားနည်းရောဂါဖြစ်လာပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေထဲကတစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်အားမနည်းစေဖို့နဲ့ သံဓာတ်အားနည်းမှုကြောင့် သွေးအားနည်း ရောဂါ မဖြစ်စေဖို့ဆိုရင် ဒန့်သလွန်သီး အပါအဝင် သံဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေကို စားသုံးဖို့ လိုပါမယ်။

ဒန့်သလွန်သီးက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက နည်းနေတာကြောင့် ရောဂါကူးစက်ခံရနိုင်ခြေက တော်တော်လေး မြင့်နေပါတယ်။ ဒီပြဿနာတွေ ကင်းဖို့ဆိုရင် ဒန့်သလွန်သီး စားပေးလို့ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတော်တော်များများ ခံစားရတဲ့ ပြဿနာက ဝမ်းချုပ်တာပါ။ ဒီပြဿနာကင်းစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာထဲမှာ ဒန့်သလွန်သီး ထည့်စားပေးပါ။ ဒါက ဝမ်းမှန်မှန်သွားစေပြီး ဝမ်းချုပ်တာကို သက်သာစေမှာပါ။

ဒန့်သလွန်သီးက သားအိမ်ကျုံ့ဆန့်မှုကို အားကောင်းစေပြီး မွေးဖွားချိန်မှာ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ မွေးဖွားရလွယ်ကူစေပြီး မွေးဖွားပြီးနောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကင်းစေနိုင်ပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Consuming Drumstick (Shajan) During Pregnancy https://parenting.firstcry.com/articles/eating-drumstick-shajan-during-pregnancy-health-benefits-side-effects-and-more/ Accessed Date 11 May 2020

Can You Eat Drumstick During Pregnancy? https://www.momjunction.com/articles/drumstick-during-pregnancy_00380013/ Accessed Date 11 May 2020

ယခုပုံစံ

09/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ နဂါးမောက်သီးစားလို့ရလား

ဒိန်ချဉ်စားတာနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မေမေတိုင်း သိချင်နေမယ့် မေးခွန်းတွေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement