backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်ဝန်ရှိပြီဆိုရင် နှစ်ယောက်စာ စဉ်းစားရတယ်နော်။ ဘာလုပ်လုပ် နှစ်ယောက်စလုံး အဆင်ပြေမလားပေါ့။ ဒီတစ်ခေါက်တော့ မေမေရော ဘေ​ဘီလေးပါ အဆင်ပြေစေမယ့် အရာလေး တစ်ခုပြောပြပေးမယ်နော်။ ဒါကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ ဆိုတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ အထောက်အကူ ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

တော်တော်များများ လက်ခံထားတာက ကိုယ်ဝန်ဆောင်ချိန်မှာ အရမ်း မလှုပ်ရှားရဘူးလို့ပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မလှုပ်ရှားရဘူး ဆိုပေမယ့် လေ့ကျင့်ခန်းတော့ လုပ်ပေးလို့ ရပါတယ်။ ပေါ့ပေါ့ပါးပါး ဖြစ်မယ့် လေ့ကျင့်ခန်းမျိုး၊ ကိုယ်ဝန်ဆောင်တွေ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးပေါ့။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။ လို့ ပြောရတာက

လေ့ကျင့်ခန်း လုပ်ရင် စိတ်ရောကိုယ်ပါ ကျန်းမာတယ်ဆိုတာ အားလုံး သိပြီးဖြစ်မှာပါ။ ဒီလိုပါပဲ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက မေမေရော ဘေဘီလေးအတွက်ပါ အခုလို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တယ်

အထူးသဖြင့် အဝလွန်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက်  ပိုလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အစားရှောင်ပြီး ဝိတ်ချတာက အာဟာရချို့တဲ့မှုကို ဖြစ်စေနိုင်တဲ့အတွက် လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ထိန်းညှိရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေ လျှော့ချပေးတယ်

၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ  လေ့ကျင့်ခန်းလုပ်တဲ့ မိခင်တွေက ခွဲမွေးရနိုင်ခြေ နည်းသလို ကိုယ်ဝန်ဆောင် ဆီးချို ခံစားရနိုင်ခြေလည်း နည်းပါတယ်။ ကိုယ်ဝန်ကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေလည်း နည်းပါတယ်။

မွေးဖွားရ လွယ်ကူတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်တာက မေမေရော ဗိုက်ထဲက ဘေဘီလေးကိုရောပါ ကိုယ်အလေးချိန် ထိန်းပေးနိုင်ပြီး ကလေး အဝလွန်တာ၊ မွေးဖွားရခက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ မိခင်ရော ဘေဘီလေးပါ ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ ကျန်းမာစေဖို့ တစ်ပတ်ကို ၃ ကြိမ် လေ့ကျင့်ခန်း လုပ်ပေးရုံပါ။

မွေးဖွားပြီးချိန်မှာ မြန်မြန် နလန်ထစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက မွေးဖွားပြီးချိန်မှာ မြန်မြန် အားပြည့်ပြီး လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း လုပ်ဆောင်နိုင်စေပါတယ်။

စိတ်ခံစားမှု ကောင်းတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ စိတ်ကျရောဂါ။ ကလေးမွေးဖွားပြီးချိန်မှာ ခံစားရနိုင်တဲ့ စိတ်ဓာတ်ကျတာတွေကို ရှောင်ရှားချင်တယ် ဆိုရင်တော့ လေ့ကျင့်ခန်း လုပ်တာက အကောင်းဆုံး ဖြေရှင်းနည်းပါ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ခံစားမှုကို ကောင်းစေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။

သွေးပေါင်ကျ စေနိုင်တယ်

လေ့ကျင့်ခန်း လုပ်တာက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်တက်တာ၊ သွေးတိုးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ လမ်းပုံမှန် လျှောက်ပေးရင်ကို အဆင်ပြေပါတယ်။

ခါးနာ သက်သာစေတယ်

ကိုယ်ဝန်ဆောင် မေမေတိုင်း မလွဲမသွေ ခံစားရတဲ့ ပြဿနာက ခါးနာတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာရော မွေးဖွားပြီးချိန်မှာပါ ခါးနာတာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခါးနာကို မခံစားချင်ဘူးဆိုရင် လေ့ကျင့်ခန်း လုပ်ပေးပါ။

ဒါတွေအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်ပေးတာက

ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်ရမယ့်လေ့ကျင့်ခန်းက အခြားအချိန်တွေမှာလုပ်ရတဲ့ လေ့ကျင့်ခန်းတွေနဲ့ မတူနိုင်ပါဘူး။ ဒီတော့ လေ့ကျင့်ခန်း မလုပ်ခင်မှာ ဆ၇ာဝန်နဲ့ အရင်တိုင်ပင်ပါ။ အကြမ်းအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါကျန်းမာစေဖို့အတွက် ကိုယ်ဝန်ဆောင်ကာလအလိုက် အခုလိုလေ့ကျင့်ခန်းလေးတွေလုပ်ပေးရင် အဆင်ပြေပါတယ်။

ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်မှာ မိနစ် ၃၀ လောက်လမ်းလျှောက်မယ်။ တရားထိုင်မယ်။ ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်တာမျိုးလုပ်ပေးလို့ရပါတယ်။

ကိုယ်ဝန်ဆောင် ဒုတိယ ၃ လပတ်မှာ ရေကူးတာ၊ ယောဂလေ့ကျင့်ခန်းလုပ်တာ၊ ခပ်ရွရွလေးပြေးတာ၊ လမ်းလျှောက်တာမျိုးတွေ တစ်နေ့ကို မိနစ် ၃၀ လောက်လုပ်ပေးလို့ရပါတယ်။

ကိုယ်ဝန်ဆောင် တတိယ ၃ လပတ်မှာ ရေကူးတာ နဲ့ လမ်းလျှောက်တာက အဆင်အပြေဆုံးဖြစ်မှာပါ။

Gymသွားပြီး လေ့ကျင့်ခန်းတွေ မလုပ်နိုင်ဘူးဆိုရင်တောင် ဒီလိုအပေါ့စား လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။

ဒီလို လေ့ကျင့်ခန်းမျိုးတွေကိုတော့ ရှောင်သင့်ပါတယ်။

  • အမြင့်က ပြုတ်ကျနိုင်ခြေရှိတဲ့ လေ့ကျင့်ခန်းတွေ
  • ဝမ်းဗိုက်ပိုင်းကို ထိခိုက်ဒဏ်ရာရစေနိုင်တဲ့ လေ့ကျင့်ခန်းတွေ (ဥပမာ ခန္ဓာကိုယ်ကို လှုပ်ခါရတဲ့ လေ့ကျင်ခန်းတွေ၊ တစ်ဦးနဲ့ တစ်ဦး ထိမိခိုက်မိနိုင်တဲ့ လေ့ကျင့်ခန်းတွေ၊ အပြိုင်အဆိုင်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ စသဖြင့်)
  • အလွန်မင်း ခုန်ရတဲ့ လေ့ကျင့်ခန်းတွေ
  • ခန္ဓာကိုယ်ကို အလွန်အမင်း ဆန့်တန်းဖြေလျှော့ရတဲ့ လေ့ကျင့်ခန်းတွေ
  • အပြင်းအထန် လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ
  • ပူပြင်းတဲ့ ရာသီဥတုမှာ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေ
  • မောပန်းတကြီးဖြစ်တဲ့အထိ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေ
  • ချွေးထွက်များစေတဲ့ လေ့ကျင့်ခန်းတွေပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ သက်သောင့်သက်သာ လေ့ကျင့်ခန်း လုပ်နိုင်ဖို့

  • သက်သောင့်သက်သာရှိပြီး ချောင်ချိတဲ့ အဝတ်အစားတွေနဲ့ ရင်သားကို ကောင်းကောင်း ပင့်တင်ပေးနိုင်တဲ့ ဘရာစီယာကို ဝတ်ဆင်ပါ။
  • လေ့ကျင့်ခန်းလုပ်မယ့် ဖိနပ်ကို စီးရမှာ ဖြစ်ပြီး ဆိုဒ်ကလည်း သင့်ခြေထောက်နဲ့ အတိအကျ ဖြစ်နေသင့်ပါတယ်။
  • မတော်တဆ ထိခိုက်မှု မဖြစ်စေဖို့ ပြန့်ပြူးညီညာတဲ့ မျက်နှာပြင်မှာ လေ့ကျင့်ခန်းလုပ်ပါ။
  • ကိုယ်ဝန်အတွက်ရော၊ လေ့ကျင့်ခန်းလုပ်ဆောင်ဖို့အတွက်ပါ သင့်တော်လုံလောက်တဲ့ ကယ်လိုရီပမာဏကို စားပေးရပါမယ်။
  • လေ့ကျင့်ခန်းမလုပ်မီ၊ လုပ်နေစဉ်နဲ့ လုပ်ပြီးတဲ့အချိန်တွေမှာ ရေများများသောက်ရပါမယ်။
  • ပက်လက်လှန်တဲ့ အနေအထားနဲ့ လေ့ကျင့်ခန်းလုပ်ပြီး ထတဲ့အခါ မိုက်ခနဲ ဖြစ်သွားတာမျိုးကို ရှောင်ရှားနိုင်ဖို့အတွက် ဖြည်းညင်းစွာ ထရပါမယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pregnancy and exercise https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-and-exercise/art-20046896  Accessed Date 4 September 2020

Exercise during pregnancy https://www.acog.org/womens-health/faqs/exercise-during-pregnancy Accessed Date 4 September 2020

Pregnancy and exercise https://www.betterhealth.vic.gov.au/health/healthyliving/pregnancy-and-exercise Accessed Date 4 September 2020

Exercise in pregnancy https://www.nhs.uk/pregnancy/keeping-well/exercise/ Accessed Date 4 September 2020

Exercise during pregnancy https://americanpregnancy.org/healthy-pregnancy/is-it-safe/exercise-during-pregnancy/ Accessed Date 4 September 2020

ယခုပုံစံ

28/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ စိတ်ခံစားမှု ကောင်းစေဖို့

ကိုယ်ဝန်ဆောင် နဲ့ ကိုယ်ခံအား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/03/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ