backup og meta

လက်ကျိုးပြီးပြန်လည်နလန်ထူလာချိန်မှာ အသုံးဝင်မယ့်နည်းလမ်းအချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ကျိုးပြီးပြန်လည်နလန်ထူလာချိန်မှာ အသုံးဝင်မယ့်နည်းလမ်းအချို့

    နေ့စဉ်လှုပ်ရှားမှုတွေလုပ်ဆောင်တဲ့အခါ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်းက အရေးပါပါတယ်။ ကိုယ်တွင်းအင်္ဂါတွေပဲဖြစ်ဖြစ် ကိုယ်ပ အင်္ဂါတွေပဲဖြစ်ဖြစ်ပေါ့။ တစ်နေ့တာစတာနဲ့ ဘယ်အင်္ဂါအစိတ်အပိုင်းကိုအရင်သုံးဖြစ်လဲ၊ ဘယ်အင်္ဂါအစိတ်အပိုင်းကို အသုံးအများဆုံးလို့ထင်လဲ။ အိပ်ရာကနေ နိုးနိုးချင်း မျက်လုံးဖွင့်လိုက်ရင် အရင်ဆုံး လက်နဲ့မျက်လုံးကို ပွတ်မယ်၊ပြီးရင် အပျင်းဆန့်တယ်နော်။ ဟုတ်လား….ပြီးမှအိပ်ရာထမယ်လေနော်။ ဒီတော့ အရင်ဆုံးအသုံးပြုမိတဲ့ အင်္ဂါအစိတ်အပိုင်းက လက်လို့ထင်တယ်နော်။

    လက်ရဲ့ အသုံးဝင်မှုက ဒီလောက်နဲ့အဆုံးမသတ်သေးပါဘူး။ မျက်နှာသစ်ဖို့ ကိုယ်လက်သန့်စင်ဖို့ စားဖို့သောက်ဖို့ ကစလို့ သင်ကြားရေးတွေအထိ လက်ကို အသုံးပြုကြရပါတယ်။ လက်ကဒီလောက်အထိအရေးကြီးမှတော့ လက်ကိုတော်တော်လေးဂရုစိုက်ဖို့ လိုမယ်ဆိုတာပြောစရာတောင်မလိုဘူးနော်။

    တစ်နေ့တာလှုပ်ရှားမှုအတွက် အသုံးဝင်တဲ့ လက်ကို ထိခိုက်မိနိုင်ပါတယ်

    တစ်နေ့တာမှာ လက်ရဲ့ လုပ်ဆောင်မှုကတော်တော်တော့များသား။ ဒီလိုမျိုးအရေးပါအသုံးဝင်တဲ့လက်ဟာ အာကစားလုပ်ရင်းဖြစ်ဖြစ်၊ မတော်တဆချော်ကျလို့ထောက်မိတဲ့အခါမှာဖြစ်ဖြစ် ကားမတော်တဆမှုဖြစ်တဲ့အခါမှာဖြစ်ဖြစ် ကျိုးသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လက်အရိုးအက်သွားတာကနေစလို့ ထက်ပိုင်းကျိုးသွားတာမျိးအထိဖြစ်နိုင်ပါတယ်။ လက်ကျိုးသွားတဲ့အခါ ဆရာဝန်နဲ့ပြသပြီးသေချာကုသဖို့လိုသလိုပြန်လည်သန်စွမ်းရေးအတွက်လည်းသေချာဂရုစိုက်လုပ်ဆောင်ဖို့လိုပါမယ်။ ထိခိုက်မိသွားတဲ့လက်တစ်ချောင်းပြန်ကောင်းလာဖို့ဆိုရင် အချိန်လနဲ့ချီပြီးကြာမြင့်နိုင်ပါတယ်။

    လက်ကျိုးတာကနေပြန်လည်ကောင်းမွန်လာချိန်မှာ ဘာတွေဂရုစိုက်ဖို့လိုမလဲ

    လက်ကျိုးသွားတဲ့အခါ ဆရာဝန်က သင့်ကို လက်သိုင်းကြိုးဝတ်ဆင်ထားခိုင်းတာ အထိန်းကိရိယာတပ်ဆင်စေတာနဲ့ကျောက်ပတ်တီးစီးတာမျိုးတွေလုပ်ဆောင်စေနိုင်ပါတယ်။ ဒါမှလက်ကလှုပ်ရှားမှုနည်းပြီး အရိုးမြန်မြန်ပြန်ဆက်နိုင်မှာပါ။ အရိုးကျိုးတဲ့အခါ အမြန်ဆုံးပြန်သက်သာဖို့က ကိုယ်တိုင်သေချာဂရုစိုက်ဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးဖို့အတွက်က အရေးအကြီးဆုံးပါ။နေ့စဉ်ဘဝနေထိုင်မှုပုံစံကိုလည်းသေချာဂရုစိုက်ဖို့လိုပါမယ်။

    အရိုးကျိုးပြီးတဲ့နောက် လက်ကို ပုံမှန်အခြေအနေပြန်ရောက်လာစေဖို့ဆိုရင်

    • ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသေချာဂရုစိုက်ဖို့လိုပါမယ်။
    • ဆေးခန်းပြန်ပြရမယ့်ရက်တွေမှာသေချာသွားရောက်ပြသပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူဖို့လိုပါမယ်။
    • အတတ်နိုင်ဆုံးလက်ကို မလှုပ်ရှားမိအောင် ဂရုစိုက်ရပါမယ်။
    • ဆရာဝန်ညွှန်ကြားထားတဲ့ဆေးညွှန်းအတိုင်းသောက်သုံးရပါမယ်။
    • လက်ကို တတ်နိုင်သမျှ လှုပ်ရှားမှုမရှိအောင်ဂရုစိုက်ပေးပါ။ ဒါမှ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်မှာပါ။
    • ဆရာဝန်ညွှန်ကြားချက်မရဘဲ အထိန်းကိရိယာတွေတပ်ဆင်ထားတာကို မဖယ်ရှားပါနဲ့။
    • ကျောက်ပတ်တီးစီးထားတဲ့အခါရေမထိအောင်သတိထားရပါမယ်။
    • တကယ်လို့ ပတ်တီးဖြေပြီးသွားပြီဆိုရင် ထိခိုက်မိထားတဲ့နေရာကိုရေခဲကပ်ပေးတာမျိုးလုပ်ပေးပါ။ရေခဲက ထိခိုက်ဒဏ်ရာကို သက်သာအောင်လုပ်ဆောင်ပေးပါတယ်။
    • လက်ကို ခပ်မြင့်မြင့်လေးတစ်ခုခုပေါ်တင်ထားပေးပါ။ ဒါမှရောင်ရမ်းတာကို သက်သာစေနိုင်မှာပါ။
    • ကျောက်ပတ်တီးစည်းထားတဲ့နေရာတဝိုက်မှာ အရေပြားေရာင်ရမ်းနေလား၊ နီမြန်းနေလားဆိုတာကိုနေ့စဉ်စစ်ဆေးပေးပါ။
    • ကျောက်ပတ်တီးစည်းထားစဉ်မှာ လက်ကို အားမပြုမိဖို့ သတိထားပါ။ လက်ပြန်ထိခိုက်သွားနိုင်တာကြောင့်ပါ။
    • ရေချိုးတဲ့အခါမှာလည်းကျောက်ပတ်တီးစည်းထားတဲ့နေရာကိုရေမထိအောင်ဂရုစိုက်ပေးပါ။
    • ကျောက်ပတ်တီးထဲက ယားယံတယ်ဆိုပြီး ချွန်ထက်တဲ့အရာနဲ့ ထိုးတာ ကုတ်တာမျိုးမလုပ်ပါနဲ့။
    • လက်ကျိုးပြီးပြန်ကောင်းလာချိန်မှာ ကားမောင်းတာ၊ အားကစားလုပ်တာမျိုးတွေမလုပ်ပါနဲ့။ အနည်းဆုံး ၂ ပတ်လောက်တော့စောင့်ပေးပါ။
    • နေအိမ်မှာ ထိခိုက်မိနိုင်တဲ့ ပစ္စည်းတွေရှိနေရင် ရှင်းလင်းထားပါ။
    • ပရိဘောဂတွေကို အဆင်ပြေပြေဖြစ်အောင်ထားပေးပါ။
    • အိမ်ကို သန့်ရှင်းသပ်ရပ်နေအောင်ထားပေးပါ။
    • ထိခိုက်မိစေနိုင်တဲ့အရာတွေကို ဖယ်ရှားထားပါ။
    • မတော်တဆကြောင့် ထပ်မံထိခိုက်တာမျိုး မဖြစ်စေဖို့ နေအိမ်မှာအလင်းရောင်ကောင်းကောင်းရရှိအောင်ထားပါ။
    • ဖုန်းလိုမျိုးလိုအပ်မယ့်အရာတွေကို အနီးအနားမှာယူထားပါ။
    • လက်ကအကောင်းအတိုင်းမဖြစ်မချင်း လက်ကို အသုံးပြုရတဲ့အလုပ်တွေ၊ အားစိုက်လုပ်ရတဲ့ အလုပ်တွေမလုပ်ပါနဲ့။
    • ရေချိုးခန်းကြမ်းပြင်တွေကိုသေချာသန့်စင်ထားပေးပါ။
    • အလေးအပင်တွေ မ မမိအောင်သတိထားပေးပါ။
    • ဆေးလိပ်နဲ့အယ်လ်ကိုဟောကိုရှောင်ကြဉ်ပါ။

    အခုပြောခဲ့တာတွေကို သတိထားလုပ်ဆောင်ရင်း လက်အရိုးကျိုးတာကနေ အမြန်ဆုံးသက်သာအောင်လုပ်ဆောင်လိုက်ကြပါနော်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement