brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်မေမေ လေခဏခဏတက်နေရတာ ဘာကြောင့်လဲ!

ကိုယ်ဝန်ဆောင်မေမေ လေခဏခဏတက်နေရတာ ဘာကြောင့်လဲ! ကိုယ်ဝန်ဆောင်မေမေ လေတအေ့အေ့ တက်နေရတာက အစာအိမ်ထဲမှာ လေတွေ ရှိနေတာကြောင့်ပါ။ ဒါကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ အစာခြေစနစ် အခြေအနေ တစ်ရပ်လို့ပဲ ဆိုရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာ၊ အစာကြေခဲတာတွေအပြင် လေအောင့်တာ လေချဉ်တက်တာတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ 

ကိုယ်ဝန်ဆောင်မေမေ လေခဏခဏတက်နေရတာ ဘာကြောင့်လဲ!

လေတက်တာကတော့ ကိုယ်ဝန်ဆောင်မေမေတွေမှာမှာ မဟုတ်ပါဘူး။ သာမန်လူတွေမှာလည်း လေတအေ့အေ့ တက်တာကို ခံစားရနိုင်ပါတယ်။ ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက အူထဲမှာ လေတွေဖြစ်နေပြီး လေတွေက အစာခြေစနစ်ထဲမှာ လှည့်လည်ရင်း လေတအေ့အေ့တက်တာကို ဖြစ်စေတာပါ။

အူလမ်းကြောင်းထဲမှာ လေတွေ အများကြီး ဖြစ်လာရတာကြောင့်လည်း လေတအေ့အေ့တက်တာကို ဖြစ်စေတာပါ။ ဒီလို အစာခြေစနစ်ထဲမှာ လေတွေ ရှိနေတာက လေတက်စေတာအပြင် ဗိုက်အောင့်တာမျိုးကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။

ကိုယ်ဝန်ဆောင်မေမေ လေခဏခဏတက်နေရတာ ဘာကြောင့်လဲ!

ကိုယ်ဝန်ဆောင်မေမေ လေခဏခဏတက်နေရတာ က ဒီအချက်လေးတွေကြောင့်ပါ။

လေတွေ အရမ်းများနေတာ 

အစာအိမ် အူလမ်းကြောင်းတွေထဲမှာ လေတွေ များနေတာက လေတအေ့အေ့တက်တာကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ချင်ခြင်းတက်ပြီး အစားအမျိုးမျိုး စားမိတာကြောင့်လည်း အစာအိမ်ထဲမှာ လေတွေဖြစ်ပေါ်ပြီး လေတက်တာကို ဖြစ်စေနိုင်ပါတယ်။ 

ဟော်မုန်း ပြောင်းလဲမှုကြောင့် အစာမကြေတာ

ဟော်မုန်းပြောင်းလဲမှုတွေက ကိုယ်ဝန်ဆောင်မေမေကို အစာကြေချက်နိုင်စွမ်း နည်းစေပြီး အစာမကြေတာကို ဖြစ်စေတာပါ။ နောက်တစ်ချက်က အစာခြေစနစ်က ကြွက်သားတွေ ပြေလျော့နေတာ၊ အူမကြီး လှုပ်ရှားမှု နည်းနေတာတွေကြောင့်လည်း အစာအိမ်ထဲမှာ လေတွေများပြီး လေတအေ့အေ့ တက်တာကို ဖြစ်စေနိုင်ပါတယ်။ 

အစားအသောက် ဓာတ်မတည့်တာ

ကိုယ်ဝန်ဆောင်မေမေက မတည့်တာကို စားမိတဲ့အခါမျိုးမှာလည်း အစားအသောက် ဓာတ်မတည့်တာကြောင့် လေတအေ့အေ့တက်တာကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ဓာတ်မတည့်တဲ့ အစားအစာတွေက ကိုယ်ဝန်ဆောင်မေမေတွေကို လေတအေ့အေ့တက်စေတာအပြင် အော့အန်တာ၊ အစာမကြေတာ၊ ဝမ်းပျက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ 

အစာခြေစနစ် ကြွက်သားတွေ အလိုလျောက် ကျုံ့ဆန့်တာ (Peristalsis)

အစာခြေစနစ် ကြွက်သားတွေက သူ့အလိုလို အလိုလျောက် ကျုံ့ဆန့်တာမျိုး ဖြစ်တာကလည်း အစာအိမ်နဲ့ အူလမ်းကြောင်းထဲက အစာတွေကို တွန်းထုတ်ပေးပြီး လေတက်တာကို ဖြစ်စေနိုင်ပါတယ်။ 

ဘေဘီလေး လှုပ်ရှားတာ 

ကိုယ်ဝန်ဆောင်ကာလ ၁၆ ပတ် ကနေ အပတ် ၂၀ လောက်မှာ ကလေးရဲ့ လှုပ်ရှားမှုကြောင့် ကိုယ်ဝန်ဆောင် မေမေ လေတအေ့အေ့တက်တာကို ခံစားရနိုင်ပါတယ်။ ကလေးက နည်းနည်းလေးပဲ လှုပ်ရှားမှု လုပ်လုပ်၊ များများပဲ လုပ်လုပ် ဘေဘီလေးရဲ့ လှုပ်ရှားမှုကလည်း မေမေကို လေတအေ့အေ့ တက်စေနိုင်ပါတယ်။ 

ဘယ်လို အခြေအနေဆိုရင် ဆရာဝန်ပြဖို့ လိုမလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ လေတအေ့အေ့တက်တာက ပုံမှန်အားဖြင့်ကတော့ ထွေထွေထူးထူး ကုသမှု ခံယူစရာ မလိုဘဲ သူ့အလိုလို သက်သာသွားတတ်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ လေဆေးသောက်တာမျိုးလည်း လုပ်လို့ ရပါတယ်။ 

တကယ်လို့ အခုလို အခြေအနေတွေ ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ 

  • ဗိုက်ထဲက အရမ်းအောင့်တာ
  • အမြဲလိုလို ဗိုက်အောင့်နေတာ
  • အော့အန်တာ
  • ဝမ်းပျက်တာ
  • ကာလရှည်ကြာ ဝမ်းချုပ်နေတာ
  • ဝမ်းထဲ သွေးပါတာမျိုးတွေပါ။

ကိုယ်ဝန်ဆောင် လေတက်တာအတွက် အိမ်တွင်းကုထုံးများက ဘာတွေလဲ!

ကိုယ်ဝန်ဆောင်ချိန် တအေ့အေ့နဲ့ လေတက်တာကိုလည်း သက်သာချင်တယ်။ ကိုယ်ဝန်ဆောင်ချိန် ဖြစ်နေတာကြောင့် ဆေးလည်း မသောက်ချင်ဘူးဆိုရင်တော့ ချင်း (ဂျင်း) ရေနွေးကြမ်းလေး သောက်ပေးတာ၊ စမုန်စပါးစေ့လေးတွေ ဝါးစားပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

ဗိုက်ကို လက်ညှိုးလက်ခလယ်လေးကို သုံးလို့ ခပ်ဖွဖွ နှိပ်ပေးတာကလည်း လေထွက်စေနိုင်ပြီး ကိုယ်ဝန်ဆောင် ယောဂ လေ့ကျင့်ပေးတာကလည်း နည်းလမ်းကောင်းပါ။ 

ဒီနည်းလမ်းတွေအပြင်

  • အစားကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေ များများ စားပေးပါ
  • လေထစေနိုင်တဲ့ ဂေါ်ဖီ၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ အချိုရည်တွေနဲ့ ပြုပြင်ထားတဲ့ သကြားတွေ အချိုစာတွေကို မစားပါနဲ့
  • ရေများများ သောက်ပါ
  • ရေနွေးနွေးလေးတွေလည်း သောက်လို့ရပါတယ်
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပေးပါ
  • ပွပွချောင်ချောင် ဝတ်ဆင်ပါ။ 

လေဆေးတွေလည်း သောက်လို့ရပါတယ်။ မသောက်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်နိုင်ပါတယ်။

[/recommendation]

# အမှာစကား

ကိုယ်ဝန်ဆောင်ချိန်မှာ လေတက်တာက ရင်ပူတာ၊ ဝမ်းချုပ်တာတွေလိုပဲ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်တာကြောင့် အချိန်တိုအတွင်းမှာ သူ့အလိုလို သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် အချိန် အတော်ကြာတဲ့အထိ မသက်သာတာ၊ ပြင်းပြင်းထန်ထန် ခံစားရတာမျိုးတွေ ဖြစ်လာမယ်ဆိုရင်တော့ အမြန်ဆုံး ကုသမှု ခံယူပါ။ 
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/11/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။