backup og meta

သွေးတိုးရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာစေဖို့

    သွေးတိုးရောဂါ ဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာပါ။ သွေးတိုးက ပုံမှန်သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအတိုင်းတောင် ဂရုစိုက်ရတာပါ။ ကိုယ်ဝန်ဆောင်မေမေက သွေးတိုးသာရှိမယ်ဆိုရင်တော့ ပိုပြီး ဂရုစိုက်ဖို့ လိုမှာပါ။ ဒီတစ်ခေါက်တော့ သွေးတိုးရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာစေဖို့ လိုက်နာရမယ့် အရာလေးတွေကို ပြောပြပေးချင်ပါတယ်။

    သွေးတိုးရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာစေဖို့

    သွေးတိုးရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာစေဖို့ လိုက်နာရမယ့် အချက်တွေကတော့

    • ဆားလျှော့စားပါ 

    ခန္ဓာကိုယ်က ဆိုဒီယမ်ကို လိုတယ်ဆိုပေမယ့် အများကြီး စားမိရင်တော့ သွေးတိုးရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးသာ ရှိနေမယ်ဆိုရင် ဆားကို တတ်နိုင်သမျှ လျှော့စားဖို့ လိုပါမယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆားကို တတ်နိုင်သမျှလျှော့စားတာအပြင် ငါးပိ၊ ငါးခြောက်၊ ဆီသွတ်ဗူးတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကို ရှောင်ဖို့လိုပါမယ်။ ဒါတွေကလည်း ဆိုဒီယမ်ပါဝင်မှု များပါတယ်။

    • ပိုတက်ဆီယမ် ကြွယ်ဝတာတွေကို စားပါ
    • စိတ်ဖိစီးမှု ဖြေလျော့ပါ

    ကိုယ်ဝန်ဆောင်နေချိန်မှာ ဖြစ်ဖြစ်၊ ပုံမှန်အချိန်မှာ ဖြစ်ဖြစ် စိတ်ဖိစီးတာတွေက သွေးပေါင်ချိန်တက်စေပြီး သွေးတိုးစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုး ဖြစ်နေမယ်ဆိုရင် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ပါ။  စိတ်ဖိစီးမှုကို ဖြေလျှော့တဲ့အနေနဲ့ ယောဂ လေ့ကျင့်တာ၊ တရားမှတ်တာတွေကို လုပ်ဆောင်ပါ။ ဒီလို လုပ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်မှုတွေကိုပါ သက်သာစေနိုင်ပါတယ်။

    သွေးတိုးရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာစေဖို့ သွေးတိုးရောဂါ ဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာပါ။ ပုံမှန်သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

    • ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

    အထိုင်များတဲ့ အမျိုးသမီးတွေက သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးရောဂါ ရှိနေမယ်ဆိုရင်တော့ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ပေးဖို့ လိုပါမယ်။

    နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး သွေးလည်ပတ်မှု ကောင်းစေသလို သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက သွေးတိုးရောဂါ ရှိတဲ့ ကိုယ်ဝန်ဆောင်မေမေကို ကျန်းမာစေသလို ဗိုက်ထဲက ဘေဘီလေးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ပတ်ကို ၅ ရက် တစ်နေ့ကို မိနစ် ၃၀ ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးပါ။

    လေ့ကျင့်ခန်းကို အများကြီး မလုပ်ဖြစ်ရင်တောင် လမ်းလျှောက်တာ၊ ရေကူးတာတွေ လုပ်ပေးပါ။ ယောဂလေ့ကျင့်ခန်း လုပ်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

    • ဆေးလိပ်ဖြတ်ပါ

    ကိုယ်ဝန်ဆောင်ကာလမှာ ဆေးလိပ်သောက်တာက ကိုယ်ဝန်ဆောင်မိခင်ကိုရော ဗိုက်ထဲက ဘေဘီလေးရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ သွေးတိုးရှိတဲ့ ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ ဆေးလိပ်သောက်တတ်ရင် ကိုယ်ဝန်ဆောင်နေချိန်မှာ ဆေးလိပ်ဖြတ်ပါ။

    • အယ်လ်ကိုဟော ဖြတ်ပါ

    သွေးတိုးရောဂါ ရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ဆိုရင်တော့ အယ်လ်ကိုဟော ဖြတ်ဖို့ လိုပါမယ်။ အယ်လ်ကိုဟောက သွေးပေါင်ချိန်ကို တက်စေပြီး မေမေ့ကိုရော ဗိုက်ထဲက ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အယ်လ်ကိုဟောကို မသောက်ပါနဲ့။

  • ကိုယ်အလေးချိန် ထိန်းညှိပါ
  • အဝလွန်တာက သွေးတိုးဖြစ်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်လည်း ဆောင်နေမယ်။ သွေးတိုးလည်း ရှိနေမယ်ဆိုရင် ကိုယ်အလေးချိန်ကို ပုံမှန် ထိန်းညှိပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ သွေးတိုးကြောင့် မေမေရော ဘေဘီလေးကိုပါ မထိခိုက်စေဖို့ဆိုရင် ကိုယ်အလေးချိန် ထိုးဖို့ လိုပါမယ်။

    • သီချင်း နားထောင်ပါ

    တစ်နေ့ကို တစ်ခါ နားထောင်ရင် မိနစ် ၃၀ ခန့် တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် သီချင်း နားထောင်ပေးတာက သွေးပေါင်ကျစေနိုင်ပြီး စိတ်ဖိစီးမှုတွေရော စိုးရိမ်မှုတွေကိုပါ ပြေပျောက်စေပါတယ်။ စိတ်ဖိစီးမှု များတာက မေမေရော မမွေးသေးတဲ့ ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိတဲ့ မေမေတွေ အနေနဲ့ သွေးတိုးကို ထိန်းညှိဖို့ဆိုရင် သာယာငြိမ့်ညောင်းတဲ့ သဘာဝသီချင်းသံလေးတွေကို ပုံမှန် နားထောင်ပေးပါ။

    ကဲ …… သွေးတိုးရှိတဲ့ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့ ဂရုစိုက်လိုက်ကြစို့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement