ဘာတွေကို ဆောင် ဘာတွေကိုရှောင်ပြီး ကိုယ်ဝန်ပထမ ၃လကို ဂရုစိုက်ရမလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အမျိုးသမီးတစ်ယောက်ရဲ့ အရေးအကြီးဆုံး အချိန်ဖြစ်တဲ့ကိုယ်ဝန်ဆောင်ကာလဆိုတာ အသေးစိတ်လေးက အစ သေချာသတိထား ဂရုစိုက်ဖို့လိုတဲ့ကာလတစ်ခုပါ။ ကံတရားအရဖြစ်လာမယ့် ဆိုးတဲ့အရာတွေကို အကုန်လုံးကို တားဆီးလို့ မရဘူးဆိုပေမယ့် ခုပြောပြမယ့် အချက်လေးတွေကို သိထားရင်တော့ ကျန်းမာတဲ့ ကိုယ်ဝန်တစ်ခုကို ပိုင်ဆိုင်ရမှာ အသေအချာပါ။ ဒါဆို ဗိုက်ထဲက ရင်သွေးလေး ဖွံ့ဖြိုးဖို့ တာဆူနေတဲ့ ကိုယ်ဝန် ပထမ ၃လမှာ ဘယ်လို အချက်တွေကို လိုက်နာရမလဲ ။ ဘယ်လို အချက်တွေကို ရှောင်ကြဉ်ရမလဲ ။ ။

ကိုယ်ဝန် ပထမ ၃ လမှာ ကိုယ်ဝန်ဆောင်တိုင်းလိုက်နာသင့်သည့် အချက်များ ။ ။

  • အစားအသောက်က အရေးကြီးဆုံးပါ။ – ဘယ်လောက်ပဲ ပျို့အန်ချင်ပြီး အစားစားချင်စိတ်ပျောက်နေပါစေ ၂ ယောက်စာပေါင်းစားရမယ့် ကိုယ်ဝန်ဆောင်ကာလမှာ နည်းနည်းလေးမှ အာဟာရချိုတဲ့ခံလို့မရပါဘူး။ စားတဲ့အခါမှာလည်း သဘာဝအတိုင်းရတဲ့ အစားအသောက်တွေကို ဦးစားပေးစားသ့င်ပါတယ်။
  • ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ သောက်ပေးပါ။ – ကိုယ်ဝန်ဆောင်နဲ့ ဗိုက်ထဲက ရင်သွေးလေးအတွက် အရေးအကြီးဆုံး ဗီတာမင် နဲ့ သတ္တုဓါတ်တွေဖြစ်တဲ့ folic acid၊ သံဓါတ်၊ ဇင့်နဲ့ ကယ်လ်ဆီယမ် အပြင် DHA တို့တစ်နေ့တာလိုအပ်တဲ့ ပမာဏ အတိုင်းရဖို့ အရေးကြီးပါတယ်။
  • အရောင်အသွေးစုံတာတွေစားပါ။ – အစားအသောက်တွေကို ပြင်ဆင်တဲ့အခါ အရောင်သွေးစုံအောင် ( ဥပမာ အစိမ်းရောင်အသီးအရွက်တွေ အဝါရောင် အသီးအနှံတွေနဲ့ ရောင်ခြယ်ပစ္စည်းတွေပါတဲ့ ဘယ်ရီသီးတွေ စားပေးပါ။) သူတို့မှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အချင်းကနေ ကလေးဆီကို ရောက်သွားပြီး ရင်သွေးလေးအတွက် အစွမ်းကုန် ကာကွယ်ပေးမှာပါ။ ဒါ့အပြင် ပါဝင်တဲ့အမျှင်ဓါတ်က ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။
  • ရေများများသောက်ပါ ။ – ရေဓါတ်ြပည့်ဝနေခြင်ဟာ ေန့မစေ့လ မစေ့ ကလေးမွေးဖွားနိုင်မှုကို လျှော့ချပေးပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးပါ။
  • အိပ်ရေးဝဝအိပ်ပါ – ကိုယ်ဝန်ဆောင်ကာလမှာ ရုပ်ပိုင်းဆိုင်ရာရော၊ ဇီဝကမ္မ ဖြစ်စဉ်တွေရော ပြောင်းလဲနေတာကြောင့် နုန်းချိမောပန်းနေတတ်ပါတယ်။ ဒီလို ပင်ပန်းမှုတွေကို ပြေပျောက်စေဖို့အတွက် အိပ်စက်ခြင်းကသာ အကောင်းဆုံးပါ။ တစ်ညကို ၈ နာရီလောက် အိပ်သ့င်ပြီး နေ့ခင်းပိုင်းတွေမှာလည်း တစ်ရေးအိပ်ပေးလို့ရပါတယ်။
  • လေ့ကျင့်ခန်းလုပ်ပါ။ – ကိုယ်ဝန်ထိခိုက်မှာစိုးလို့ဆိုပြီး ထိုင်ပဲထိုင်နေတာက ပုံစံမကျပါဘူး။ ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုး မဟုတ်ရင်တောင် လမ်းလျှောက်လေ့ကျင့်ခန်းကတော့ လုပ်ကိုလုပ်ပေးသင့်ပါတယ်။ ဒါမှ ေသွးလည်ပတ်မှု ကောင်းပြီး ခြေထောက်တွေ ဖောရောင်တာကိုလည်း သက်သာစေမှာပါ။
  • တုပ်ကွေးကာကွယ်ဆေးကြိုထိုးထားပါ။ – ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ တုပ်ကွေးကာကွယ်ဆေး ထိုးလို့ရသလို မဖြစ်မနေထိုးပေးဖို့လည်း လိုအပ်ပါတယ်။ အမေနေမကောင်းရင် ဗိုက်ထဲက ကလေးအတွက် မကောင်းဘူးလေ။ ဒါ့အပြင် နောက်ထပ် ထိုးပေးဖို့လိုတဲ့ ကာကွယ်ဆေးတစ်ခုကတော့ မေးခိုင်ကာကွယ်ဆေးပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် ပထမ ၃ လအတွင်း ရှောင်သင့်တဲ့ အချက်တွေကတော့

  • ဆေးလိပ်လုံးဝ မသောက်ပါနဲ့။ – ဆေးလိပ်က ကိုယ်ဝန်ပျက်ကျစေနိုင်ဖို့ အခွင့်အလမ်းများစေသလို မွေးလာမယ့် ကလေးမှာလည်း ချို့ယွင်းချက်တွေ အများကြီးရှိစေတတ်ပါတယ်။ ( နှုတ်ခမ်းကွဲအာခေါင်ကွဲ၊ ကလေးပေါင်ချိန်မပြည့်တာ၊ ေန့မစေ့လမစေ့ဘဲမွေးတာ၊ အသေလေးမွေးတာ ) စတာတွေပေါ့။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာတော့ ဆေးလိပ်ဖြတ်ခဲ့ပြီး ကလေးမွေးပြီး ဆေးလိပ်ပြန်သောက်တာမျိုးလည်း မလုပ်ပါနဲ့။ ကိုယ့်အနားမှာ တစ်ချိန်လုံးရှိနေတဲ့ကလေးက တစ်ဆင့်ခံ ဆေးလိပ်သောက်သူဖြစ်သွားတတ်သလို အခြား ဆိုးကျိုးတွေလည်း ခံစားရတတ်လို့ပါ။
  • အရက်ကိုလည်း ရှောင်ပါ ။ – ကိုယ်ဝန်ကာလမှာ အရက်တစ်စက်ကလေးတောင် သောက်လို့မရပါဘူး။ အချင်းကိုဖြတ်သွားပြီး ကလေးဆီ ရောက်သွားတဲ့အရက်က ကလေးဖွံ့ဖြိုးမှု အဆင့်တိုင်းကို ပြဿနာ ဖြစ်စေတတ်ပြီး မွေးရာပါ ချို့ယွင်းချက် အများကြီးနဲ့ မွေးဖွားလာတတ်ပါတယ်။
  • မကျက်တကျက် အသားတွေ မစားပါနဲ့။ အကင်ဆို အကုန်ကျက်တာမျိုး မဟုတ်ဘဲ တုန်တုန်လေးဖြစ်နေမှ စားလို့ကောင်းတာတွေကို ကိုယ်ဝန်ဆောင်အချိန်မှာ ဘေးဖယ်ထားလိုက်ပါ။ မကျက်တကျက် အသားတွေဟာ listeriosis နဲ့ toxoplasmosis လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်တွေ အတွက် အကြောက်ရဆုံး ရောဂါတွေကို ဖြစ်စေပြီး ကိုယ်ဝန်ပျက်ကျဖို့ အခွင့်အလမ်းများစေပါတယ်။
  • ချွေးထုတ်ခန်း မသွားပါနဲ့။ – ကိုယ်ဝန်ကြီးနဲ့ နေရတာ ငြီးစီစီကြီးဆိုပြီး ချွေးထုတ်ခန်းသွားပြီး အပန်းမဖြေလိုက်ပါနဲ့။ ချွေးထုတ်ခန်းဆိုတာ အပူချိန်မြင့်တယ်မလား။ ကိုယ်ဝန်ပထမ ၃ လမှာ မိခင်ရဲ့ ကိုယ်အပူချိန် မြင့်ခြင်းဟာ ဗိုက်ထဲက ရင်သွေးလေးကိုထိခိုက်စေပြီး ကိုယ်ဝန်ပျက်ကျစေတတ်ပါတယ်။
  • ကော်ဖီ အများကြီး မသောက်ပါနဲ့။ – ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်ဟာ အချင်းကိုဖြတ်ပြီး ကလေးဆီရောက်ကာ ကလေးရဲ့ နှလုံးခုန်နှုန်းအပေါ် သက်ရောက်မှုရှိပါတယ်။ ကိုယ်ဝန်သည်တွေ ကော်ဖီသောက်လို့ရတယ်ဆိုပေမယ့် တစ်နေ့ ၂ ခွက်ထက်တော့ ပိုမသောက်သင့်ပါဘူး။
  • ကိုယ်ဝန်ကြီးနဲ့ အိမ်က အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အညစ်အကြေးတွေကို သန့်ရှင်းရေး မလုပ်သင့်ပါဘူး။

ကဲ အရေးကြီးတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ဒီလိုအချက်လေးတွေ သိထားပြီးလိုက်နာရင် မိခင်ရော ဗိုက်ထဲက ကလေးလေးပါ ကျန်းမာမှာ အသေအချာပဲနော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တာက အမျိုးသားရော အမျိုးသမီးပါ ကြုံဖူးမယ့် ပြဿနာပါ။ ဒီပြဿနာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရျင်းမလဲဆိုတာကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးမှု။ ကာကွယ်ဆေးထိုးမယ်ဆိုရင် မထိုခင်နဲ့ ထိုးပြီး အနည်းဆုံး ၄၅ ရက် ကြာတဲ့အထိ အရက်သောက်သုံးမှုကို ရှောင်ရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု မှာ သာမန်ကိုယ်ဝန်ဆောင် တစ်ယောက်အနေနဲ့ ဒီလောက်လိုက်နာမယ်ဆိုရင် မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကိုယ်ဝန်ဆောင်ကာလ ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

how-to-prevent-cancer-recurrence ကင်ဆာပြန်မဖြစ် အောင်

ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
drinking-too-much-during-the-pandemic

အကျပ်အတည်းကာလဆိုပြီး ပိုသောက်မိနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read