backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

သားလေး လိုချင်တဲ့ စုံတွဲတိုင်းအတွက် ။ ။

မိသားစု ဘဝ ထူထောင်ထားတဲ့ စုံတွဲတိုင်း သူ့တို့ဆီ ရောက်လာမယ့် ရင်သွေးလေးတွေ အတွက် ကြိုပြီးရင်ခုန်ကြတဲ့သူချည်းပါပဲ။ ဦးဆုံးလေးကို သားလေး လိုချင်တဲ့ သူရှိသလို သမီးလေးလိုချင်တဲ့သူရှိပါတယ်။ တချို့ကျတော့လည်း သမီးလေးတွေချည်းမွေးထားတော့ သားလေးလိုချင်လို့ ကြိုးစားနေကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သားဦးလေးလိုချင်တဲ့သူတွေအတွက်ရော၊ သမီးလေးတွေရှိနေလို့ သားလေးလိုချင်တဲ့သူတွေ အတွက်ရော သိထားသင့်တဲ့ ကြိုးစားနည်းလေးတွေပဲ ဖြစ်ပါတယ် ။

သားလေး လိုချင်တဲ့ စုံတွဲတိုင်းအတွက် ။ ။

သားလေး လိုချင်တဲ့ စုံတွဲတိုင်းအတွက် နည်းလမ်းကောင်းများ

၁ ။ The Shettles Method

Dr. Landrum Shettles ပြောကြားချက်အရ သားလေး မွေးစေမယ့် အမျိုးသား သုက်ကောင်လေးတွေဟာ အမျိုးသမီး သုက်ကောင်လေးတွေထက် အပြေးပိုသန်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မမျိုးဥကြွေချိန်မှာ အမျိုးသားနဲ့ အတူနေလိုက်ရင် သားလေးပိုရနိုင်လို့လည်း ဆိုပါတယ်။

၂ ။ သားလေးရနိုင်ဖို့ ဆက်ဆံသင့်တဲ့ ပုံစံအနေအထားတွေ ။ ။

  • အဆုံးထိထိုးသွင်းတဲ့ အနေအထားနဲ့ လိင်ဆက်ဆံသင့်ပါတယ်။ ဒါမှ male sperms ( သုက်ကောင်လေး) တွေဟာ မိန်းမကိုယ်တွင်းမှာရှိတဲ့ အက်ဆစ်နဲ့ အကြာကြီး မထိတွေ့ရဘဲ မမျိုးဥရှိရာဆီ အချိန်အတိုအတွင်း ရောက်မှာ ဖြစ်ပါတယ်။
  • နောက်တစ်ချက်က အမျိုးသမီးပြီးတဲ့အချိန် ( orgasm) ရတဲ့အချိန်မှာ အတူပြီးသွားနိုင်ရင် ပိုကောင်းပါတယ်။ Orgasm ရတဲ့အချိန်မှာ မိန်းမကိုယ်တွင်းအက်ဆစ်က ပျော့နေတဲ့အတွက် သုက်ကောင်တွေကို အသေအကြေ မများစေနိုင်လို့ပါ။

သားလေး လိုချင်တဲ့ စုံတွဲတိုင်းအတွက် ။ ။

၃။ သားလေး လိုချင်ရင် ဘယ်လို စားသောက်နေထိုင်ရလဲ ။ ။

သုက်ကောင်တွေက မိန်းမကိုယ်တွင်း pHကို အက်ဆစ်ပြင်းပြင်းအစား alkaline pH ( အယ်ကာလီ pH) ကို ပိုကြိုက်တာကြောင့် အက်ဆစ်ဓာတ်နည်းစေမယ့် အစားအသောက်တွေ စားပေးဖို့လိုပါတယ်။

  • အယ်ကာလီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုစားပါ – ချယ်ရီသီး၊ သံပယိုသီး၊ ထောပတ်သီး၊ ပျားသလပ်၊ ဗန်ဒါစေ့၊ မုန်လာဥနီ၊ လိမ္မော်ရည်၊ မုန်လာဥဖြူ၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီးတို့ကို စားပေးလို့ရပါတယ်။
  • မနက်စာကို တစ်ဝကြီးစားပါ – ကယ်လိုရီအများကြီးပါတဲ့ မနက်စာတစ်ခွက်ဟာ အားအင်ပြည့်ဝစေလို့ သားယောက်ျားလေးရဖို့ အခွင့်အလမ်းကပိုများစေတယ်လို့ ဆိုပါတယ်။
  • ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်များတဲ့ အစားအစာတွေစားပါ – အပေါ်မှာ ပြောခဲ့သလို မျိုးဥကြွေချိန်နဲ့ ချိန်ကိုက်ပြီး လိင်ဆက်ဆံမယ်၊ ဆိုဒီယမ်ပိုတက်ဆီယမ်များတဲ့ အစားအသောက်တွေစားမယ်၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်များတဲ့ အစားအစာတွေကို လျှော့စားမယ်ဆိုရင် သားလေးရနိုင်ချေပိုများပါတယ်။
  • ပိုတက်ဆီယမ်များတဲ့အစားအစာဆိုတော့ ငှက်ပျောသီးများများစားရမှာပေါ့။ ဆိုဒီယမ်များတဲ့ အစားအစာဆိုတာ ငန်တဲ့အစားအသောက်တွေပါ။ အလွန်အကျွံမဖြစ်ဖို့တော့ သတိပြုပါ။ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်များတဲ့ အစားအသောက်တွေဆိုတာ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ သူတို့ပါတဲ့ ဖြည့်စွက်အားဆေးတွေပါ။

သားလေး လိုချင်တဲ့ စုံတွဲတိုင်းအတွက် ။ ။

ဒါတွေကတော့ သားလေး လိုချင်တဲ့ စုံတွဲတိုင်း လိုက်နာသင့်တဲ့ နည်းတွေပဲ ဖြစ်ပါတယ်။ ဒီနည်းတွေက ယူဆချက်တွေပဲ ဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာထား‌တာတွေ မဟုတ်တော့ သားလေးရကိုရမယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ကိုယ်လိုချင်တာလေးနဲ့ ကိုယ့်ဆီရောက်လာတာလေးနဲ့ ကိုက်ရင်တော့ ပျော်ကြတာ လူတိုင်းပဲပေါ့။ ဒါပေမယ့် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ဆီ သားလေးပဲ လာလာ၊ မီးလေးပဲလာလာ ရောက်လာတဲ့ရင်သွေးတိုင်းကို ချစ်ကြ ကြင်နာကြမယ့် သူချည်းပါပဲ။

ရေးသားသူ- Dr Thin Yadanar@ Frances

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://wehavekids.com/having-baby/how-to-have-a-baby-boy

Accessed Date 29.5.2019

https://www.ibuzzle.com/articles/best-month-to-conceive-a-boy.html

Accessed Date 29.5.2019

ယခုပုံစံ

15/01/2024

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားသားလေးလား မီးမီးလေးလား မသိချင်ဘူးလား

သားသားလေးလား မီးမီးလေးလား ဘယ်လိုသိနိုင်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/01/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ