ကိုယ်ဝန်လိုချင်တဲ့သူတွေရော မလိုချင်တဲ့သူတွေရော သိထားသင့်တဲ့ သားဥကြွေချိန်ကို တွက်ချက်ခြင်း။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

သားဥကြွေတယ်ဆိုတာဘာလဲ ။ ။

ကိုယ်ဝန်လိုချင်ရင် သားဥနဲ့ သုက်ကောင်နဲ့တွေ့ရမယ်။ သားဥအိမ်ဆိုတာ အမျိုးသမီးတွေမှာရှိတယ်။ သူကနေ သားဥတွေထုတ်ပေးတယ်။ ဒီလို သားဥတွေထုတ်ပေးတဲ့ဖြစ်စဉ်ကို သားဥကြွေတယ်လို့ခေါ်တယ်။ ဒါတွေ အပြင် သားဥကြွေတာနဲ့ ပက်သက်ပြီး သင်မသိသေးတဲ့ အချက်တွေရှိပါသေးတယ် ။ ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။

သားဥကြွေတဲ့ ဖြစ်စဉ်နောက်က လုပ်ငန်းစဉ်များ ။ ။

သားဥအိမ်ကနေ သားဥထုတ်တဲ့ ဖြစ်စဉ်ကို သားဥကြွေတယ်လို့ ခေါ်လို့ရပေမယ့် နောက်ကွယ်မှာ သူ့ထက် ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေ ရှိပါသေးတယ်။ သင့်ရာသီ စက်ဝန်းရဲ့ ပထမ ၁၄ရက်မှာ သားဥအိမ်ထဲ multiple follicles လို့ခေါ်တဲ့ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ သားဥတွေ စတင် ကြီးလာပါတယ်။ တဖြည်းဖြည်းနဲ့ Dominant egg လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး သားဥတွေဖြစ်လာပြီး အဲဒီ Dominant egg တွေထဲကမှ စံချိန်အမီဆုံး သားဥတစ်လုံးက estradiol လို့ခေါ်တဲ့ အီစတိုဂျင်ဟော်မုန်းတစ်မျိုးကိုထုတ်ပေးပါတယ်။ အဲဒီ ဟော်မုန်းကနေ Dominant egg ကို ကွဲစေတဲ့ luteinizing hormone ကို ထွက်စေပြီး မျိုးအောင်စေမယ့် သားဥထွက်လာတဲ့ ဖြစ်စဉ်ကို သားဥကြွေတယ်လို့ခေါ်ပါတယ်။ ထွက်လာတဲ့ သားဥလေးရဲ့ သက်တမ်းဟာ ၁၂ နာရီကနေ ၂၄ နာရီ အတွင်းပဲ ရှိပါတယ်။

သားဥကြွေချိန်ကို ဘယ်လို တွက်ချက်လို့ရမှာလဲ ။ ။

ကိုယ့်ရဲ့ ရာသီစက်ဝန်းက ၂၈ ရက်ရှိတယ်ဆိုရင် အကြမ်းအားဖြင့် လဝက် ၁၄ ရက်လောက်မှာ သားဥကြွေလေ့ရှိတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် တစ်လတစ်လ ရာသီ စောလာတတ်တဲ့သူလည်းရှိသလို နောက်ကျမှာလာတဲ့သူလည်းရှိတဲ့အတွက် ကိုယ့်ရာသီစက်ဝန်းကာလပေါ်မူတည်ပြီး သားဥကြွေတာ အပြောင်းအလဲရှိပါတယ်။ ဒါကြောင့် ဘောင်အတွင်းဝင်အောင် ပြောရမယ်ဆိုရင် ကိုယ့်ရာသီစက်ဝန်း အလယ်ရဲ့ ရှေ့ ၄ ရက် နောက် ၄ ရက် မှာ သားဥကြွေတယ်လို့ ပြောလို့ရပါတယ်။ ဥပမာ ကိုယ့်ရာသီစက်ဝန်းက ရက် ၃၀ ဆိုရင် သားဥ ကြွေချိန်က ၃၀ ရက်ရဲ့တစ်ဝက် ၁၅ရက်နေ့ရဲ့ ရှေ့ ၄ ရက် နောက် ၄ ရက်လို့ ပြောလို့ရပါတယ်။

ကိုယ်ဝန်အရနိုင်ဆုံး အချိန်က ဘယ်အချိန်လဲ။ ။

ကိုယ်ဝန်ရချင်ရင် စောစောကပြောခဲ့တဲ့ ရာသီဝက်ဝန်း အလယ်ရဲ့ ရှေ့ ၄ ရက် နောက် ၄ ရက်လောက်မှာ တိုးပြီး ကြိုးစားသင့်ပါတယ်။

သားဥကြွေတာမှာ ဘယ်လိုလက္ခဏာတွေရှိလဲ ။ ။

သားဥကြွေတာဟာ အများအားဖြင့် သိသာတဲ့ လက္ခဏာတွေတော့မရှိတတ်ပါဘူး။ ဒါပေမယ့် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့

  • အဖြူဆင်းတာ – ကြက်ဥ အကာလိုမျိုး ပျစ်ချွဲချွဲ အကြည်ရောင် အရည်တွေ ဆင်းတာ
  • ရင်သားတွေတင်းပြီးနာနေတာ
  • လိင်စိတ်ပြင်းပြနေတာနဲ့
  • တစ်ချို့လူတွေမှာဆို ဗိုက်အောင့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

တစ်လထဲနဲ့ သားဥ တစ်ကြိမ်ထက်ပိုကြွေတာမျိုး ဖြစ်တတ်ပါသလား။

ဖြစ်တတ်ပါတယ်။ တစ်လတည်းနဲ့ သားဥ ၂ ခါကြွေတတ်တဲ့သူတွေရှိသလို တစ်ခါကြွေရင် သားဥ တစ်လုံးထက်ပိုတဲ့သူတွေရှိပါတယ်။ ဒီလို သားဥ တစ်ကြိမ်ထက်ပိုကြွေတဲ့သူတွေက ကလေးရနိုင်ချေများသလို သားဥ တစ်လုံးထက်ပိုကြွေတဲ့သူတွေက အမြွှာကိုယ်ဝန်ရနိုင်ချေများပါတယ်။

သားဥမကြွေဘဲနဲ့ ရာသီလာတာမျိုးရှိလား ။ ။

ရှိပါတယ်။ ရာသီသွေးဆင်းတယ်ဆိုတာ သန္ဓေအောင်ရင် အဆင့်သင့်ဖြစ်အောင် ပြင်ဆင်ထားတဲ့ သားအိမ်နံရံက သန္ဓေမအောင်တဲ့အခါ နောက်တစ်လအတွက် အသစ်ပြန်ဖြစ်အောင်လို့ ကွာကျပေးရာမှ ဆင်းလာတဲ့ သွေးတွေကို ခေါ်တာပါ။ ဒီသန္ဓေတားဆေး၊ ထိုးဆေးတွေသုံးနေရင် တစ်လတစ်ခါ ရာသီလာတယ်ဆိုပေမယ့် သားဥမကြွေအောင် အဲဒီဆေးတွေက တားပေးတဲ့အတွက် သားဥမကြွေဘဲနဲ့လည်း ရာသီလာတာမျိုးဖြစ်တတ်ပါတယ်။

ဒါတွေကတော့ သားဥကြွေတာနဲ့ ပက်သက်ပြီး အမျိုးသမီးတိုင်း သိထားသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒါလေးဖတ်ပြီးရင် သားဥကြွေတယ်ဆိုတာဘာလဲ၊ သားဥကြွေချိန်ကို ဘယ်လိုတွက်ချက်လဲဆိုတာကို သိသွားလောက်ပြီဖြစ်တဲ့အတွက် ကိုယ်ဝန်ယူဖို့ ကြိုးစားတဲ့နေရာမှာ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက မိခင်ရော ကလေးပါ ကျန်းမာစေပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးသမီးများ အီစထရိုဂျင် နည်းလာလျှင်

အီစထရိုဂျင်ဟာ အမျိုးသမီးများအတွက် အဓိကကျတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ငယ်စဉ်ဘဝကနေ အရွယ်ရောက်ပြီး တဲ့အထိ အမျိုးသမီးဘဝကို ထိန်းကျောင်းပေးတဲ့ ဟော်မုန်းပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

Endocrine system (ဟော်မုန်းစနစ်)ဆိုတာ

Endocrine system ဆိုတာက ကိုယ်တွင်းက ဂလင်းတွေ စုဖွဲ့ထားတဲ့ စနစ် တစ်ရပ်ပါ။ ဂလင်းတွေ စုစည်းထားပြီး ဟော်မုန်းတွေကိုထုတ်လုပ်ပေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Endocrine System (ဟော်မုန်းစနစ်)မှာပါဝင်တဲ့ ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်များ

Endocrine System ကို ဂလင်း များစွာနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။ ဒီတစ်ခေါက်တော့ Endocrine System မှာပါဝင်တဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလ မှာ သားဆက်ခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ကိုဗစ်ကာလ မှာ သားဆက်ခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
ကိုဗစ်ကာလမှာ ဘယ်လို သားဆက်ခြားမယ် စိတ်ကူးလဲ။

ကိုဗစ်ကာလမှာ ဘယ်လို သားဆက်ခြားမယ် စိတ်ကူးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 11, 2020 . 2 mins read
Pubertyက hit ဦးမှာလား။

Pubertyက hit ဦးမှာလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 28, 2020 . 2 mins read