သားလေး လိုချင်တဲ့ စုံတွဲတိုင်းအတွက် ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 19, 2021 . 2 mins read
Share now

မိသားစု ဘဝ ထူထောင်ထားတဲ့ စုံတွဲတိုင်း သူ့တို့ဆီ ရောက်လာမယ့် ရင်သွေးလေးတွေ အတွက် ကြိုပြီးရင်ခုန်ကြတဲ့သူချည်းပါပဲ။ ဦးဆုံးလေးကို သားလေး လိုချင်တဲ့သူရှိသလို သမီးလေးလိုချင်တဲ့သူရှိပါတယ်။ တချို့ကျတော့လည်း သမီးလေးတွေချည်းမွေးထားတော့ သားလေးလိုချင်လို့ ကြိုးစားနေကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သားဦးလေးလိုချင်တဲ့သူတွေအတွက်ရော၊ သမီးလေးတွေရှိနေလို့ သားလေးလိုချင်တဲ့သူတွေ အတွက်ရော သိထားသင့်တဲ့ ကြိုးစားနည်းလေးတွေပဲ ဖြစ်ပါတယ် ။

သားလေး လိုချင်တဲ့ စုံတွဲတိုင်းအတွက် နည်းလမ်းကောင်းများ

၁ ။ The Shettles Method

Dr. Landrum Shettles ပြောကြားချက်အရ သားလေး မွေးစေမယ့် အမျိုးသား သုက်ကောင်လေးတွေဟာ အမျိုးသမီး သုက်ကောင်လေးတွေထက် အပြေးပိုသန်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မမျိုးဥကြွေချိန်မှာ အမျိုးသားနဲ့ အတူနေလိုက်ရင် သားလေးပိုရနိုင်လို့လည်း ဆိုပါတယ်။

၂ ။ သားလေးရနိုင်ဖို့ ဆက်ဆံသင့်တဲ့ ပုံစံအနေအထားတွေ ။ ။

  • အဆုံးထိထိုးသွင်းတဲ့ အနေအထားနဲ့ လိင်ဆက်ဆံသင့်ပါတယ်။ ဒါမှ male sperms ( သုက်ကောင်လေး) တွေဟာ မိန်းမကိုယ်တွင်းမှာရှိတဲ့ အက်ဆစ်နဲ့ အကြာကြီး မထိတွေ့ရဘဲ မမျိုးဥရှိရာဆီ အချိန်အတိုအတွင်း ရောက်မှာ ဖြစ်ပါတယ်။
  • နောက်တစ်ချက်က အမျိုးသမီးပြီးတဲ့အချိန် ( orgasm) ရတဲ့အချိန်မှာ အတူပြီးသွားနိုင်ရင် ပိုကောင်းပါတယ်။ orgasm ရတဲ့အချိန်မှာ မိန်းမကိုယ်တွင်းအက်ဆစ်က ပျော့နေတဲ့အတွက် male sperms တွေကို အသေအကြေမများစေနိုင်လို့ပါ။

သားလေး လိုချင်တဲ့ စုံတွဲတိုင်းအတွက် ။ ။

၃။ သားလေး လိုချင်ရင် ဘယ်လို စားသောက်နေထိုင်ရလဲ ။ ။

Male sperms တွေက မိန်းမကိုယ်တွင်း pHကို အက်ဆစ်ပြင်းပြင်းအစား alkaline pH ( အယ်ကာလီ pH) ကို ပိုကြိုက်တာကြောင့် အက်ဆစ်ဓာတ်နည်းစေမယ့် အစားအသောက်တွေစားပေးဖို့လိုပါတယ်။

  • အယ်ကာလီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုစားပါ – ချယ်ရီသီး၊ သံပယိုသီး၊ ထောပတ်သီး၊ ပျားသလပ်၊ ဗန်ဒါစေ့၊ မုန်လာဥနီ၊ လိမ္မော်ရည်၊ မုန်လာဥဖြူ၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီးတို့ကို စားပေးလို့ရပါတယ်။
  • မနက်စာကို တစ်ဝကြီးစားပါ – ကယ်လိုရီအများကြီးပါတဲ့ မနက်စာတစ်ခွက်ဟာ အားအင်ပြည့်ဝစေလို့ သားယောက်ျားလေးရဖို့ အခွင့်အလမ်းကပိုများစေတယ်လို့ ဆိုပါတယ်။
  • ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်များတဲ့ အစားအစာတွေစားပါ။ – အပေါ်မှာ ပြောခဲ့သလို မျိုးဥကြွေချိန်နဲ့ ချိန်ကိုက်ပြီး လိင်ဆက်ဆံမယ်၊ ဆိုဒီယမ်ပိုတက်ဆီယမ်များတဲ့ အစားအသောက်တွေစားမယ်၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်များတဲ့ အစားအစာတွေကို လျှော့စားမယ်ဆိုရင် သားလေးရနိုင်ချေပိုများပါတယ်။
  • ပိုတက်ဆီယမ်များတဲ့အစားအစာဆိုတော့ ငှက်ပျောသီးများများစားရမှာပေါ့။ ဆိုဒီယမ်များတဲ့ အစားအစာဆိုတာ ငန်တဲ့အစားအသောက်တွေပါ။ ကယ်လ်ဆီမယ် မဂ္ဂနီဆီယမ်များတဲ့ အစားအသောက်တွေဆိုတာ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ သူတို့ပါတဲ့ ဖြည့်စွက်အားဆေးတွေပါ။

သားလေး လိုချင်တဲ့ စုံတွဲတိုင်းအတွက် ။ ။

ဒါတွေကတော့ သားလေး လိုချင်တဲ့ စုံတွဲတိုင်း လိုက်နာသင့်တဲ့ နည်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်လိုချင်တာလေးနဲ့ ကိုယ့်ဆီရောက်လာတာလေးနဲ့ ကိုက်ရင်တော့ ပျော်ကြတာ လူတိုင်းပဲပေါ့ ။ ဒါပေမယ့် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ဆီ သားလေးပဲ လာလာ၊ မီးလေးပဲလာလာ ရောက်လာတဲ့ရင်သွေးတိုင်းကို ချစ်ကြ ကြင်နာကြမယ့် သူချည်းပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စမုန်စပါးရဲ့ ကျန်းမာရေးအာနိသင်

စမုန်စေ့က လူတိုင်းနဲ့ ရင်းနှီးပြီး ဖြစ်နိုင်ပေမယ့် စမုန်စပါးပင်ကိုတော့ သိထားမိသူ နည်းနိုင်ပါတယ်။ စမုန်စပါးပင်က ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ပိုတက်ဆီယမ်ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းက ကြွက်သားတွေမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

နှင်းခူရှိသူတွေအတွက် စားသောက်မှုပုံစံ

နှင်းခူ ပြင်းထန်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပေါ့။ နေထိုင်စားသောက်မှုက နှင်းခူအပေါ်မှာ အများ​ကြီး သက်ရောက်နေပါတယ်။ သေချာဂရုစိုက်သင့်တဲ့ အရေပြားပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။

ငရုတ်သီးမှာ ဗီတာမင် C ပါဝင်တာကြောင့်  ကိုယ်ခံအားကိုကောင်းစေတယ်။ ဖျားနာတာနဲ့ ရာသီတုပ်ကွေးကိုသက်သာစေတယ်။ ကိုဗစ်ကိုရော ကာကွယ်ပေးနိုင်မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။

ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 18, 2020 . 2 mins read
သားဥကြွေ ခါနီးရင် ဘာတွေ ခံစားရမလဲ။

သားဥကြွေ ခါနီးရင် ဘာတွေ ခံစားရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 8, 2020 . 2 mins read
ဘေဘီလေးနဲ့ ဆန်ပြုတ်

ဘေဘီလေးနဲ့ ဆန်ပြုတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read