backup og meta

ကလေးတွေရဲ့ အကျင့်ဆိုးတွေအပေါ် အသင့်စားစရာတွေရဲ့ လွှမ်းမိုးမှု

ကလေးတွေရဲ့ အကျင့်ဆိုးတွေအပေါ် အသင့်စားစရာတွေရဲ့ လွှမ်းမိုးမှု

ပင်ပန်းခြင်း၊ ငြီးငွေ့ခြင်း ဒါမှမဟုတ် ဒေါသတွေဟာ အမူအကျင့်ဆိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ကလေးတွေ ဘာစားသလဲဆိုတာကလည်း သူတို့ရဲ့ အမူအကျင့်တွေနဲ့ သွယ်ဝိုက်သောနည်းအားဖြင့် ဆက်စပ်နေပါတယ်။ အသင့်စား အစားအသောက်တွေဟာ အဓိက တရားခံတွေဖြစ်ပြီး ကလေးတွေရဲ့ စားသောက်မှုပုံစံထဲက အသင့်စား အစားအစာတွေကိုထုတ်ထားခြင်းဟာ အချို့သော အမူအကျင့်ဆိုးတွေကို ဖျောက်ဖျက်ပစ်နိုင်တဲ့ နည်းတစ်နည်းပါပဲ။

အသင့်စားအစားအသောက်တွေကို အမှိုက်သဖွယ် အသုံးမကျဖြစ်အောင်လုပ်နိုင်တဲ့ ပါဝင်ပစ္စည်းများ

အသင့်စား အစားအသောက်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် စားချင်စရာလေးတွေ ဖြစ်နေတတ်ပါတယ်။ စိတ်ကျေနပ်မှုတွေ၊ ဈေးနှုန်းတွေနဲ့ အရသာတွေပါ အပါအဝင်ပေါ့။ ကလေးတွေအတွက်ဆိုရင်တော့ သူတို့တွေဟာ သူတို့စားလိုက်တဲ့အစာတွေကြောင့် နေမကောင်းဖြစ်နိုင်တယ်ဆိုတာ မသိသေးတဲ့အပြင် အသင့်စားအစားအစာတွေကလည်း စားချင်စိတ်ကို ပိုဖြစ်စေပါတယ။်

အချိုဓါတ်များတဲ့စားစရာတွေဟာ ကလေးတွေရဲ့ အမူအကျင့်ဆိုင်ရာ ပြဿနာတွေအတွက် မကြာခဏဆိုသလို အဓိက ရင်းမြစ်ဖြစ်နေတတ်ပြီး အခြားသော ကျန်းမာရေးနဲ့မညီတဲ့ စားစရာတွေမှာလည်း တာဝန်ရှိပါတယ်။ ဆိုးဆေးတွေနဲ့ အစာထဲထည့်တဲ့ ဓါတုပစ္စည်းတွေဟာ ကလေးတွေဘယ်လို ပြုမူသလဲဆိုတဲ့အပေါ် လွှမ်းမိုးနိုင်ပါတယ်။

အသင့်စားအစားအစာတွေနဲ့ စွဲလမ်းနေတဲ့ အမူအကျင့်တွေ

ကလေးတွေဟာ သကြားများတဲ့အစာ၊ အဆီများတဲ့အစာတွေနဲ့ ဆားငံတဲ့အစာတွေကို ကြိုက်တတ်ပြီး ဒါတွေကိုပဲ မကြာခဏပူဆာတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ရိုးရှင်းတဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ မုန့်တွေ ဥပမာ ချိုချဉ်၊ ဆိုဒါ၊ အချိုမှုန့်တွေ နဲ့ ပေါင်မုန့်ဖြူတွေဟာ ဦးနှောက်ကို စိတ်ကျေနပ်မှုနဲ့ သဘောကျ နှစ်သက်မှုကို ပြတဲ့ လက္ခဏာတွေ ပို့ပေးပါတယ။်

တစ်ဖက်မှာလည်း ကလေးတစ်ယောက်က ဒီလို အသင့်စား စားစရာတွေကို တစ်ခါ စားသုံးမိရင် သူတို့တွေဟာ အရသာနဲ့ အထိအတွေ့ကို သဘောကျနေကြပြီး ဒါကြောင့်ရတဲ့ ခံစားချက်ကိုလည်း သဘောကျနှစ်သက်နေတာမို့ ဒီခံစားချက်ကို စွဲလမ်းနေတတ်ပါတယ်။ ဒီစွဲလမ်းမှုကပဲ ကျန်းမာစေတဲ့ အရာတွေဖြစ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေထက် အသင့်စား စားစရာတွေကို ပိုပြီးနှစ်သက်စေပါတယ်။

အသင့်စား အစားအစာများနဲ့ hyperactivity

သကြားဓါတ်မြင့်မားစွာပါဝင်ခြင်းကတော့ မိဘတွေ အစိုးရိမ်ဆုံး ပြဿနာတစ်ခုလည်းဖြစ်ပါတယ်။ ပြီးတော့ သကြားစားသုံးမှုနဲ့ ထိန်းချုပ်မရတဲ့ အပြုအမူတွေကြားမှာလည်း ဆက်စပ်မှု တစ်ခုခုရှိနေပါတယ်။ အသင့်စား အစားအသောက်တွေနဲ့ သကြားဓါတ်မြင့်မားစွာ ပါဝင်တဲ့ စားစရာတွေဟာ စွမ်းအင်ပမာဏကို လျော့ကျစေပြီး အချိန်ကြာကြာ အာရုံစိုက်နိုင်စွမ်းကိုလည်း လျော့ကျစေပါတယ်။

ဆိုဒါ၊ အချိုပွဲတွေနဲ့ ပေါင်မုန့်ဖြူတွေမှာ ပါဝင်တဲ့ သကြားဓါတ်တွေဟာ သွေးကြောထဲကို အလျင်အမြန်ရောက်ရှိသွားပြီး ဒါကပဲ သွေးတွင်းသကြားဓါတ်ကို အလျင်အမြန် မြင့်တက်စေတာပါ။ ဒါဟာ ကလေးတွေမှာတော့ ပိုပြီးတက်ကြွလာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဆိုဒါဟာ အာရုံစူးစိုက်နိုင်စွမ်း မရှိလောက်အောင်ဖြစ်သည်ထိ စွမ်းဆောင်နိုင်ပါတယ်။

အသင့်စား အစားအစာများနဲ့ ဗိုလ်ကျတတ်ခြင်း

အသင့်စားတွေကို အများကြီးစားသုံးတဲ့ကလေးတွဟာ ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကို စားသုံးတဲ့ သူတို့နဲ့ ရွယ်တူကလေးတွေထက် ပိုပြီး ဗိုလ်ကျတတ်ပါတယ်။ သကြားပါတဲ့ ဆိုဒါတွေကို သောက်တဲ့ကလေးတွေနဲ့ သောင်းကျန်းမှုတွေဟာ ဆက်စပ်မှုရှိနေတယ်လို့ဆိုပါတယ။် သကြားကလည်း ဒီအပြုအမူတွေရဲ့ အကြောင်းရင်းတစ်ချက်ဖြစ်ပြီး ကဖင်းကလည်း ဦးနှောက်ရဲ့ ဓါတုပစ္စည်းတွေနဲ့ ဟော်မုန်းတွေကို ပြောင်းလဲစေတာကြောင့် သူ့ကိုလည်း အပြစ်တင်ရမလိုပါ။

စွမ်းအင်နဲ့ အာရုံစူးစိုက်နိုင်မှု

ကိုယ်လက်လှုပ်ရှားမှုဟာ အသက်အရွယ်မခွဲခြားဘဲ ကလေးတိုင်းအတွက် အရေးကြီးပါတယ်။ ပြီးတော့ အသင့်စား အစားအသောက်တွေကို မကြာခဏ စားသောက်ခြင်းက ကလေးတွေအတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ လုံလောက်တဲ့စွမ်းအင်ကို ပေးနိုင်တဲ့ လိုအပ်တဲ့အာဟာရတွေကို မပေးစွမ်းနိုင်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကောင်းမွန်မှုကို ထိခိုက်စေနိုင်ပြီး ကလေးကို တစ်ကိုယ်တည်း အထီးကျန်ဆန်စေပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုနဲ့ စိတ်ကျရောဂါ ( စိတ်ဓါတ်ကျဆင်းခြင်း)

မိမိကိုယ်ကို ယုံကြည်မှုဟာ ဖွံ့ဖြိုးဆဲကလေးတွေအတွက်တော့ အထူးအရေးကြီးနေပြီး အသင့်စားအစားအသောက်တွေကို မကြာခဏ စားသုံးခြင်းဟာ မိမိကိုယ်ကို ထားတဲ့အမြင်တွေအတွက် အဆိုးတွေကိုပဲ ယူဆောင်ပေးလာပါတယ။် အသင့်စား အစားအသောက်တွေဟာ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို လွှမ်းမိုးနိုင်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်ပါတယ်။ ဥပမာ – ကျန်းမာရေးနဲ့ မညီညွတ်စွာ ဝဖြိုးလာခြင်း တို့လိုပေါ့။ ဒါတွေက မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းခြင်းတွေဆီကို ဦးတည်စေပါတယ်။

ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ စိတ်ကျရောဂါတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ စိတ်ကျရောဂါဟာ ကလေးတွေအတွက်တော့ သိပ်ကို အရေးကြီးတဲ့ ပြဿနာကြီးပါ။ ဒါဟာ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အနှောက်အယှက်ဖြစ်စေပြီး ကျောင်းက လုပ်ငန်းဆောင်တာတွေ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးတွေကို ထိခိုက်စေနိုင်ပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် မိမိကိုယ်ကို သေကြောင်းကြံသည်ထိ ဖြစ်သွားနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Effects of Junk Food on Bad Behavior in Children

http://www.livestrong.com/article/369049-the-effects-of-junk-food-bad-behavior-in-children/

Accessed: February 25 2017

How Junk Food Affects Children

http://healthyeating.sfgate.com/junk-food-affects-children-5985.html

Accessed: February 25 2017

ယခုပုံစံ

22/10/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ရေးလက်သားသည် ကလေးများအတွက် ဘာကြောင့် အရေးပါသလဲ

ကလေးကို ဘယ်အချိန်မှာ ဒိန်ချဉ် စတိုက်နိုင်ပြီလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement