backup og meta

သားသားမီးမီးတို့အတွက် မိုးရာသီ အစားအစာလမ်းညွှန်

သားသားမီးမီးတို့အတွက် မိုးရာသီ အစားအစာလမ်းညွှန်
သားသားမီးမီးတို့အတွက် မိုးရာသီ အစားအစာလမ်းညွှန်

မိုးလေးကျလာရင် မေမေတိုင်း စိုးရိမ်တာက သားသားမီးမီးတို့ ဖျားနာမှာကိုပါ။ အခုနှစ်မှာတော့ ရာသီတုပ်ကွေးအပြင် မေမေတို့ စိုးရိမ်စရာတစ်ခုတိုးလာပါပြီ ဒါကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲကြီး (WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန်ကြေညာထားတဲ့ COVID-19 ပါ။ ဒီတော့ မုတ်သုံကာလမှာ သားသားမီးမီးတွေကို မုတ်သုံ​ကြောင့်ဖြစ်မယ့် ရောဂါတွေကိုရော ​ကိုဗစ်ကိုပါ ကာကွယ်ဖို့အတွက် ကိုယ်ခံအားကောင်း အောင် မေမေတို့အနေနဲ့ ဘာတွေများ ပြင်ဆင်ပေးမယ် စိတ်ကူးလဲ………..

ကလေးတွေကို မိုးရာသီမှာ ရောဂါကင်းပြီး ကျန်းမာနေစေဖို့

ချစ်ရတဲ့ သားသားမီးမီးတို့ကို မိုးရာသီမှာ ရောဂါကင်းပြီး ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ဒါလေးတွေ ပါဝင်အောင် ပြင်ဆင်ပေးပါ။

ဟင်းချက်တဲ့အခါ နနွင်းကို ထည့်တတ်ကြပါတယ်။ ဒီနနွင်းက ဟင်းကို အရောင်လှစေရုံတင် မဟုတ်ဘဲ ရောဂါတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ နနွင်းမှာပါတဲ့ curcumin က ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ပေးပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

ငရုတ်ကောင်းမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့  piperine ပါဝင်နေတာ​ကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ငရုတ်ကောင်းက အရိုးတွေသန်မာစေဖို့ အားဖြည့်ပေးတဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကို ကောင်းစေပြီး  အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာအောင် ဂရုစိုက်တာက မိုးကာလမှာ ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောလိုမျိုး အစာခြေစနစ် ပြဿနာကို ကာကွယ်ရာရောက်ပါတယ်။ ကလေးကို ဟင်းခါးထဲမှာ ငရုတ်ကောင်းထည့်တိုက်ပေးတာမျိုး အသားဟင်း ချက်တဲ့အခါ ငရုတ်ကောင်း ထည့်ချက်တာမျိုး လုပ်ပေးလို့ရပါတယ်။

ကြက်သွန်ဖြူက ကိုယ်ခံအားကောင်းစေတယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာမလိုအောင်ပါပဲ။ ကလေးတွေကိုလည်း မိုးကာလမှာ ဖျားနာမှုကင်းစေချင်ရင် ကြက်သွန်ဖြူ ကျွေးပေးလို့ရပါတယ်။  ကြက်သွန်ဖြူက တုပ်ကွေးဖြစ်တာ၊ အအေးမိတာတွေကို သက်သာစေနိုင်သလို ကြီးထွားဖို့ အရှိန်ယူနေတဲ့ ကလေးတွေရဲ့ အရိုး ကျန်းမာရေးကိုလည်း အထောက်အကူ ပြုပေးပါသေးတယ်။

အသီးခြောက်တွေကလည်း ကလေးတွေကို မိုးရာသီမှာ ကျွေးမွေးသင့်တဲ့ အဆာပြေ စားစရာ တစ်မျိုးပါ။ အသီးခြောက်လေးတွေက အာဟာရ ပြည့်ဝသလို သွေးလည်ပတ်မှု ကောင်းစေပြီး ကိုယ်ခံအားကို အားဖြည့်ပေးလို့ ဖျားနာမှု ကင်းစေမှာပါ။ သကြားဓာတ်နည်းတာမျိုးတော့ ဖြစ်ရပါမယ်နော်။

ငှက်ပျောသီးက ကလေးတိုင်းကြိုက်တဲ့ အသီးတစ်မျိုးပါ။ ငှက်ပျောသီးမှာ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် ဗီတာမင် C ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် မိုးကာလမှာ ကလေးကျန်းမာစေဖို့ဆိုရင် ငှက်ပျောသီး ကျွေးပေးပါ။

အလှအပအတွက် အကျိုးများတယ်လို့ လူသိများတဲ့ သလဲသီးက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပြီး  ဆဲလ်တွေ ပျက်စီးမှု မရှိအောင် ကာကွယ်ပေးသလို အစာ​ကြေစေပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ သလဲသီးတစ်လုံးထဲမှာတင် တစ်နေ့တာလိုအပ်မယ့် ဗီတာမင် C ပမာဏ ၄၀ ရာခိုင်နှုန်းအထိပါဝင်နေပါတယ်။

ဒါ​ကြောင့် မိုးရာသီမှာ ကလေးကျန်းမာစေဖို့ဆိုရင် သလဲသီး ကျွေးပေးတာ သလဲသီးဖျော်ရည် တိုက်ပေးတာမျိုး လုပ်လို့ရပါတယ်။

သင်္ဘောသီးက  အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ် ကျန်းမာစေပြီး အူနံရံတွေကို အာရ ပြည့်ပြည့်ဝဝ စုပ်ယူနိုင်အောင် ထောက်ပံ့ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်တာ​ကြောင့် ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဒါကြောင့် ကလေးကို သင်္ဘောသီး ကျွေးတာ၊ ဖျော်ရည် ဖျော်တိုက်တာမျိုး လုပ်ပေးလို့ရပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Foods Kids Should Eat and Avoid in Rainy Season https://parenting.firstcry.com/articles/foods-kids-should-eat-and-avoid-in-rainy-season/ Accessed Date 4 June 2020

6 Immunity-Boosting Foods For Kids This Monsoon https://food.ndtv.com/food-drinks/6-immunity-boosting-foods-for-kids-this-monsoon-1724727 Accessed Date 4 June 2020

14 Healthy Monsoon Foods for Kids https://www.mylittlemoppet.com/14-healthy-monsoon-foods-for-kids/ Accessed Date 4 June 2020

ယခုပုံစံ

21/07/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိုးတွင်းမှာ ကိုယ့်ကလေး ကျန်းမာအောင် ဘာတွေ ကျွေးမွေးမလဲ

သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ



Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement