ထို့ကြောင့် နွေးထွေးသော အပြုံးကို တောက်ပနေအောင်ပြုံးကာ သင့်ကိုယ်သင် ကောင်းကောင်းမိတ်ဆက်ပါ။ ပထမဆုံးအမြင်ကို သူတို့အားပေးရန် ဒုတိယအခွင့်အရေးဆိုတာ ရှိလာမည်မဟုတ်။
· ထို့အပြင် မိထွေး ပထွေးများသည် ပထမဆုံးစတွေ့ချင်းအချိန်ကို အကြာကြီးယူပြီး ကလေးများကို ဖိအားများအောင် မလုပ်သင့်ပါ။ ထို့သို့ဆိုပါက ကလေးကို မသက်မသာ ခံစားစေရပြီး ချဉ်းကပ်ရ ခက်သွားစေနိုင်ပါသည်။
၂။ သူတို့အတွက် ကိုယ်ပိုင်နေရာပေးပါ။
· မိထွေးဖထွေးများက အိမ်ထောင်ဖက်၏ သားသမီးများနှင့် ဆက်ဆံရေးတွင် ကောင်းမွန်ပြီး ခိုင်မာသော ဆက်နွယ်မှုကို ရနိုင်သမျှ မြန်မြန်လိုချင်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။
သို့သော် ကလေးများအပါအဝင် လူတိုင်းအတွက် ကြီးမားသောဆုံးရှုံးမှုမှ စိတ်အခြေအနေ ပြန်ကောင်းလာစေရန် ကိုယ်ပိုင်အချိန်နှင့် နေရာကို လိုအပ်၏။ ထို့ကြောင့် စစတွေ့ချင်းအချိန်များတွင် သိပ်လှိုက်လှဲပြတာ ရင်းနှီးဖို့ဇွတ်ကြိုးစားတာမျိုး မလုပ်သင့်ကြောင်း လမ်းညွှန်ထားပါသည်။
သင်က တည်ငြိမ်သော နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို ထိန်းသိမ်းပေးပါ။ သို့သော် ကလေးမှ သူ့ဖက်က အဆင်သင့်မဖြစ်သေးကြောင်း မပြပဲနှင့် စည်းမကျော်မိပါစေနှင့်။ သူတို့တွေ ကြုံနေရသည်မှာ ခက်ခဲသောအချိန်များဖြစ်ပြီး သူတို့အပေါ်ကို ထပ်ပြီး ဖိအားမပေးတာက အကောင်းဆုံးဖြစ်ပါသည်။
၃။ သူတို့အား မိသားဝင်အစစ်အမှန်အဖြစ်မြင်ပါ။
· သင့်ရဲ့ လင်ပါမယားပါသားသမီးများကို ကောင်းမွန်စွာ ဆက်ဆံချင်မှာပါ။ သူတို့အပေါ်တွင် ကောင်းမွန်သော ထင်မြင်ချက်ကို ပေးချင်မှာပါ။ သူတို့ကြိုက်တတ်သည့် အစားအစာများ လုပ်ပေးခြင်း၊ သူတို့ပူဆာသမျှ ခွင့်ပြုခြင်းနှင့် သင့်အကြံဉာဏ်ကို ပေးဖို့ တွန့်ဆုတ်ခြင်းများ ဖြစ်တတ်ပါသည်။
တကယ်တမ်းတော့ ဒါတွေဟာ သူတို့ကို မိသားစုအပြင်မှ ဧည့်သည်တစ်ယောက်ကို ဆက်ဆံနေသလို ခံစားရစေပါသည်။ သင့်ရှေ့၌ သူတို့ကောင်းကောင်းမွန်မွန် ဆက်ဆံပြနိုင်သော်လည်း သူတို့၏ခံစားမှုများ လျှို့ဝှက်ချက်များကို မိဘရင်းသဖွယ် သင့်အား ဖွင့်ဟတိုင်ပင်လာမည်မဟုတ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။