backup og meta

ကိုယ့်ကလေး သွေးအားမနည်းစေဖို့အစားအသောက်တွေကို မေမေတို့ ဘယ်လိုပြင်ဆင်ပေးရမလဲ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကလေး သွေးအားမနည်းစေဖို့အစားအသောက်တွေကို မေမေတို့ ဘယ်လိုပြင်ဆင်ပေးရမလဲ။ ။

    သွေးအားနည်းရောဂါဆိုတာ ဘာလဲ။ ။

    • သာမန်ထက် သွေးနီ်ဥအရေအတွက် နည်းနေတာ ဒါမှမဟုတ်
    • သွေးနီဥတစ်ခုချင်းစီမှာ ဟီမိုဂလိုဘင် နဂိုရှိသင့်တာထက်နည်းနေရင် သွေးအားနည်းနေပြီလို့ ဆိုပါတယ်။

    သွေးအားနည်း ရောဂါက ဘာတွေကြောင့်ဖြစ်နိုင်တာလဲ။ ။

    သွေးအားနည်းရောဂါဖြစ်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။

  • ဖော်လစ်အက်စစ်နဲ့ ဗီတာမင်B12 ချို့တဲ့ခြင်းကြောင့် သွေးအားနည်းတာ
  • Thalassemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါ နဲ့
  • အဖြစ်အများဆုံးကတော့ သံဓါတ်ချို့တဲ့တာကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါတို့ဖြစ်ပါတယ်။ ။
  • ခုပြောပြချင်တာကတော့ ကလေးတွေမှာ အတွေ့ရအများဆုံးဖြစ်တဲ့ သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ အကြောင်းပဲဖြစ်ပါတယ်။

    သံဓါတ်က ကလေးအတွက် ဘာကြောင့်အရေးပါတာလဲ ။ ။

    သံဓါတ်က ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ အဆုတ်ထဲကအောက်ဆီဂျင်ကို ခန္ဓါကိုယ်တခြားအစိတ်အပိုင်းတွေဆီကို ပို့ဖို့ နဲ့ ကြွက်သားတွေကအောက်ဆီဂျင်သိုလှောင်ပြီးအသုံးချနိုင်ဖို့လည်း သံဓါတ်ကကူညီပေးပါတယ်။ သံဓါတ်အားနည်းတယ်ဆိုတာ အနည်းငယ်လောက်ကနေသွေးအားနည်းရောဂါအထိပြင်းထန်မှုအဆင့်ဆင့်ရှိပါတယ်။ ဒါကိုသေချာဂရုမစိုက်ရင် ကလေးရဲ့ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအားလုံးကို ထိခိုက်နိုင်ပါတယ်။

    အများအားဖြင့် –

    • လမစေ့၊ပေါင်မပြည့်ဘဲမွေးဖွားတဲ့ ကလေးတွေ
    • အသက်တစ်နှစ်မပြည့်ခင် နွားနို့ သို့မဟုတ် ဆိတ်နို့သောက်ခဲ့ရတဲ့ ကလေးတွေ
    • အသက် ၆ လနောက်ပိုင်း သံဓါတ် သို့မဟုတ် အာဟာရဓါတ်တွေပါဝင်တဲ့ဖြည့်စွက်အာဟာရတွေ မတိုက်ကျွေးထားတဲ့ကလေးတွေ
    • သံဓါတ်အားဖြည့်မထားတဲ့ နို့မှုန့်သောက်သုံးရတဲ့ကလေးတွေ
    • နွားနို့၊ ဆိတ်နို့ ဒါမှမဟုတ် ပဲနို့ကို အားဖြည့်သောက်သုံးနေတဲ့ အသက် ၁နှစ်မှ ၅ နှစ်အတွင်း ကလေးတွေ
    • နာတာရှည်ရောဂါအခြေအနေတစ်ခုခုရှိနေတဲ့ကလေးတွေ ဒါမှမဟုတ် အစားရှောင်နေရတဲ့ ကလေးတွေ
    • ခဲဓါတ်ထိတွေ့မှုရှိခဲ့ဖူးတဲ့ အသက် ၁ နှစ်မှ ၅ နှစ်အတွင်း ကလေးတွေ မှာ သံဓါတ်အားနည်းနိုင်တဲ့အန္တရာယ်ပိုများပါတယ်။

    ဘာလက္ခဏာတွေရှိလာမလဲ ။ ။

    သံဓါတ်အားနည်းမှုကြောင့်ဖြစ်တဲ့သွေးအားနည်းရောဂါ လက္ခဏာတွေက –

    ဘယ်လိုကာကွယ်ပေးမလဲ ။ ။

    ကလေးတွေမှာ သံဓါတ်အားနည်းခြင်းမဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်စီစဉ်ပေးတာသာ အကောင်းဆုံးဖြစ်မှာပါ။ ။ ဘယ်လို ကျွေးရမလဲဆိုတော့

    • အသားဓါတ်ရအောင် အမြဲစီစဉ်ပေးပါ။ အဆီမပါတဲ့ အနီရောင်အသားကို တစ်ပတ်သုံးလေးကြိမ်ထည့်ကျွေးပါ။ ပဲနီလေး အပါအဝင် ပဲအမျိုးမျိုး၊ ငါး၊ကြက်ဥနဲ့အစေ့အဆန်တွေလည်းကျွေးပါ။ ကလေးရဲ့တစ်နေ့တာအာဟာရထဲမှာ သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေပါဝင်နေဖို့ အရေးကြီးပါတယ်။
    • ဗီတာမင် C ကလည်း ခန္ဓါကိုယ်ကို သံဓါတ်စုပ်ယူမှုအားကောင်းအောင်ကူညီပေးနိုင်လို့ ဗီတာမင် C ပါတာတွေလည်း မကျန်ပါစေနဲ့။ လိမ္မော်သီး၊သံပုရာသီး၊ ဘယ်ရီသီးတွေ၊ ကီဝီ၊ ခရမ်းချဉ်၊ ပန်းဂေါ်ဖီစိမ်းတို့လို ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတွေကို နည်းနည်းလေးပဲဖြစ်ဖြစ် စားဖြစ်အောင်ကျွေးပါ။
    • သန်ကောင် လိုမျိုး အူတွင်းကပ်ပါးပိုးတွေကြောင့် သံဓါတ်အားနည်းတာဖြစ်နိုင်သလို ဝမ်းပျက်တာကြာရှည်ရာကနေ ကလေးရဲ့သံဓါတ်တွေဆုံးရှုံးသွားနိုင်တာလည်း သိထားသင့်ပါတယ်။ ကလေးကို သန်ချဖို့ ၊ အစာခြေစနစ်ကျန်းမာဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။
    • အစားကြေးများတဲ့ကလေးတွေက သူတို့စားတဲ့အစားအစာလေးတွေကနေ အာဟာရဓါတ်အပြည့်အစုံမရနိုင်ကြတာများပါတယ်။ ဒါ့ကြောင့် ကလေးအတွက်လိုအပ်တဲ့ ဗီတာမင်တွေနဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုအထောက်အကူပေးတဲ့ဖြည့်စွက်အာဟာရတွေ၊ နို့တွေ နဲ့ အားဆေးတွေ တိုက်ကျွေးမှ လိုနေတဲ့ဓါတ်တွေပြည့်ဝနိုင်မှာပါ။
    • အနီရောင်အသား၊ ဆယ်လ်မွန်၊ တူနာ၊ ကြက်ဥအနှစ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ ပါအောင် ကျွေးပါ။

    အကောင်းဆုံးအကြံပေးချက်များ။ ။

    • သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဗီတာမင်စီနဲ့ တွဲစားပေးတာက အလွယ်စုပ်ယူပေးဖို့ အားပေးပါတယ်။ မနက်စာ၊နေ့လည်စာနဲ့ ညစာတို့ကို အသီးအရွက်များများနဲ့ ဒါမှမဟုတ် လိမ္မော်ရည်ဖြင့် သုံးဆောင်သင့်ပါတယ်။
    • မနက်စာ၊ နေ့လည်စာ၊ ညစာတွေမှာ အသားဟင်းထည့်စားပေးတာက အသားမဟုတ်တဲ့အစားအစာတွေကနေ သံဓါတ်စုပ်ယူနိုင်မှုကို အားပေးနိုင်မှာပါ။
    • မနက်စာ၊ နေ့လည်စာ၊ ညစာတွေနဲ့ လက်ဖက်ရည်တွဲသောက်ခြင်းကို ရှောင်ကျဉ်ပါ။ လက်ဘက်ရည်က သံဓါတ်စုပ်ယူမှုကို လျော့နည်းစေလို့ပါ။ ဂျုံကြမ်းတွေကလည်း သံဓါတ်စုပ်ယူမှုကို နှောင့်ယှက်တတ်ပါတယ်။
    • ခုနောက်ပိုင်းဆို သံဓါတ်အားဖြည့်ထားတဲ့ အာဟာရနို့မှုန့်တွေလည်း အများကြီးရှိနေတဲ့အတွက် အစားသိပ်မစားတဲ့ကလေးတွေကို အာဟာရနို့မှုန့်တွေတိုက်ပြီး သံဓါတ်ချို့တဲ့တာကို ကာကွယ်လို့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement