backup og meta

အသစ်စက်စက် မေမေဖေဖေတို့ သိထားရမယ့် ဘေဘီလေးကို အနှီးထုတ်နည်း လမ်းညွှန်

အသစ်စက်စက် မေမေဖေဖေတို့ သိထားရမယ့် ဘေဘီလေးကို အနှီးထုတ်နည်း လမ်းညွှန်

ကလေးတစ်ယောက် ပျိုးထောင်ရတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အတွေ့အကြုံ မရှိသေးတဲ့ ဖေဖေမေမေတို့ဆိုရင် ပိုလို့တောင် ခက်ပါဦးမယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ချိန်ကစလို့ မွေးဖွားသည်အထိ ဂရုတစိုက်နေထိုင်ခဲ့ရတဲ့ မေမေတို့ နဲ့ ဘေးကနေ လိုလေသေးမရှိ ဂရုစိုက်ပေးတဲ့ ဖေဖေတို့ရေ ဘေဘီလေးကို မွေးဖွားပြီးတဲ့အခါ ဘယ်လို အနှီးထုတ်ရမလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်နော်။

ဘေဘီလေးက နုနယ်သေးတဲ့အချိန်မှာ အစစအရာရာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒီကာလမှာ အနှီးထုတ်တာကစလို့ ရေချိုး သန့်စင်ပေးတာအထိ အကုန်လုံးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီလိုပြောရတာက မေမေဖေဖေတို့ရဲ့ လုပ်ဆောင်မှု တစ်ချက်ချင်းစီတိုင်းက ဘေဘီလေးအပေါ်မှာ သက်ရောက်မှု ရှိနိုင်တာကြောင့်ပါ။

ဘေဘီလေးကို ဘယ်လို အနှီးထုတ်မလဲ

မွေးကင်းစ ဘေဘီလေးတွေကို အနှီးထုတ်တာက ရင်းနှီးကျွမ်းဝင်တဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဘေဘီလေးကို အနှီးထုတ်တာက ရှေးယခင်ကာလတွေကတည်းက လိုက်နာကျင့်သုံးခဲ့တဲ့ လုပ်ရိုးလုပ်စဉ် တစ်ခုပါ။ အနှီးထုတ်တာက ဘေဘီလေးကို နွေးထွေးစေပြီး ကောင်းကောင်း အိပ်ပျော်စေပါတယ်။

အနှီးထုတ်တဲ့အခါ လေဝင်လေထွက်ကောင်းတဲ့ ချည်သားလေးက အဆင်အပြေဆုံးပါ။ ဒီအနှီးပိတ်တွေကို သေချာ ပိုးသတ်သန့်စင် လျှော်ဖွတ်ထားဖို့ကတော့ လိုပါမယ်။ ဒါမှ ဘေဘီလေးရဲ့ အသားအရေကို ထိခိုက်မှု နည်းစေမှာဖြစ်သလို ပိုးမွှားတွေ အန္တရာယ်ကနေလည်း ကာကွယ်နိုင်မှာပါ။ အနှီးထုတ်တာက ဘေဘီလေးတွေကိုလည်း လုံခြုံမှု ရှိတယ်လို့ ခံစားရစေပါတယ်။ ဒီတော့ ဘေဘီလေးကို သေချာ အနှီးထုတ်တတ်ဖို့က မဖြစ်မနေသိထားသင့်တဲ့ အရာတစ်ခုပေါ့။ ဖေဖေက မသိရင်တောင် မေမေက သိထားဖို့လိုပါမယ်။

အနှီးထုတ်တဲ့အခါ အရေးအကြီးဆုံးက ဘေဘီလေး သက်သောင့်သက်သာဖြစ်နေစေဖို့ပါ။ အနှီးကို သက်သောင့်သက်သာလေး ထုတ်ပေးတာက ဘေဘီလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး အာရုံကြောတွေ ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အထောက်အကူပြုနိုင်ပါတယ်။ ဒီတော့ ဘေဘီ​လေးကို သက်တောင့်သက်သာဖြစ်အောင် အနှီးထုတ် ကြည့်ရအောင်လား……….

  • အရင်ဆုံး အနှီးပိတ်ကို ပြန့်ပြန့်လေး ဖြန့်ပါ။
  • အနားလေးတစ်ဖက်ကို တြိဂံပုံစံ မကျတကျ ခပ်စောင်းစောင်းလေး အတွင်းဘက်ကို ခေါက်လိုက်ပါ။
  • ပြီးရင် ဘေဘီလေးကို အနှီးပိတ်ပေါ် ပက်လက်အနေအထားလေး ထားပေးပါ။
  • ခေါင်းလေးကို တြိဂံပုံ မကျတကျ ခေါက်ထားတဲ့ အနှီးစလေးနဲ့ သိုင်းလိုက်ပါ။
  • ပြီးရင် ဘေဘီလေးရဲ့ ဘယ်ဘက်က အနှီးစကို ယူပြီး ဘေဘီလေးကို ထုတ်ပါ။ ခါးအောက်ဘက်ထဲကို အနှီးစလေး ထည့်ပါ။ ညာဘက်လက်ကို လွှတ်ထားပေးပါ။
  • ပြီးရင် ဘေဘီလေးရဲ့ ညာဘက်က အနှီးစလေးကို ယူပြီး ထုတ်လို့ အနှီးစလေးကို အပေါ်ကို ခေါက်လိုက်ပါ။ တင်ပါးဆီကို ခပ်ဖွဖွလေး ခေါက်လိုက်ပါ။
  • ပြီးရင် မျက်နှာလေးကို သေချာပေါ်အောင် အနှီးလေးကို မေးစေ့အောက်ကို သေချာလေး ဆွဲချပေးပါ။
  • အနှီးထုတ်တဲ့အခါ မပွမချောင် သပ်သပ်ရပ်ရပ်လေး ထုတ်ပေးပါ။ ဒီလိုပြောရတာက အနှီးကို ခပ်ပွပွထုတ်တဲ့အခါ ဘေဘီလေးက လွန့်ရင်းလူးရင်း အနှီးပြေပြီး မျက်နှာပေါ် အုပ်မိတဲ့အခါ မလိုအပ်ပဲ မွေးကင်းစကလေးငယ် ရုတ်တရက်သေဆုံးတာကို ဖြစ်စေနိုင်တာကြောင့်ပါ။
  • နောက်ဆုံး သတိထားရမယ့် တစ်ချက်က ဘေဘီလေးရဲ့ အနှီးကို ဓာတုပစ္စည်းတွေပါတဲ့ ဆပ်ပြာမှုန့်တွေနဲ့ လျှော်တာ၊ မဲနယ်တွေ ပြာနေအောင် စိမ်တာမျိုး မလုပ်ပါနဲ့။ ဘေဘီလေးရဲ့ အသားအရေကို ထိခိုက်စေနိုင်တာကြောင့်ပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

A Guide for First-Time Parents https://kidshealth.org/en/parents/guide-parents.html Accessed Date 28 May 2020

Baby 101: a guide for first-time parents https://babyology.com.au/baby/care/baby-101-guide-first-time-parents/ Accessed Date 28 May 2020

Baby Care 101 for First-Time Parents https://www.whattoexpect.com/first-year/baby-care/baby-care-101/landing.aspx Accessed Date 28 May 2020

ယခုပုံစံ

20/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးတွေ အရမ်းအိပ်တာ ဒါ့ကြောင့်ပါ

ဘေဘီလေးအတွက် Diaper ဝယ်တဲ့အခါ သတိထားသင့်တဲ့အချက်အချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement