backup og meta

မျှဝေပါ။

မှန်ကန်သော ကလေးနို့တိုက်တဲ့ပုံစံ ဆိုတာဘာလဲ

မိခင်အသစ်စက်စက်လေးတွေ အတွက်ကလေးကို နို့တိုက်ရခြင်းဟာ အလွန်ခက်ခဲမှာပါ။ ပုံစံအနေအထားမမှန်ကန်ပါက မိခင်ရောကလေးကိုပါ ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေမှာပါ။ အကယ်၍ သင့်မှာအတွေ့အကြုံမရှိသေးဘူးဆိုရင်တော့ မှန်ကန်တဲ့နို့တိုက်တဲ့ပုံစံကဘာလဲ ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာကြည့်ရအောင်လား။

၁။ မှန်ကန်တဲ့နို့တိုက်တဲ့ပုံစံဆိုတာဘာလဲ

မှန်ကန်တဲ့နို့တိုက်တဲ့ပုံစံမှာ နို့သီးခေါင်းနဲ့ သူ့ဘေးပတ်လည်က ပန်းနုညိုရောင်သန်းနေတဲ့ အဝိုင်းကွက်လေး ပါဝင်ရပါမယ်။ ထိုအကွက်လေးဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အရောင်ရင့်လာပြီး ကြက်သီးထသကဲ့သို့ ဗြုတ်လေးတွေ ထလာပါတယ်။ ထိုသဘာဝတရားအရဖြစ်ခြင်းက ကလေးငယ်လေးကို နို့သီးခေါင်းကိုတင်မဟုတ်ဘဲ သူ့ဘေးပတ်လည်က အညိုကွက်လေးကိုပါ စို့ရမယ်ဆိုတဲ့ အသိကိုဖြစ်စေပါတယ်။ မိခင်နို့ရည်ဟာ နို့သီးခေါင်းမှာရှိတဲ့ အပေါက်ငယ်လေးတွေက ထွက်လာတာပါ။ ဒါပေမဲ့သူ့ဘေးပတ်လည်က အညိုကွက်လေးနဲ့ သူ့အောက်က နို့သိုလှောင်ရာနေရာလေးတွေကို ဖိအားသက်ရောက်ပေးဖို့လိုပါတယ်။ ထို့သို့မလုပ်ပေးပါက မိခင်နို့ရည်လည်း ထွက်လာမှာ မဟုတ်တော့ပါဘူး။

၂။ မှန်ကန်တဲ့ နို့တိုက်တဲ့ပုံစံဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ

မိခင်ဖြစ်သူဟာ လက်တစ်ဖက်ကိုသုံးပြီး ကလေးငယ်ကိုမှန်ကန်တဲ့ အနေအထားရောက်အောင် လုပ်ပေးပါ။ ကျန်လက်တစ်ဖက်နဲ့ ရင်သားကို ထိန်းကိုင်ထားရပါမယ်။

လက်မကို ကလေးငယ် နှာခေါင်းလာထိနေမယ့် နို့သီးခေါင်းနဲ့သူ့ဘေးပတ်လည်ကအညိုကွက်လေးအပေါ်မှာထားလိုက်ပါ။ လက်ညိုးကိုကလေးငယ်ရဲ့မေးစေ့လာထိနေမယ့် နေရာမှာထားပါ။ မိခင်ဟာ ကလေးငယ်လေး နို့စို့ဖို့ ပါးစပ်နဲ့အဆင်ပြေတဲ့ပုံစံဖြစ်အောင် နို့အပေါ်ကို အနည်းငယ်ဖိပေးရပါမယ်။

ကလေးငယ်ကိုမိခင်နို့နဲ့နီးကပ်အောင်ထားပါ။ ကလေးငယ်ကိုပါးစပ်ဖွင့်စေပြီးမိခင်နို့ရှိရာဘက်ကိုမျက်နှာမူပေးလိုက်ပါ။ မိခင်နို့နဲ့ ကလေးနှုတ်ခမ်းထိတဲ့အခါ ပါးစပ်ကျယ်ကျယ် ဟတတ်အောင် ကလေးငယ်ကို ကျင့်ပေးပါ။ မိခင်ရဲ့နို့သီးခေါင်းနဲ့သူ့ဘေးပတ်လည်က အညိုကွက်လေးကို ကလေးပါးစပ်ထဲရောက်အောင် လုပ်ပေးပါ။ ထိုသို့လုပ်ရာတွင် ကလေးငယ်လန့်မသွားအောင် ညင်ညင်သာသာလုပ်ဖို့လိုပါတယ်။ အစပိုင်းမှာ ကလေးငယ်ရဲ့ပါးစပ်က အညိုကွက်လေးကို အပြည့်အဝ ဖုံးအုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကလေးငယ်ရဲ့ပါးစပ်ထဲမှာမိခင်နို့ရဲ့နို့ရည်ထုတ်ပေးတဲ့ အရေးကြီးတဲ့အပိုင်း ရှိနေလို့အဆင်ပြေစေမှာပါ။

မှန်ကန်တဲ့ နို့တိုက်တဲ့ပုံစံဆိုတာ ကလေးရဲ့မေးစေ့နဲ့ နှာသီးဖျားလေးက မိခင်ရဲ့ရင်သားနဲ့ထိနေရမှာပါ။ ငါးတစ်ကောင်ကဲ့သို့ ကလေးပါးစပ်က မိခင်နို့ကို အပြည့်အဝဖုံးအုပ်နိုင်ရမှာပါ။ မိခင်နို့ထိပ်ပိုင်းလေးကို ကလေးပါးစပ်ကထိရုံလေးပဲ မဖြစ်စေရပါဘူး။ နောက်ဆုံးမှာ ကလေးငယ်ကို ကိုယ့်ဘာသာမိခင်နို့စို့တတ်ပါစေ။ မိခင်ကနို့တိုက်ဖို့ပုံစံအနေအထားလုပ်ပေးလိုက်တာနဲ့ ကလေးငယ်က ဘာဆက်လုပ်ရမယ်ဆိုတာ သိနေရမှာပါ။

ကလေးငယ်ကို နို့တိုက်ရာမှာ မှန်ကန်တဲ့ပုံစံအနေအထားရှိဖို့က အရေးအကြီးဆုံးပါပဲ။ မှန်ကန်တဲ့နို့တိုက်တဲ့ပုံစံမဟုတ်ပါက မိခင်နို့ရှိနို့ထုတ်ပြွန်တွေက နို့ထုတ်ပေးမှာမဟုတ်ပါဘူး။ ဒါဆို ကလေးငယ်ဟာကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့မိခင်နို့ကို လုံလောက်စွာမရနိုင်တော့ပါဘူး။ ဒါ့အပြင် မိခင်နို့ဘေးပတ်လည်ရှိ အညိုကွက်လေးမှာအက်ကွဲခြင်းတွေဖြစ်ပြီး ပြင်းထန်တဲ့နာကျင်မှုကို ခံစားရမှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poor Breastfeeding Latch. http://www.whattoexpect.com/poor-breastfeeding-latch.aspx

Assessed November 7, 2016

ယခုပုံစံ

03/06/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement