backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Flatfeet (ခြေပြားခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Flatfeet (ခြေပြားခြင်း) ကဘာလဲ။

ခြေဖဝါးအလယ်ပိုင်းခွက်နေခြင်းမရှိပဲ ပြားနေသော အခြေအနေကို ခြေပြားခြင်းဟုခေါ်သည်။ ထို့ကြောင့် မတ်တပ်ရပ်သည့်အခါ ခြေဖဝါးနှင့်ကြမ်းပြင် တစ်ပြေးတည်းဖြစ်နေပါမည်။

Flatfeet (ခြေပြားခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အဖြစ်များ၏။ အချက်အလက်များကို ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Flatfeet (ခြေပြားခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခြေပြားခြင်း၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ-

လူအများစုတွင် လက္ခဏာပြသည်များမရှိပါ။ သို့သော် တစ်ချို့ခြေပြားသူများတွင် ခြေထောက်နာခြင်း အထူးသဖြင့် ဖနောင့်နှင့် ဖဝါးခွက်အတွင်းနာခြင်းတို့ ဖြစ်တတ်၏။ လှုပ်ရှားလျှင် နာကျင်မှုပိုဆိုးတတ်သည်။ ခြေကျင်းဝတ်အတွင်းတွင် ဖူးယောင်ခြင်းများလည်း ဖြစ်တတ်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

ခြေဖဝါးများနာခြင်း၊ ကိုယ့်နှင့်အံကိုက်ဖြစ်သည့် အထောက်အပံ့ပေးရှူးများစီးလျှင်တောင် နာခြင်း

ဖိနပ်အကုန်မြန်ခြင်း

ခြေဖဝါးများ ပိုပိုပြားလာသည်ဟုထင်ရခြင်း

ခြေဖဝါးများအားနည်း ထုံကျင် တောင့်တင်းခြင်း

အကြောင်းရင်းများ

Flatfeet (ခြေပြားခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တစ်နှစ်သားအရွယ် လမ်းလျှောက်စအရွယ်များတွင် ခြေဖဝါးခွက် ကောင်းကောင်းမဖွံ့ဖြိုးသေးကြောင့် ခြေပြားခြင်းမှာ ပုံမှန်ဖြစ်သည်။ လူအများစုမှာ ကလေးအရွယ်တစ်လျှောက်လုံး ခြေခွက်များဖွံ့ဖြိုးလာကြ၏။ သို့သော် တစ်ချို့တွင်တော့ ခြေခွက်များ လုံးဝဖြစ်မလာကြပါ။ ထိုအမျိုးအစားမှ ခြေဖဝါးအမျိုးအစားတစ်ခုဖြစ်ပြီး ခြေခွက်မရှိသော လူများမှာလည်း ပြဿနာရယ်လို့ မဖြစ်တတ်ပါ။

တစ်ချို့ကလေးများတွင်တော့ ကွေးဆန့်လွယ်သည့် ခြေခွက်မျိုး ရှိတတ်ကြသည်။ ထိုင်နေလျှင်ဖြစ်စေ ခြေဖျားထောက်လျှင်ဖြစ်စေ ခြေခွက်ကို မြင်ရသော်လည်း မတ်တပ်ရပ်လိုက်လျှင် ပျောက်သွားတာမျိုးဖြစ်သည်။ ကွေးဆန့်လွယ်သော ခြေခွက်ရှိကလေးများမှာလည်း ပြဿနာမရှိပဲ ကြီးပြင်းသွားကြမည်ဖြစ်သည်။

ခြေခွက်များမှာ အချိန်ကြာသည်နှင့် ပျောက်သွားတတ်တာမျိုးလည်း ဖြစ်နိုင်၏။ နှစ်ပေါင်းများစွာအထပ်ထပ်ထိခိုက်မှုဖြစ်ရခြင်းကြောင့် ခြေကျင်းဝတ်နှင့် ခြေခွက်ကိုထောက်ပံ့ပေးသည့် အရွတ်များအားနည်းရာမှ ပျောက်သွားတတ်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Flatfeet (ခြေပြားခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ခြေပြားခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • အဝလွန်ခြင်း
  • ခြေထောက်နှင့် ခြေကျင်းဝတ်အား ထိခိုက်မိခြင်း
  • လေးဖက်နာကဲ့သို့ အဆစ်ရောင်ခြင်း
  • အသက်ကြီးခြင်း
  • ဆီးချို

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Flatfeet (ခြေပြားခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင်ခြေထောက်ဖွဲ့စည်းပုံကို သိရှိနိုင်ရန်အတွက် ဆရာဝန်မှာ အရှေ့အနောက်ပုံစံအမျိုးမျိုးကို လေ့လာကြည့်ရှု့ပါလိမ့်မည်။ ခြေဖျားထောက်ခိုင်းပြီး ကြည့်ရှုတာမျိုးလည်း လုပ်နိုင်ပါသည်။ သင်ဝတ်သည့် ဖိနပ်ပုံစံကိုပါ ကြည့်လျှင်ကြည့်ပါလိမ့်မည်။

ပုံရိပ်ဖော်စစ်ဆေးခြင်းများ

ခြေထောက်တွင် ပြင်းပြင်းထန်ထန်နာကျင်နေသည် ဆိုပါက ဆရာဝန်မှ အောက်ပါစစ်ဆေးမှုများကို လုပ်ပါလိမ့်မည်။

ဓါတ်မှန် – ရိုးရိုးဓါတ်မှန်သည် သင့်ခြေထောက်ရှိ အရိုးနှင့်အဆစ်များအား ပုံရိပ်ပေါ်အောင် ဓါတ်ရောင်ခြည်နည်းနည်းဖြင့် ရိုက်ကြည့်ခြင်းဖြစ်သည်။ ၎င်းသည် အဆစ်ရောင်ခြင်းများကို ကြည့်ရာတွင် အထူးအသုံးဝင်သည်။

ကွန်ပျူတာဓါတ်မှန် – ၎င်းမှာ ရိုးရိုးဓါတ်မှန်ထက် ပိုအသေးစိတ်ကျပြီး ရှု့ထောင့်အမျိုးမျိုးမှ ရိုက်ယူသော ဓါတ်မှန်ဖြစ်သည်။

တီဗီဓါတ်မှန် – ဆရာဝန်သည် အရွတ်ကိုထိခိုက်ကြောင်း သံသယရှိပါက ခန္ဓါကိုယ်တွင်းရှိ တစ်ရှူးပျော့များ၏ပုံရိပ်ကို ဖမ်းယူနိုင်သည့် အသံလှိုင်းဓါတ်မှန်ကို ရိုက်ခိုင်းမည်ဖြစ်သည်။

သံလိုက်ဓါတ်မှန် – ဓါတ်ရောင်ခြည်နှင့် သံလိုက်ပြင်းကိုအသုံးပြုသောဓါတ်မှန်ဖြစ်ပြီး တစ်ရှူးပျော့ တစ်ရှူးမာ နှစ်မျိုးလုံးကို အသေးစိတ် ပုံရိပ်ဖော်နိုင်ပါသည်။

Flatfeet (ခြေပြားခြင်း) ကို ဘယ်လိုကုသပါသလဲ

နာကျင်မှုမဖြစ်လျှင် ကုသရန်မလိုအပ်ပါ။

ကုထုံးများ

ခြေပြားခြင်းက နာကျင်မှုကိုဖြစ်စေလျှင် အောက်ပါတို့ကို ဆရာဝန်မှ အကြံပြုပါလိမ့်မည်။

ခြေခွက်ထိန်းပစ္စည်းများ (Orthotic devices) – အလွယ်ဝယ်ယူနိုင်သော ထိုပစ္စည်းများမှာ ခြေပြားခြင်းကြောင်းဖြစ်သောနာကျင်မှုကို သက်သာစေပါသည်။ သို့မဟုတ် ကိုယ့်နှင့်ကိုက်မည့် ခြေခွက်ထိန်းပစ္စည်း (ကိုယ့်ခြေပုံစံအတိုင်း ပုံသွင်းခြင်း) ကို သုံးရန် ဆရာဝန်မှ အကြံပြုနိုင်ပါသည်။ ၎င်းပစ္စည်းများမှာ ခြေပြားခြင်းကို အရှင်းပျောက်စေသည်မဟုတ်ပဲ လက္ခဏာများကို လျော့ချရန်ဖြစ်သည်။

အကြောလျော့လေ့ကျင့်ခန်းများ – ခြေပြားသော တစ်ချို့လူများတွင် တိုတောင်းသော အာခိလိအရွတ် ရှိနေတတ်သည်။ ထိုအရွတ်အား ဆွဲဆန့်သော လေ့ကျင့်ခန်းများလုပ်ခြင်းက အထောက်အကူရနိုင်ပါသည်။ ကိုယ့်ခြေထောက်ပုံစံကို အထောက်အပံ့ပေးနိုင်မည့် ရှုးဖိနပ်များက ကြိုးသိုင်းဖိနပ်များထက် ပိုသက်သောင့်သက်သာ ရှိပါလိမ့်မည်။

ရုပ်ပိုင်းဆိုင်ရာကုထုံး – ခြေပြားခြင်းမှာ ထပ်ခါထပ်ခါ ထိခိုက်မိတတ်သော အပြေးသမားတစ်ချို့တွင် အဖြစ်များသည်။ ကုထုံးဆရာမှ သင်ပုံစံကျကျနှင့် နည်းမှန်မှန်ပြေးနိုင်ရန်အတွက် ခွဲခြမ်းစိတ်ဖြာပေးသော ဗီဒီယိုတစ်ခု ပြုလုပ်ပေးနိုင်ပါသည်။

ခွဲစိတ်ခြင်း – ခွဲစိတ်ခြင်းက ခြေပြားခြင်းကို ကောင်းအောင်လုပ်မပေးနိုင်ပါ။ သို့သော် အရွတ်ပြဲခြင်း ကွဲခြင်းတို့လို ပြဿနာများရှိလျှင်တော့ ခွဲစိတ်ရမည်ဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခြေပြားခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခြေပြားခြင်းကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

အနားယူပါ။ သင့်အခြေအနေကို ဆိုးဝါးစေသည့် လှုပ်ရှားမှုမျိုးကို မပြုလုပ်ပါနှင့်။ ပြေးခြင်း ခုန်ခြင်းများအစား ဒဏ်နည်းစေမည့် လှုပ်ရှားမှုမျိုး ဥပမာ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးတာမျိုး ပြုလုပ်ပါ။

ခြေခွက်ထိန်းပစ္စည်းများ – အလွယ်ဝယ်ယူနိုင်သော ခြေခွက်ထိန်းပစ္စည်းများက သင့်အတွက် သက်တောင့်သက်သာရှိစေပါလိမ့်မည်။

ဆေးများ – အလွယ်ဝယ်ယူရနိုင်သည့် အကိုက်အခဲပျောက်ဆေးများကို သောက်နိုင်ပါသည်။

ကိုယ်အလေးချိန်လျော့ပါ – ဝိတ်ချခြင်းက ခြေထောက်တွင်ဖြစ်နေသော ဒဏ်ကို လျော့ချစေပါလိမ့်မည်။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement